အပိုင်း(5) uni-zaw

732 34 2
                                    

  💞နှလုံးသားနဲ့ရင်း၍💞 (5)

ညနေဖက်အလုပ်မှပြန်ရောက်တော့ သူရိန်မင်းမောင် ရေချိုးခေါင်းလျှော်လိုက်ကာ တဘက်တစ်ထည်ပတ်ပြီးရေချိုးခန်းထဲမှထွက်လာလိုက်သည် ကိုယ်လုံးပေါ်မှန်ရှေ့ကိုယ့်ကိုကိုယ်ကြည့်ကာ ခေါင်းကိုရေသုတ်လိုက် ပြီး ကိုယ့်ရုပ်ကိုယ်သေချာကြည့်လိုက်၏ ဆံပင်တွေတောင်နဲနဲရှည်လာပြီပဲ  ကျောင်းပြီးကတည်းထုချိန်ထိကထပ်မညှပ်ဖြစ်သေးတာမို့ပါ

"တူ!!တူ!! တူ!!တူ!!

ကုတင်ပေါ်မှာထားသေား သူရိန်မင်းမောင်ရဲ့ဖုန်းသံမြည်လာတော့ သူရိန်မင်းမောင်ဖုန်းကိုလှမ်းယူကာကြည့်လိုက်၏ 
unknown numberတဲ့ ....

"ဟယ်လို!!"

တစ်ဖက်မှဘာအသံမှမကြားရပေ
"......"

"ဟယ်လို!"

တီ တီ တီ

ဖုန်းပြန်ကျသွားတော့သူကြောင်၍ကြည့်နေမိကာ ...ဘယ်သူများလဲ   ဟာ  မဟုတ်မှလွဲ သူမများလား .... သူရိန်၀မ်းသားအားရဖြင့် ခုနားကဖုန်းကိုပြန်ခေါ်လိုက်၏...

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်!"

"ကျစ်!! ဘာလဲဟ!!"

"သားရယ် ထမင်းစားတော့မယ်နော် မြန်မြန်ဆင်းလာခဲ့တော့!"

အပြင်ကနေ မာမီ့အသံကြောင့် သူရိန်မင်းမောင် ဖုန်းကိုကုတင်ပေါ်ကောက်တင်ပြစ်လိုက်၏

"ဟုတ် မာမီ လာပြီ!"

သူရိန် အားကစားဘောင်းဘီရှည်နဲ့ ဟူဒီတစ်ထည်ကိုအမြန်ကောက်စွပ်ကာ အောက်ထပ်ဆင်းလာခဲ့တော့သည် ...
ထမင်းစားခန်းရောက်တော့ မာမီနဲ့ဦးလေးကအဆင်သင့်ထိုင်နေကြပြီဖြစ်သည် သူရိန်မင်းမောင်လည်း
မာမီ့ဘေးက ခုံမှာ၀င်ထိုင်လိုက်၏

"ဆောရီးပါ ကျွန်တော်နည်းနည်းနောက်ကျသွားတယ်ဗျ!"

မာမီကသူရိန်မင်းမောင် ပန်းကန်ထဲ ဟင်းထည့်ပေးလေ၏

"ဒီနေ့အလုပ်ထဲလိုက်သွားတာ ဘယ်လိုလဲသား !"

"အဆင်ပြေပါတယ်မာမီ! ကျွန်တော်ကဘေးကကြည့်နေရုံပါပဲအဟွင်း!"

     💞နှလုံးသားနဲ့ရင်း၍💞Où les histoires vivent. Découvrez maintenant