အပိုင်း(၁၂)
အိပ်ရာက နိုးနိုးချင်း ဖန်လုံးလေးကိုပဲ ကြည့်လိုက်မိသည်။ဪ ငါတော့ တော်တော့်ကို စွဲလမ်းနေပြီပဲလို့ ကျတော့်ကိုယ် ကျတော် တွေးလိုက်မိသည်။"ဟင်"
တညလေး အိပ်ပျော်သွားတာနှင့် ဘဝတွေ အပြောင်းအလဲမြန်တတ်တယ် ဆိုတာ တကယ်မှန်တာပဲ။ကျတော့် ချစ်သူကို သူ့အိမ်လေးထဲမှာ တွေ့လိုက်ရတာ မဟုတ်ပဲ အကျဉ်းတိုက်ထဲမှာ ရှိနေတာကို တွေ့လိုက်ရတာ ဖြစ်သည်။
"ကဲ စစ်သည်တော်လေး လီယို၊အခုပဲ ငါ့ရဲ့ စံအိမ်တော်ဆီ ပြန်ရောက်လာစေ"
လို့ ဖန်လုံးမှ တဆင့် ဂါထာနှင့် မန်းမှုတ်ကာ ခေါ်လိုက်သည်။သို့ပေသိ ထိုနေရာ၌ ကျတော်၏ မှော်အစွမ်းတို့က အစွမ်းထက်ဟန် မတူပေ။သူ့ကို ပြန်ခေါ်လို့ မရပေ။
"ဟင် ငါ့ရဲ့ အစွမ်းကို အကာအကွယ် အစီအရင် တခုခု လုပ်ထား ပုံရတယ်။အကျဉ်းထောင်ထဲ မှာ ငါ့ေမှာ်အစွမ်းတွေကို သုံးလို့ မရပေဘူးပဲ"
ဒါဆိုရင် အကျဉ်းထောင်ထဲကို ကိုယ်တိုင် လိုက်သွားပြီး ကယ်တင်မှ ဖြစ်တော့မည်။ကိုယ်တိုင်လိုက်သွားရင်ရော ထိုနေရာကို ရောက်လျှင် မှော်အစွမ်းကို အသုံးပြုလို့ ရနိုင်မည် မထင်။တကယ့် ပကတိ လူသားတယောက်လို စွမ်းဆောင် ရလိမ့်မည်။
လက်နက်ဆောင်ကို ချက်ချင်းပင် ဖွင့်လိုက်မိသည်။မတော်လောဘ တက်နေသော လူသားဘုရင်ဆီ၌ ဘယ်လို ယုတ်မာ၊ကောက်ကျစ်၊အောက်တန်းကျသည့် နည်းလမ်းတွေ ရှိနေဦးမည်ကို မသိပေမယ့် ချစ်ရသည့် တဦးတည်းသော လူသားလေးကိုတော့ ကယ်တင်ရမည်။
အသုံးမပြုတာ ကြာပြီဖြစ်သော လက်နက်တွေကို တွေ့လိုက်ရသည်။မှင်စာဘုရင်၏ လက်သုံးတော် ဓား ကိုကောက်ကိုင် လိုက်သည်။အမှတ်အသားကတော့ ဓား၏လက်ကိုင်ရိုး၌ ပုလဲနက် ၏ အစွယ်အပွား ပုလဲလုံးလေး တက်ဆင်ထားသည်။အဆိုပါ ပုလဲလုံးလေး တလုံးကိုသာ အလှဆင်ထားသည့် ခပ်ရိုးရိုး နှစ်ဖက်သွား ဓားတချောင်းဖြစ်ပေမယ့် ကျစ်လျစ်ခိုင်ခံ့သည့် ဓားကောင်း တခုဖြစ်သည်။
"စစ်သူကြီးနှင့် သက်တော်ရှည် အမတ်ကြီးတို့ ခုချက်ချင်း ခစားစေ"
YOU ARE READING
မှင်စာဘုရင်၏ စစ်သည်တော်🔞(Complete)
Historia Cortaလူသားတွေကဲ့သို့ သမာရိုးကျနေထိုင်ဟန်ဆောင်နေထိုင်နေသော မင်စာရွာမှ မင်စာဘုရင် ပိုင်ဆိုင်သည့် အဆုံးအစမရိှ အသက်ရှည်စေသည့်ပုလဲနက်ကို နီးစပ်ရာ တိုင်းပြည်များက သွားရောက် ယူငင်စေရန် နှစ်စဉ် နှစ်တိုင်း စစ်သည်တော်များ စေလွှတ်လေ့ ရှိပေမယ့် ပြန်လာကြရိုး ထုံးစံ မ...