အပိုင်း(၅)
နောက်တနေ့မနက်......
မှင်စာ ဘုရင်လေး အဲလက် အိပ်ရာမှ နိုးလာလေသည်။အိပ်ရာက နိုးလာလာချင်း အခု ငါ့ဘဝမှာ ငါတယောက်တည်း မဟုတ်တော့ဘူး လို့ တွေးလိုက်မသည်။
တော်တော် ပျော်ရွှင်ကြည်နူးသွားမိသည်။အခါတိုင်းနှင့်မတူ ပြုံးပြုံးလေး အိပ်ရာထလာသည်။
နံရံ၌ ခြေကားယား၊လက်ကားယားနှင့် ကပ်နေကာ စောင်ခြုံထားသည့် သူ့ပုံစံက ချစ်စရာကြီး ဖြစ်လို့နေသည်။"ကဲ ငါရေချိုးတော့မယ်။သူ့ကိုပါရေချိုးစေ"
အိပ်နေရင်းကနေ ရေချိုးကန်ထဲကျသွားတော့ စစ်သည်တော်လေးက လန့်သွားပုံရသည်။
"အား ဖရူး ဖရူး ဘာလုပ်တာလဲဗျ"
အဲလက်လည်း ရေကန်ထဲသို့ ခုန်ချလိုက်သည်။
"ငါကိုယ်တော်နှင့်အတူရေချိုးဖို့လေ"
နှစ်ယောက်အတူတူ ရေချိုးတာကိုတောင် စစ်သည်တော်လေးက ရှက်နေဟန်တူပါသည်။
"ငါ့နာမည်က အဲလက်တဲ့ မှင်စာဘုရင်အဲလက်ပေါ့ မင်းနာမည်ကရော ဘယ်သူတဲ့လဲ"
"မင်းမေးတိုင်း မဖြေနိုင်ပါဘူး"
စစ်သည်တော်လေး၏ အဖြေကြောင့် ကျတော် ရယ်ချင်မိပေမယ့် မရယ်ပဲ အမိန့်ပေးလိုက်သည်။
"အခုချက်ချင်း မင်းနာမည်ကို ပြောစမ်း"
သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖြေနေတာေကြာင့်သူ့ပုံကလည်း အံ့ဩသွားပုံရသည်။
"စစ်သည်တော်လီယိုပါခင်ဗျ"
ကျတော် သူ့ကိုကြည့်ကာ ရယ်နေလိုက်မိသည်။
'ကိုယ်တော့်ကို ဂျီတွန်းပေးစမ်း စစ်သည်တော် လီယို"
ချက်ချင်းပင် အညှို့ခံသူပမာ ကျတော့်ကျောပြင်ကို ဂျီးတွန်းပေးနေလေသည်။
ကဲ ဘယ်လောက်တောင်ချောမောပြီး ပြုစားရလွယ်သလဲ လူသားလေး။
မင်းကငါ့ရဲ့ အဖော်လေးပဲ။ရေချိုးပြီး နှစ်ယောက်သား ရေထဲက နေအတူတူ တက်လာခဲ့ကြသည်။
"သူ့ကို အဝတ်သစ်တွေဆင်ပေးလိုက်စမ်း"
လီယိုက သာမာန်အဝတ်အစားတွေ ဝတ်ဆင်ထားပြီးပြီဖြစ်တဲ့ သူ့ကိုယ်ကို သူပြန်ကြည့်နေလေသည်။
"ငါ့ကို အဝါရောင်ဝတ်ရုံ ဝတ်ဆင်စေ"
ဒီနေ့ကျတော် အဝါရောင်တွေကို ဝတ်ဆင်လိုက်မိသည်။
"လာ ငါတို့ မနက်စာစားကြစို့"
စားပွဲမှာ နှစ်ယောက်အတူတူထိုင်လိုက်ကြသည်။
"ကဲ ဒီနေ့တော့ မင်းကို ပဲစွပ်ပြုတ်နှင့် ဆိတ်ပေါင်ကင် ကျွေးရမယ်။ပဲစွပ်ပြုတ်နဲ့ ဆိတ်ပေါင်ကင်တွေ ရောက်လာစေ"
စားပွဲပေါ်၌ ထမင်းဖြူအုပ်များ ဆိတ်ပေါင်ကင်များ၊ပဲစွပ်ပြုတ်များတို့သည် အငွေ့တထောင်းထောင်းထကာ ချက်ချင်း ပေါ်လာလေသည်။
စစ်သည်တော်လေး လီယိုက တံတွေးမျိုချနေလေသည်။အေးလေ ရက်ရှည်ကြီး ရိက္ခာခြောက်တွေနဲ့ အသက်ရှင်နေခဲ့ရတာ မဟုတ်လား?"လို့ တွေးလိုက်မိသည်။ထိုအချိန်တွင်
"အရှင်မင်းကြီး အရှင်မင်းကြီး"
"ဪ လာ ဝင်ခဲ့ေလ စစ်သူကြီး"
"မင်းကြီး အတွက်ပန်းလာပို့ပေးတာပါ။ဪ ဧည့် သည် ရောက်နေပြီပဲ"
"ကျေးဇူးပါ စစ်သူကြီး"
စစ်သူကြီးပြန်သွားတာနှင့်
"ကဲ တအိမ်လုံးကို ပန်းအလှဆင်လိုက်စမ်း"
ဟု အမိန့်ပေးလိုက်ရာ ပန်းတွေက တအိမ်လုံး၌ လှလှပပလေး ပြင်ဆင်ထားပြီးသွားပြီ။
"ကဲ လာ ကိုယ်တော်တို့ အတူစားကြစို့ ကိုယ်တော့်ကိုစောင့်နေတာပေါ့ ဟုတ်လား?"
........
YOU ARE READING
မှင်စာဘုရင်၏ စစ်သည်တော်🔞(Complete)
Короткий рассказလူသားတွေကဲ့သို့ သမာရိုးကျနေထိုင်ဟန်ဆောင်နေထိုင်နေသော မင်စာရွာမှ မင်စာဘုရင် ပိုင်ဆိုင်သည့် အဆုံးအစမရိှ အသက်ရှည်စေသည့်ပုလဲနက်ကို နီးစပ်ရာ တိုင်းပြည်များက သွားရောက် ယူငင်စေရန် နှစ်စဉ် နှစ်တိုင်း စစ်သည်တော်များ စေလွှတ်လေ့ ရှိပေမယ့် ပြန်လာကြရိုး ထုံးစံ မ...