မှင်စာဘုရင်၏ စစ်သည်တော်
(နိဒါန်း)
တခါတုန်းက လူတွေ အသွားအလာ သိပ်မရှိတဲ့ တောင်ကြား တခုရှိတယ်။မှင်စာ ဘုရင်၏ တောင်ကြား (သို့မဟုတ်)မှင်စာဘုရင်၏ ပိုင်နက် လို့ ခေါ်ကြတယ်။
တနေ့တော့ အဲ့ဒီအနီးအနားက တိုင်းပြည်၏ ပြည့်ရှင်မင်းက မှင်စာ ရတနာသိုက်ထဲက ပုလဲနက် ကို လိုချင်တပ်မက်လာရာကနေ သူ့ရဲ့ အထူး ကျွမ်းကျင်စစ်သည်တော်ေတွကို စနစ်တကျ လေ့ကျင့်ပြီး လျှို့ဝှက်ပို့လွှတ်ကာ မှင်စာဘုရင် ကို သုတ်သင်စေခဲ့သတဲ့ကွယ်
.........
အပိုင်း(၁)
ဒီနယ်မြေဟာ မတ်စောက်တဲ့ တောင်ကြီးနှစ်ခု အကြားမှာ ရှိသည့် လွင်ပြင်ကျယ်ကြီး တခုဖြစ်သည်။မှင်စာ တွေဟာ ပုံစံအမျိုးမျိုးပြောင်းနိုင်ပြီး လိုရာဆန္ဒပြည့်အောင် မန္တန်ရွတ်ဖတ်နိုင်သည်။မီး၊ရေ၊လေနဲ့ မိုးကို လိုသလို စေစားနိုင်ကြတာကြောင့်လည်း မှင်စာတွေလို့ ခေါ်ကြတာဖြစ်သည်။ဒါပေမယ့် လူတွေလိုပါပဲ ဒီနေရာစိုက်ပျိုးကာ၊ဒီနေရာမှာပဲ မွေးမြူပြီး လူတွေလိုပဲ အဝတ်အစားတွေကို ဝတ်ဆင်ကာ ရှင်သန်နေခဲ့ကြသည်။မှင်စာတွေဟာ ပုလဲနက် ထားရာ စိမ့်စမ်းရေအိုင်ကရေကို သောက်သုံးကြတာဖြစ်လို့ ဘယ်တော့မှ မသေနိုင်တဲ့ စွမ်းအင်ကိုလည်း ရရှိကြသတဲ့။
ဒီနေရာရဲ့ အကြီးဆုံးသော
ကျောက်သားနန်းဆောင်တော်ကြီးမှာတော့ မှင်စာတို့၏ ဘုရင်ေလးအဲလက်က စံစားနေထိုင်ခဲ့သည်။
ဒီကျောက်သားနန်းတော်ကြီးက မှင်စာဘုရင်၏အလိုကျ မန္တန်နှင့် မန်းမှုတ်ထားသည့် နန်းတော်ဖြစ်တာကြောင့် မှင်စာဘုရင်၏အလိုကျ ပုံစံအမျိုးမျိုးပြောင်းလဲနေတတ်ပါသည်။နံနက်ခင်း၏နေရောင်လေးက ပြတင်းပေါက်ကနေတဆင့် အခန်းထဲသို့ ဝင်ရောက်လာလေသည်။ မှင်စာဘုရင်လေး အဲလက် လည်းကျောက်သားကုတင်ပေါ်ကနေ ထပြီး ထိုင်လိုက်မိသည်။
"ဝါး"
အနည်းငယ်ထိုင်းမှိုင်းနေတာမို့ အပျင်းဆန့်လိုက်သေးသည်။အနီး၌ ရှိသော ကိုယ်လုံးပေါ်မှန်ထဲ၌ ပေါ်လွင်နေသော သူ့ပုံရိပ်လေးကို သူပြန်ကြည့်လိုက်မိသည်။ငွေရောင်ဆံနွယ်ရှည်လေးတွေနှင့်၊ဖြူဖွေးသွယ်လျနေသည့် သူ့ပုံစံလေးက ညဝတ်ရုံရှည် ငွေမှင်ပြာရောင်လေးနှင့် လှပနုထွေးနေလေသည်။
"တရက်၊တရက် ပျင်းစရာကောင်းလိုက်တာ ဘာမှလည်း လုပ်စရာ မရှိဘူး"
လို့ တယောက်တည်း ရေရွတ်လိုက်သည်။ရေကန်ထဲသို့ဆင်းကာ ရေချိုးနေသည်။ပြီးတော့ အပေါ်သို့တက်လာကာ မှန်ကိုကြည့်ပြီး
"ဆံထုံး ထုံးစေ"
"ပန်းရောင်ဝတ်ရုံကို ဝတ်စေ"
"ပန်းရောင်မဟုတ်တော့ဘူး ငွေရောင်ကို လဲဝတ်စေ"
ဆိုပြီး သူ့စိတ်ကြိုက် ပုံစံအမျိုးမျိုးပြောင်းကာ ဝတ်ဆင်နေလေသည်။
"အင်း ဧည့်သည်လေးဘာလေး မလာဘူးလား ဖန်လုံးလေးရေ"
လို့ပြောပြီး ဖန်လုံးလေးကိုကြည့် လိုက်သည်။
"ဟင်"
လူအယောက်နှစ်ဆယ်လောက်ရှိသည့် စစ်သည်တော်တွေ ကျတော့်ပိုင်နက်ထဲ ဝင်လာကြတာပါ့လား?
တော်တော်ကြာနေပြီလေ ။ဒီတောင်ကြားကို ဧည့်သည်တွေ မလာတာ။အမှန်တကယ်တော့ မှင်စာဘုရင်လေး အဲလက်အနေနှင့် ဒီလူတွေကို သတ်ပစ်လိုက်ဖို့ ဆိုတာ သိပ်ပြီး မခက်ခဲပါဘူး။အခု ဖန်လုံးလေးထဲကနေ အမိန့်ပေးလိုက်ရုံနှင့် သူ့အလိုလိုနေရင်းကနေလဲကျပြီး သေဆုံးအောင် လုပ်ပစ်လိုက်လို့ရသည်။
သို့သော်
အခုတလော ကျတော် ပျင်းနေသည်လေ။သူတို့ကို အခုကတည်းသတ်ပစ်လိုက်ရင် ပျော်စရာ မကောင်းတော့ဘူးပေါ့ လို့ တွေးကာ ပြုံးနေမိသည်။"ကဲလာပါဦး ဖန်လုံးလေး ငါသူတို့ကို သေချာကြည့်ပါရစေဦး"
လို့ ပြောကာ ဖန်လုံးကိုကျတော်မြင်သာသည့် နေရာသို့ ရွှေ့ယူလိုက်မိသည်။
.......
YOU ARE READING
မှင်စာဘုရင်၏ စစ်သည်တော်🔞(Complete)
Short Storyလူသားတွေကဲ့သို့ သမာရိုးကျနေထိုင်ဟန်ဆောင်နေထိုင်နေသော မင်စာရွာမှ မင်စာဘုရင် ပိုင်ဆိုင်သည့် အဆုံးအစမရိှ အသက်ရှည်စေသည့်ပုလဲနက်ကို နီးစပ်ရာ တိုင်းပြည်များက သွားရောက် ယူငင်စေရန် နှစ်စဉ် နှစ်တိုင်း စစ်သည်တော်များ စေလွှတ်လေ့ ရှိပေမယ့် ပြန်လာကြရိုး ထုံးစံ မ...