အပိုင်း(7) uni-zaw

752 36 1
                                    

💞နှလုံးသားနဲ့ရင်း၍💞(7)

"နင်တို့နှစ်ယောက် ငါ့ကိုစိတ်မဆိုးဘူးမှတ်လား !"

"ဆိုးတယ် ဆိုးတယ် နင်လျှိုထားလို့!"

"အဟင်း ဆောရီးပါဟာ ငါပြောရမှာရှက်လို့ပါ ငါကရီးစားမထားဘူးဆိုပြီးနင်တို့နှစ်ယောက်ရှေ့ မော်ကြွားထားတော့!"

သိမ့် တို့သူငယ်ချင်းသုံးယောက် ကော်ဖီဆိုင်ထိုင်ရင်း သိမ့် အေမီမောင်နဲ့ဝါဝါလင်းအားအကြောင်းစုံပြောပြလိုက်၏ ....

"အဟွန်း နင်အခုဘဲရသွားတယ်ဆိုပါစို့  မိသိမ့် နင့်အကြောင်းတွေသာကျောင်းအုပ်ကြီးသိရင်တော့ဖြင့်လေ  ဟင်းဟင်း !"

"အဟွင်း သေချာပေါက်ငါအဆူခံရမှာပေါ့ဟ ကိုယ်ချစ်တဲ့သူနဲ့တွေ့တော့မတိုင်တော့ဘူးလားဆို ပြီးတော့လေ ဒါတင်ဘယ်ကမလဲ ဖေကြီးဆီပါရောက်ပြီးတစ်အိမ်လုံးသိသွားကြတော့မှာ!"

"ဒါနဲ့ အဲတစ်ယောက်ကရော တကယ်မထင်ရဘူးနော် သူပဲ နင်နဲ့တုဖက်ပြီးရန်ဖြစ်ပြီးတော့!"

ဝါဝါလင်းက၀င်ပြောတော့ သိမ့် ရီနေလိုက်၏

ဟုတ်ပ အချစ်ကဆန်းကျယ်လိုက်တာ.... အမုန်းပြီးတော့အချစ်လား...

"မိသိမ့် နင်စာတော့ကျက်ရမယ်နော် အဲအကြောင်းတွေချည်းခေါင်းထဲတွေးနေလို့မရဘူးသိတယ်မလား!"

"အွင်းပါ အေမီရ ငါနားလည်ပါတယ် အဲလောက်လည်းငါသူ့ကို့သဘောကျမနေပါဘူး"

"အံမယ် သေချာလို့လား နင့်ပုံစံက ဟွန့်
မာနသခင်မက ဘဲရသွားတဲ့အထိမ်းအမှတ်လား ဒီနေ့ကော်ဖီဒိတ်က !"

"ဟွင်းဟွင်း မဟုတ်ပါဘူးဆိုဟာ ငါနင်တို့နဲ့မတွေ့ရတော့ဘူးလား ဒါမဲ့ ငါသူ့ကိုတကယ်ချစ်မိသွားတယ်ဆိုတာတော့ဝန်ခံပါတယ် ငါဘယ်ယောက်ျားကိုမှမကြိုက်ဖူးဘူးလေ သူကငါရဲ့ အချစ်ဉီးသူပြောတာတော့  ငါကလည်းသူ့ရဲ့အချစ်ဉီးပါတဲ့!"

"အံမယ် တကယ်ရီးပေါ့ မိသိမ့်နင်ကအချစ်ဉီးကို ၉တန်းနှစ်မှာတွေ့တာပေါ့နော် ဟီးဟီးငါ့တို့ကျဘယ်တော့တွေ့မလဲမသိဘူး!"

"အဝါမ နင် အောင်ပြည့်ကျော်ကိုပြန်ကြိုက်လိုက်ရင် နင်အခုလည်းတွေ့ပါတယ် ဟားဟား!"

     💞နှလုံးသားနဲ့ရင်း၍💞Where stories live. Discover now