part(06)

981 43 0
                                    

အပိုင်း(၆)

ကျတော် ဆိတ်ပေါင်ကင်ကို အားရပါးရ စားလိုက် ပဲစွပ်ပြုတ်ကို သောက်လိုက်နှင့် အရသာတွေ့နေသည်။မှင်စာဘုရင်က အရာရာကို အမိန့်ပေးပြီး ရယူနိုင်တာက အံ့ဩစရာပင်။

မျက်နှာသွယ်လေးနှင့် နှာတံစင်းစင်းလေး၊ နှုတ်ခမ်းနီနီဥဥလေးတို့က တော်တော်လှသည်။သူဆိတ်ပေါင်စားတာကိုပင် ကျတော် ခိုးကြည့်နေမိသည်။

ဆိတ်ပေါင်တကင်လုံးကုန်သွားသောအခါ ခန္ဓာကိုယ် သွယ်သွယ်လေးက ထိုင်နေရာမှ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။
ကျတော့်ကို မျက်လုံးပြူးကာ ကြည့်နေလေသည်။

"မင်း မင်း ငါ့ ကို ငါ့ကို အဆိပ်ခတ်လိုက်တယ် မဟုတ်လား အ အ အား"

သူ စစ်သူကြီးဆီက ပန်းသွားယူနေတုန်း ကျတော် လည်ဆွဲထဲမှာ ထည့် ယူလာတဲ့ အဆိပ်မှုန့်တွေကို သူစား မယ့် ဆိတ်ပေါင်ကင်ထဲသို့ ဖြူးထားလိုက်တာဖြစ်သည်။

"ဟုတ်တယ် မင်းက မှင်စာဘုရင်ပဲ အဲ့ဒီတော့ သေသင့်တယ်"

"ငါက မှင်စာဘုရင်ဆိုတာ ဟုတ်တယ် ဒါပေမယ့် ငါတို့ မှင်စာတွေကငါတို့ ပိုင်နက်ကိုသာ မကျူးကျော်လာရင် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး မင်းတို့ကသာ အမျိုးမျိုးကျူးကျော်လာပြီး သူများပိုင်တဲ့ ရတနာကို ခိုးယူချင်နေကြတာ မဟုတ်လား?"

"ဒါပေမယ့် ငါ့ရဲ့ ရည်ရွယ်ချက်က မင်းကိုသတ်ပြီး ပုလဲနက်ကို ယူသွားဖို့ပဲ"

ကျတော့်စကားကြောင့် ကြမ်းပြင်ပေါ်မှာ လဲကျလူးလှိမ့်နေတဲ့ မှင်စာဘုရင်က တဟားဟားနှင့် ထရယ်သည်။သူက တကယ်ပဲ ရူးနေတာများလား?

"ဟား ဟား ဟား "

ပြီးတော့ အားတင်းကာ ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်သည်။
သူ့လက်ဝါးကိုဖြန့်ကာ

"အဆိပ်ဖြေဆေး ပေးစမ်း"

ဟုရေရွတ်လိုက်သည်။သူ့လက်ထဲကို အဆိပ်ဖြေဆေးလုံး က ချက်ချင်းရောက်လာသည်။အဲ့ဒါကို ချက်ချင်းသောက်လိုက်ကာ

"သူ့ကို နံရံမှာ ကပ်ထားလိုက်စမ်း။အဝတ်အစားတွေ အကုန်ချွတ်"

လို့ ပြောကာ ဒယီးဒယိုင်နှင့် သူ၏ အိပ်ရာသို့ တက်ကာ လှဲနေလေသည်။ကျတော်ကတော့ ထုံးစံအတိုင်း ကိုယ်တုံးလုံးကျွတ်ကာ ခြေကားယား၊လက်ကားယားကြီးနှင့် နံရံမှာ ဟာလာဟင်းလင်းကြီး ကပ်နေရ‌ပြန်လေသည်။

မှင်စာဘုရင်က ဒီတခါတော့ ကျတော့်ကို မကစားနိုင်ပဲ ဖြေဆေးသောက်ပြီးတာတောင် အဆိပ်ဒဏ်ကြောင့်မျော့မျော့ပဲ ကျန်ဟန်တူသည်။ကုတင်ပေါ်၌ ပက်လက်အနေအထားနှင့် ဝင်လေ၊ထွက်လေ မှတ်နေဟန်ရှိပါသည်။
အားနည်းနေတဲ့ ပုံစံလေးနဲ့ မှ ပိုကြည့်ကောင်းပြီး ပိုချစ်စဖွယ်ဖြစ်နေလေသည်။
အို မဟုတ်ဘူး။ ငါဒီလိုတွေးလို့မရဘူး။ငါ့တာဝန်က သူ့ကိုသတ်ပြီး ပုလဲနက်ရတနာကို ယူဆောင်သွားဖို့ပဲ။

မှင်စာဘုရင်၏ စစ်သည်တော်🔞(Complete)Where stories live. Discover now