အပိုင်း(10) uni-zaw

626 41 1
                                    

💞နှလုံးသားနဲ့ရင်း၍💞(10)

ဒီနေ့သိမ့်အေမီနဲ့အတူ shopping mallကိုရောက်နေတာဖြစ်သည် လိုအပ်တာလေးနဲနဲ၀ယ်ဖို့ရယ် အဓိကအကြောင်းကတော့ မောင့်ကြောင့်ပါပဲ မောင်တစ်ယောက်စာမေးပွဲနီးမှဖျားတော့ သိမ့် အေမီနဲ့အတူမောင်တို့အိမ်ကိုသွားပြီးလူနာသတင်းသွားမေးရမှာဖြစ်၍စိတ်ထဲတော့နဲနဲစိုးရိမ်နေတာပင် မောင့်မာမီကိုသိမ့်အနေနဲ့တစ်ခါလောက်သာတွေ့ဖူး၏ အဲတာကလည်း ​ကျောင်းစုံညီပွဲတွင်သာအဝေးကမြင်ဖူးခြင်းပါ ....သိမ့်မသွားရဲဘူးဟုချင့်ချိန်နေပေမဲ့မောင်ကဖြင့်အတင်းလာပါဟူ၍တောင်းဆိုနေတာပင် 'သိမ့်မျက်နှာလေးကိုမြင်ဖူးချင်လို့တဲ့....'မောင်ကပိုနေ၏ ဒါကြောင့်လည်း မောင့်အတွက်သင့်တော်မည့်မုန့်နည်းနည်းရယ် မောင်တို့အိမ်သားတွေအတွက်ကောင်းတာလေးတစ်ခုခု၀ယ်သွားဖို့ စျေး၀ယ်ထွက်လာတာဖြစ်၏ ၀ါ၀ါလင်းကတော့ သူ့မားသားကြီးနဲ့အမျိုးအလှူပွဲကိုလိုက်ပါသွားတာကြောင့်သိမ့်တို့နဲ့မလိုက်လာဖြစ်ပေ ....

သိမ့် အိမ်မှာမနက်စာစားနေကျကိတ်မုန့်ကလည်းကုန်နေတော့သိမ့် မုန့်စျေးတန်းဖက်သွားကာ၀ယ်နေလိုက်၏ အေမီကတော့ဘာတွေရွေး၍ရွေးနေမှန်းမသိပေ ....သိမ့်နဲ့တော့နဲနဲအကွာတွင်သာ...
သိမ့် မုန့်ရွေးနေတုန်း မထင်မှတ်ပဲအဝေးကစုံတွဲတစ်တွဲဆီကိုအကြည့်ရောက်သွားခဲ့၏  ထိုစုံတွဲတွင်သက်လတ်ပိုင်းကိုယ်၀န်ဆောင် မိန်းမကြီးတစ်ဦးနဲ့ဘေးကတော့သူ့ရဲ့အမျိုးသားပါပါ၏ ထိုအမျိုးသားကတော့ အထုပ်တွေတပွေ့တပိုက်နဲ့ပါ ငွေရှင်းကာ ဆိုင်ထဲမှထွက်ဟန်ပြုနေ၏ ထိုအမျိုးသမီးကတော့သူ့အမျိုးသားလက်ကိုတွဲကာ သူ့အမျိုးသားမျက်နှာကိုကြည့်လိုက်စကားပြောလိုက်နဲ့ရယ်မောနေပုံပါတော်တော်လေးပျော်ရွှင်နေတဲ့ပုံပါ  ဒါမဲ့အဲတာကပုံမှန်ပဲမဟုတ်လား သိမ့်အတွက်အရေးမကြီးပေမဲ့ ထိုမိန်းမကြီးဘေးမှအမျိုးသား၏နောက်ကျောသည်
သိမ့်ဖေကြီးနဲ့ဆင်နေဟန်တူ၏ ကိုယ်လုံးကိုယ်ဟန်အရပ်အမောင်းပြီးတော့သွားလာပုံအပြုအမူက
ဖေကြီးနဲ့တစ်ပုံစံတည်းပင်   သိမ့်မုန့်ထုပ်ရွေးရင်းတန်းလန်း  ထိုစုံတွဲထွက်သွားသည်အထိငေးကြည့်နေမိသည်နောက်ကျောကကြည့်လိုက်ရင်ဖြင့် တကယ့်ဖေကြီးမှဖေပြီးအစစ်ပါ 'ဖေကြီးများလား  ဒါမဲ့ ဖေကြီးက မန္တလေးမှာပဲရှိနေမှာမဟုတ်ဖူးလား ဖေကြီးက
တနေကုန်ဆေးရုံမှာပဲအချိန်ကုန်နေသူပါ ပြီးတော့တကယ်ဖေကြီးအစစ်ဆိုရင်ကော ဘေးနားကကိုယ်၀န်ဆောင်အမကဘယ်သူဖြစ်နိုင်မလဲ!!အာ မဟုတ်တာ အတွေးလွန်နေပြန်ပြီ ..ဖေကြီးဖြစ်နိုင်စရာအကြောင်းမှမရှိပဲ' နာမည်တူမရှားလူတူမရှားပဲလေ

     💞နှလုံးသားနဲ့ရင်း၍💞Where stories live. Discover now