အပိုင်း(8) uni-zaw

522 28 0
                                    


💕နှလုံးသားနဲ့ရင်း၍💕
(8)

ဒီနေ့နဲ့ဆိုသိမ့်တို့နှစ်ယောက်ဖုန်းမပြောဖြစ်တာ ၂ပတ်ရှိသွားပြီဖြစ်သည် သိမ့်ဖက်ကလည်းတကူးတကမဆက်သလို မောင့်ဘက်မှလည်းဖုန်းမဆက်ချေ ယောကျ်ားကဘေးဖြစ်တဲ့သူ့ဘက်ကအရင်မင်မဆက်ပဲသိမ့်ကတကူးတကကြီးလုံး၀မဆက်ပါ  ...
ကျောင်းတွင်လည်းနှစ်ယောက်သားမတွေ့ပဲ မောင်ကတော့သိမ့်တို့အဆောင်ဘက်နားသို့ယောင်၍တောင်ပေါ်မလာခဲ့ ပြောတော့ ချစ်လှပါချေရဲ့ဆိုပြီး ဟင်း ယောကျ်ားတွေများ တကယ်တတ်လည်းတတ်နိုင်ကြပေတယ် ခုတော့နေနိုင်ပြီပေါ့ အသစ်တွေ့လို့အဟောင်းမေ့သွားတာလား ဒါမှမဟုတ်ဟိုကဖျော်တိုက်လိုက်တဲ့အရည်တွေသောက်ပြီး အဲတစ်ယောက်ဘက်ကိုပါသွားတာလားမပြောတတ်....

"ဟေ့ မိသိမ့် !"

"အင် ဟင်! ဘာလဲ!"

သိမ့် ညနေဖက်အချိန် ဘောဂဆရာ၀င်မလာ၍ သချ်ာတွက်နေရင်းအတွေးလွန်နေတာပင် အေမီမောင်ခေါ်တာကိုဂရုပင်မထားမိ

"နင်ဘာတွေအတွေးလွန်နေတာလဲ ငါခေါ်နေတာကြာပြီကို  စာကြည့်တိုက်ဘက်လိုက်မလား ငါတို့သွားမလို့!"

"ခုလား !!"

"အင်းပေါ့ ဆရာမ၀င်တော့ဘူးတဲ့အဲတာ ကာတွန်းသွားဖတ်မလို့!"

"အချစ်၀တ္ထုမဟုတ်ဘူးလား !စကားလှအောင်ပြောနေပြန်ပြီ!"

အ၀ါမကစကားလိုက်၍စလေ၏

"အဟွင်း အဲတာလည်းပါတာပေါ့! ကဲပါသွားရအောင်လို့ !"

"ပြီးရောလိုက်ခဲ့မယ်!"

သိမ့်စာအုပ်ကိုသိမ်းကာခုံပေါ်တွင်တင်ထားခဲ့ပြီးတော့မှ အေမီတို့နဲ့အတူထွက်လာခဲ့လိုက်သည် ....

ကျောင်းစာကြည့်တိုက်ရောက်တော့ လက်မှတ်ထိုးပြီးမှ သုံးယောက်သားအထဲ၀င်လာခဲ့ကြသည်

သုံးယောက်သား ကိုယ်ကြိုက်ရာစာအုပ်အသီးသီးကိုရွေးလိုက်ကြပြီး သိမ့်ကတော့ မဂ္ဂဇင်းစာအုပ်တွေရှိရာသို့ လျှောက်လာခဲ့၏
မဂ္ဂဇင်းတွေကသိမ့်အတွက်ပို၍စိတ်၀င်စားဖို့ကောင်းပါသည် ..၀တ်စားဆင်ယင်နဲ့အလှအပရေးရာတွေကသိမ့်အကြိုက်မို့ပါ..

     💞နှလုံးသားနဲ့ရင်း၍💞Tahanan ng mga kuwento. Tumuklas ngayon