အပိုင်း(4) uni-zaw

616 35 2
                                    

 💞နှလုံးသားနဲ့ရင်း၍💞 (4)

သိမ့် မန္တလေးကနေပြန်ရောက်တာ ၄ရက်လောက်ရှိပြီဖြစ်သည် ပြန်ရောက်တော့လည်းအေမီတို့နဲ့အတူတူလျှောက်ဖြစ်၏

"ဒေါက် ဒေါက် မြေးလေး မပြီးသေးဘူးလား!"

"ဟုတ် ပြီးခါနီးနေပါပြီဖွား !"

ဖွားကဘုရားလိုက်ဖို့ခေါ်ထားတာကြောင့် သိမ့် မြန်မာရင်ဖုံးအင်္ကျီနဲ့ထဘီကို သေချာလေး၀တ်ဖြစ်၏
ပုလဲရှန်အဖြူရောင်၀မ်းဆက်လေးကိုရင်ဖုံး
ပုခုံး​ပျောက်နဲ့ ထဘီစကပ်ချုပ်ထားတာကြောင့် သိမ့်ကိုယ်လုံးလေးနဲ့ဆိုအဆင်ပြေ၏ ကျောလယ်လောက်ရှိသောဆံပင်​ရှည်ကို အပေါ်တ၀က်စည်းထားလိုက်၏ ဖွားရှေ့မှာဆို ဆံဖားယားမချရပါအမြဲတမ်းထုံးဖွဲ့ထားရပြီး တခါတလေ  ဖွားက သိမ့်ဆံပင်အား အုန်းဆီးလူးပေး၏  သနပ်ခါးပါးကွက်ကျားကိုသေချာလေးလူးလိုက်ပြီးမှ အောက်ထပ်ဆင်းလာလိုက်တော့သည်

"ကြာလိုက်တာကွယ် ​မြေးလေးကတော့ !"

ဖွားက လူကြီး၀တ် အင်္ကျီအဖြူကို ရောဂီထဘီနဲ့တွဲ၀တ်ထားပြီးစိပ်ပုတီးပါအလိုက်သင့်ယူထားလေ၏

"ဖွား ကြည့်ပါအုံး သိမ့်နဲ့လိုက်ရဲ့လား!"

"အမလေးလိုက်ပတော့ ​ကျုပ်မြေးကအပျိုဖြန်းလေးတောင်ဖြစ်နေပြီကြည့်ပါအုံး ဖွားနဲ့တူလို့ချောတာကတော့ထွေထူးပြောစရာတောင်မလိုဘူး ငါ့မြေးက!ဟင်းဟင်း"

"ဟီးဟီး ဖွားကလည်း!သိမ့်ကဖေကြီးနဲ့ရောမေကြီးနဲ့ပါတူလို့ချောတာ!"

"အော် ကွယ် ဟုတ်ပါတယ် ဟုတ်ပါပြီ !"

"ကဲဖိုးမောင်ရယ် တို့တွေသွားရအောင် နောက်ကျနေပြီ!"

"ဟုတ် ကြီးကြီး!"

သိမ့်တို့ မြေးအဖွားကားပေါ်တက်လိုက်ကြပြီး  သိမ့်တို့ကားလေးခြံထဲမှတရွေ့ရွေ့ထွက်လာခဲ့၏
ခဏအကြာ ဘုရားရှေ့ရောက်တော့  ကားရပ်ကာ ကားပေါ်မှဆင်းကြ၏ ဖွားက၀ယ်လာသောဘုရားပန်းကိုကိုင်ကာ  သိမ့်ကတော့ ဖွားလက်ကိုတွဲထားလိုက်ကာ ဘုရားထဲ၀င်ခဲ့လေသည် 
အထဲရောက်တော့ ဘုရားရှိခိုးလိုက်ကြပြီး ဘုရားတွင်ပန်းကပ်လိုက်၏ သိမ့် ကမြန်မြန်ပြီးသွားပေမဲ့ ဖွားကတော့ စိပ်ပုတီးပါးပါတာကြောင့်နဲနဲကြာ၏ သိမ့်လည်းဖွား နံဘေးထိုင်စောင့်မနေချင်တာကြောင့် ဖွားဘေးမှထကာဖုန်းတစ်လုံးနဲ့ဟိိုဟုသည်သည်ဓာတ်ပုံလိုက်ရိုက်နေကာကိုယ့်ဖာသာသဘောကျစွာပြုံးလျှက်......

     💞နှလုံးသားနဲ့ရင်း၍💞Où les histoires vivent. Découvrez maintenant