~ ဆက်ဆံရေး ~

180 30 9
                                    

ဆောင်းချန်က စတူဒီယိုကို ဘယ်သူမှ မဝင်ဖို့ပြောပြီး အခန်းတံခါးကို ကိုယ်တိုင်ပိတ်ကာ သော့ယူသွားသည်မလို့ ဝန်ထမ်းတွေရဲ့ တီးတိုးသံတွေက ပိုများလာသည် ...

အလုပ်လုပ်ဖို့ အဝင်မခံတဲ့အပြင် အလုပ်ပြီးလို့လည်း ဝင်မရ ... ပြီးတော့ မော်ဒယ်လ်ကို နောက်တစ်နေ့ ထပ်ချိန်းသည်တဲ့လေ ..

အချိန်က တစ်နာရီနီးပါးကို ဘာလို့ နောက်တစ်ရက်ချိန်းတာ ... ပြောရရင် နှစ်ရက်ဆက်ရမည့် ရိုက်ကူးရေးမဟုတ် ...

မြန်မြန်ပြီးသွားမည့် အလုပ်ပင် ... နှစ်ယောက်က ဒိတ်နေတာလား ... တမင် အလုပ်အကြောင်းပြပြီး အချိန်ဆွဲကြတာလား .. သို့လော သို့လော ပေါ့ ..

'' ဘာဖြစ်ခဲ့တာလဲ ပတ်ဝွန်ဘင်း ''
မန်နေဂျာက ကားပေါ်ရောက်သည်နှင့် မေးတော့ သည် ...
'' ဘာဖြစ်ရမှာလဲ ''

'' မင်း ဒီလောက် အလုပ်ချိန်တွေ ကြပ်နေတာ
ဘာလို့ တစ်ရက်တည်းပြီးရမယ့်အလုပ်ကို ရက်ထပ်ရွှေ့တာလဲ ဒီလောက်အချိန်မှာ ဘာလုပ်နေကြတာ''

ဝွန်ဘင်းက ပခုံးတွန့်လိုက်ပြီး ..
'' အဲ့တစ်ယောက်က အားမရဘူးတဲ့ .. အလုပ်က လက်ခံပြီးသားဆိုတော့လည်း စိတ်တိုင်းကျအောင် လုပ်ရမှာပဲပေါ့ ကျွန်တော်လည်း မုဒ် အောက်နေလို့''

ဂျာကြီးက မကျေနပ် .. ဝွန်ဘင်းကို ကြည့်နေသည် ...
'' အချိန်မပြောခဲ့ဘူး ဟျောင်း အဆင်ပြေသလိုလုပ်လိုက် .. ကျွန်တော် ပင်ပန်းလို့ အိပ်လိုက်ဦးမယ် ''

ဝွန်ဘင်းက ပြောပြီး ခုံကိုနောက်လှန်ကာ မျက်လုံးမှိတ်လိုက်သည် ..
'' မင်းနော် ငါမပြောချင်ဘူး ... ပင်ပန်းတယ် အေး ''
ဝွန်ဘင်းက ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည် ..

'' ကိုယ် နောက်တစ်ပတ် ဂျပန်ကို အလုပ်ကိစ္စတစ်ခု သွားရမယ် ဒီအပတ်ထဲ ဓာတ်ပုံရိုက်ဖို့ ရက်ချိန်းထပ်ရနိုင်မလား ''

ဝွန်ဘင်းက အလုပ်လုပ်နေရင်း ဝင်လာသည့် စာကို ဖတ်လိုက်ပြီး ...

'' အင်း .. ဒီအပတ်တော့ မသေချာဘူး အချိန်ရခဲ့ရင်တော့ ပြောပါ့မယ် တစ်ရက်ကြိုပြောရင် အဆင်ပြေလား ''
'' အို​ကေ ပြေတယ် ''

Dear Pain ( Completed ) Where stories live. Discover now