~ အသိအမှတ်ပြုခြင်း ~

232 34 13
                                    

❗️Warning ❗️

အနည်းငယ် သတိပေးပါတယ် ...

ဆောင်းချန်က ဝွန်ဘင်းနောက်ကို လိုက်သွားပြီး
ကလပ်ခန်းမဘက်ပြန်ရောက်တော့ ဝွန်ဘင်းလက်ကိုဆွဲပြီး dancing floor ထဲ ဝင်ချလိုက်သည် ...

ဝွန်ဘင်းက နှုတ်ခမ်းတို့ တွန့်ကွေးလိုက်ပြီး ဆောင်းချန် ပခုံးပေါ် လက်နှစ်ဘက်တင်ရင်း ခန္ဓာကိုယ်ကို စည်းချက်နှင့်အညီ လွတ်လပ်ခွင့်ပေးလိုက်သည်

ဆောင်းချန်လက်တို့က ဝွန်ဘင်းရဲ့ ခါးသွယ်နှစ်ဘက်ကို ထောက်ထားပြီး လှုပ်ရှားလိုက်သည် .. ဘေးနားက လူတစ်ချို့က သတိထားမိပြီး ငေးကြည့်လျက် ..

လိုက်ဖက်လှသည့် လူနှစ်ဦးက မီးရောင်တွေအောက် ထင်းပြီး သီချင်းသံတို့နှင့် လိုက်ဖက်ညီစွာ ဆွဲဆောင်မှုရှိလွန်းသည် ...

ဆောင်းချန်က ဒီနေရာကနေ ထွက်ပေါ်လာမည့် သတင်းတို့ကို ဂရုမစိုက်ဘဲ ဝွန်ဘင်းခါးကို ပိုက်ကာ အနားသို့ ကပ်ခိုင်းလိုက်သည် ...

ရင်ဘတ်နှစ်ခုထိတိုက်၍ ပိုပြီး စီးမြောစွာ ..
ဝွန်ဘင်းက ဆောင်းချန်ကို အော်ပြီး မေးလိုက်သည် ...

'' ဒီီလိုလုပ်ရတော့ ကျေနပ်သွားရောလား ''
ဆောင်းချန်က ခေါင်းခါပြီး ..
'' အစပဲ ရှိသေးတယ်လေ ''

အနည်းငယ် ကခုန်ပြီးနောက် နှစ်ယောက်ခွာလိုက်ပြီး ဘားကောင်တာမှာ ခွက်နှစ်ခွက်တိုက်ကာ သောက်လိုက်သည် ..

'' ဝိုင်တွေရော အရက်တွေရော ဖြစ်ရဲ့လား ''
ဆောင်းချန်က ဝွန်ဘင်းကိုမေးတော့
'' မူးနေလည်း ဘေးမှာလူရှိရင် အဆင်ပြေပါတယ် ''

ဆောင်းချန်က ရယ်လိုက်ပြီး ...
'' ဟုတ်ပြီ မူးကြည့်လေ ဒါဆိုလည်း ''
ဝွန်ဘင်းက နှုတ်ခမ်းကို မဲ့လိုက်သည် ...

တစ်ကယ်တော့ နှစ်ယောက်လုံးက အရှိန်ကောင်းနေပြီး ရီဝေဝေပင် ... ဝွန်ဘင်းပါးတို့ရဲတက်နေပြီး မမူးဟန်ဆောင်လျက် ...

'' ငါ ပြန်တော့မယ် ''
မာဆာကီက အနားရောက်လာပြီး ဝွန်ဘင်းကို နှုတ်ဆက်သည် ...

'' မနက်ဖြန် မင်း အားရင် အေးဆေးတွေ့ရအောင် ''
ဝွန်ဘင်းက အားနာနာနှင့် ပြောလိုက်သည် ..

Dear Pain ( Completed ) Where stories live. Discover now