မှင်စာဘုရင်၏ စစ်သည်တော်
အပိုင်း(၁၅)
"ဟင် အမေ ၊အမေ"စစ်သည်တော်လေး လီယို၏ အိမ်လေးကို ရောက်သွားသည့် အခါ လီယို၏ အမေ ဖြစ်သူက အိပ်ရာပေါ်၌ပက်လက်ကလေး သေဆုံးနေလေပြီ။
မှင်စာ ဘုရင်လေး အဲလက်က စစ်သည်တော်လေး လီယို၏ အိမ်ကို
"ဤ အရပ်သည် ငါ၏ပိုင်နက်ဖြစ်စေ"
ဟု ဂါထာဖြင့်မန်းမှုတ်ကာ တခြားအနှောက်အယှက်များ ဝင်မလာနိုင်အောင်
အကာအကွယ် ပြုလိုက်လေသည်။အညတြ စစ်သည်တော်လေး၏ မိခင်ဖြစ်သူသည် လူမသိ၊သူမသိ ဒုက္ခပေါင်းစုံရောက်ကာ သေဆုံးသွားရလေပြီ။
လီယိုကတော့ ငိုနေဆဲပင်ဖြစ်သည်။သူ့မိခင်၏ နောက်ဆုံးအချိန်၌ အချုပ်ထောင်ထဲမှာ အချိန်ကုန်ဆုံးခဲ့ရလေသော သူ့အဖြစ်ကိုလည်း ယူကြုံးမရ ဖြစ်နေလေသည်။
မှင်စာဘုရင်လေး အဲလက်က လီယို့အား ပွေ့ဖက်ကာ အားပေးနေလေသည်။
အကာအရံ ပြုထားသောကြောင့် တခြားသော မည်သည့် အနှောက်အယှက် တခုတလေ မှ မရှိဘဲ လီယို့မိခင်၏ အသက်မဲ့ ခန္ဓာကိုယ်အား မြေမြှုပ် သဂြိုလ် ခဲ့လေသည်။
အားလုံးပြီးဆုံးသွားသည့် အခါ မှင်စာ ဘုရင်လေး အဲလက်၊စစ်သည်တော်လေး လီယိုနှင့် မှင်စာ စစ်သူကြီးတို့ သုံးဦးသည် မှင်စာ ဘုရင်၏ပိုင်နက်ရှိ စံအိမ်တော်သို့ ပြန်လာခဲ့ကြလေသည်။
စံအိမ်တော်သို့ ရောက်လျှင် မှင်စာစစ်သူကြီးက မှင်စာဘုရင်လေးအဲလက်အား အရိုအသေပေးကာ သူ၏ နေရာဌာနသို့ ထွက်ခွာသွားလေသည်။
စစ်သည်တော်လေး လီယိုက စံအိမ်တော်၏ ရှေ့မျက်နှာစာ လေးက ပန်းပင်လေးတွေကို တယုတယ ကိုင်ကြည့်နေလေသည်။အရင်တခေါက် ဧည့်သည် တယောက်အနေနှင့် လာခဲ့စဥ်က ခံစားချက်နှင့် ယခု ဒီနေရာလေးမှာ ခိုနားဖို့ ရောက်လာပြန်တော့ ခံစားချက်က တမျိုးဖြစ်နေပြန်သည်။
"ငါ ဒီနေရာလေးကို ထပ်ရောက်လာပြန်ပြီပဲနော်"
ပန်းလေးတွေကို တယုတယ ကိုင်ကာ ပြောနေသော စစ်သည်တော်လေး လီယိုအား အဲလက်က စိုက်ကြည့်ရင်း ပြုံးနေမိသည်။
"ငါ့ရဲ့ စံအိမ်တော် ဆီကနေ မင်းကို နောက်တကြိမ် ကြိုဆိုလိုက်ပါတယ်နော် အချစ်ရေ"
လို့ ပြောလိုက်လေသည်။လီယိုက ပန်းပင်တွေကြား ကနေ အဲလက်ဆီသို့ တလှမ်းချင်း လျှောက်လာကာ အဲလက်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။သူ့ကိုယ်လုံး ထွားထွားကြီးနှင့် ကလေးငယ်လေး တယောက်သဖွယ် ရင်ခွင်ထဲသို့ ဝင်လာတာမို့ ဟန်ချက်မပျက်အောင် ခန္ဓာကိုယ်ကို ထိန်းရပ်ရင်းကနေ အဲလက်တယောက် ရင်ခုန်လှိုက်မောကာ ပြုံးနေမိတော့သည်။
YOU ARE READING
မှင်စာဘုရင်၏ စစ်သည်တော်🔞(Complete)
Cerita Pendekလူသားတွေကဲ့သို့ သမာရိုးကျနေထိုင်ဟန်ဆောင်နေထိုင်နေသော မင်စာရွာမှ မင်စာဘုရင် ပိုင်ဆိုင်သည့် အဆုံးအစမရိှ အသက်ရှည်စေသည့်ပုလဲနက်ကို နီးစပ်ရာ တိုင်းပြည်များက သွားရောက် ယူငင်စေရန် နှစ်စဉ် နှစ်တိုင်း စစ်သည်တော်များ စေလွှတ်လေ့ ရှိပေမယ့် ပြန်လာကြရိုး ထုံးစံ မ...