part(08)

1K 31 0
                                    

အပိုင်း(၈)
ကျတော် အပြစ်ဒဏ်ကို ခံယူနေရတာ ဒီနေ့နဲ့ဆို သုံးရက်တိတိရှိပြီ။ရေပဲသောက်ပြီး သူအစားစားတာကို ထိုင်ကြည့်နေခဲ့ရတယ်။

သူက ကျတော်နှင့်မျက်နှာချင်းဆိုင်မှာ ထိုင်ပြီးတော့ကို ဆိတ်ပေါင်ကင်၊ဘဲကင်၊ကြက်ကောင်လုံးကင်၊ငါးကင် တွေကို အမျိုးမျိုးစားပြနေတာပဲ။ပန်းသီးတွေ၊လိမ္မော်သီးတွေ၊ချိုမြနေတဲ့ သရက်သီးတွေ၊နာနတ်သီး၊ပိန္နဲသီး၊ဒူးရင်းသီး အို အသီးတွေအစုံကိုလည်း စားစားပြသေးတာ။မှင်စာဘုရင်ဆိုသည့် အတိုင်း အင်မတန် ယုတ်မာ တာရယ်။

အင်း.....စတွေ့တွေ့ချင်း သူ့ကိုသတ်ဖို့ ကြိုးစားခဲ့တာရယ်၊အဆိပ်ခတ်ပြီး လုပ်ကြံဖို့ ကြိုးစားခဲ့တာရယ်က ကျတော်ဆိုတော့ သူ့ကို ယုတ်မာတယ်လို့လည်း ပြောလို့မရဘူး။

ဟော အခုလည်း သူစားဖို့ လုပ်နေပြန်ပါပြီလေ။ဒီနေ့တော့ ထူးဆန်းတယ်ဗျ ကျတော်နှင့် မျက်နှာချင်းဆိုင်မှာ စားပွဲချပြီး လာမစားပြတော့ဘူး။ထမင်းစားခန်းထဲကစားပွဲမှာ ပဲ စားမယ့်ပုံစံရှိတယ်။
အစားအ ‌ေသာက်အနံ့က ကျတော့်ဆီတောင်ရောက်လာတယ်။

'မွှေးလိုက်တာ ဆိတ်ပေါင်ကင်နံ့ပဲ"

သူစားနေပြီလား?
မစားသေးဘူးလား? လို့ မှန်းဆကာ တွေးတောနေမိပြန်သည်။

"ဗိုက်ဆာလို့ သေရပါတော့မယ် ။စားချင်လိုက်တာ"

လို့ တိုးတိုးလေး ရေရွတ်နေမိသည်။
ဗြုန်းဆို ကျတော့်ကို ချုပ်နှောင်ထားရာကနေ လွတ်မြောက်သွားသည်။နံရံမှာ ကျတော့်ကိုယ်ကြီးက ကပ်မနေတော့
ကျတော် ဝမ်းမြောက်ဝမ်းသာနှင့် ထမင်းစားခန်းထဲသို့ ပြေးဝင်လာခဲ့သည်။အို စားပွဲပေါ်မှာ ဆိတ်ပေါင်ကင်တွေရော၊ထမင်းဖြူတွေရော၊အာလူးစွပ်ပြုတ်ရော၊အချိုမုန့်တွေရော၊အသီးတွေရောကိုပါတွေ့လိုက်ရသည်။

"နောက်ထပ် ဘာအသီး စားဦးမလဲလေ"

သူ့ဘာသာသူမေးကာ၊သူ့ဘာသာသူဖြေနေသော မှင်စာဘုရင်ကို ဂရုမစိုက်တော့ဘဲ ဆိတ်ပေါင်ကင်ကို အငမ်းမရ စားပစ်လိုက်မိသည်။

"ဟာ ဟေ့ဟေ့
ဖြည်းဖြည်းစား နင်ပြီးသေနေဦးမယ်"

လို့ သူက ပင် လှမ်းပြီးသတိပေးရသည်။
သူနှင့်ကျတော် အတူတူ ထိုင်ပြီး စားကြသည်။

မှင်စာဘုရင်၏ စစ်သည်တော်🔞(Complete)Where stories live. Discover now