part(04)

1K 42 0
                                    

အပိုင်း(၄)
စစ်သည်တော် လီယိုတို့ အားလုံး မြေပြင်သို့ရောက်သောအခါ ညအချိန်သို့ပင်ရောက်နေပြီဖြစ်သည်။လရောင် ၏အောက်၌ တိတ်တိတ်ဆိတ်ဆိတ်ပင် မှင်စာတို့၏ ပိုင်နက်ထဲသို့ တိုးဝင်လာခဲ့လေသည်။

မြင်ရသမျှထဲ၌ အကြီးဆုံး စံအိမ်တော် ဆီသို့ အဖွဲ့လိုက် ချဉ်းကပ်သွားကြသည်။သတိကြီးကြီးထားကာ အိမ်တော်ကြီး၏အတွင်းထဲသို့ ဝင်လိုက်ကြပေမယ့် အစောင့်တွေ ဘာတွေ မရှိတာကိုတွေ့လိုက်ရသည်။

ရုတ်တရက်ပင် ရှေ့ဆုံးက ချီတက်နေသော တပ်မှူးရော၊ကျတော့် အနီးနားက စစ်သည်တော်တွေ အားလုံးရော လဲကျကုန်ကြသည်။

"ဟင် တပ်မှူး တပ်မှူး"

"အကိုစနေတာ၊ အကို စနေတာ ၊ဟင် အားလုံး ဘာဖြစ် ကုန် ကြကြ..."

ကျတော့် စကား မဆုံးခင်မှာပင် ခြေသံကြားရသည်။လက်ထဲက ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ ခြေသံပိုင်ရှင်ကို ရင်ဆိုင်လိုက်သည်။

"ဟင်"

ငွေရောင်ဆံပင်ရှည်လေးနှင့်၊
မျက်နှာသွယ်လေး၊နှာတံစင်းစင်းလေး၊မျက်တောင်ကော့ရှည်ရှည်တွေ ဝန်းရံထားသည့် မျက်လုံးရွဲကြီးတွေနှင့်
ဖြူဖြူ သွယ်သွယ် ခပ်ချောချော လူငယ်တယောက်ကို ရင်ဘတ်ဟပြဲညအိပ်ဝတ်စုံနှင့် တအံ့တဩတွေ့လိုက်ရသည်။

"လဲကျနေတဲ့ လူတွေ အားလုံးသူ့တို့နိုင်ငံကို ပြန်ရောက်သွားစေ"

ထိုလူ၏ပါးစပ်က အမိန့်သံ၏ အဆုံး၌
အားလုံးပျောက်သွားကြသည်။တယောက်တည်း ကျန်ရစ်ခဲ့သူက ကျတော်လီယိုပင်ဖြစ်သည်။ဒါဆို ဒီလူက မှင်စာ ဘုရင်ပေါ့ ။

"ကျား"
လီယို ချက်ချင်းပင် ဓားကို ထုတ်ကာ ထိုလူချောချောလေးကို ပြေးခုတ်လိုက်လေသည်။

"ဓားက မျက်နှာကျက်ကို ကပ်နေစမ်း"
"ချွင်'

သူ့စကားအဆုံး၌ ဓားက စံအိမ်တော်၏ မျက်နှာကျက်၌ပြေးကပ်သွားလေသည်။

"သူ့ကို နံရံမှာ ကပ်ထားလိုက်စမ်း"

ချက်ချင်းပင် ကျတော်၏ လက်တွေရော၊ခြေတွေရော၊ခန္ဓာကိုယ်ရော နံရံမှာ
ကပ်နေလေသည်။

မှင်စာဘုရင်၏ စစ်သည်တော်🔞(Complete)Where stories live. Discover now