"ညီ သူက ဟိုမှာတွေ့လား၊ နင် သူ့ကိုရော မြင်ရဲ့လား၊ မျက်မှန်ကြီးတပ်ထားပြီး ဘယ်တွေလျှောက်ကြည့်နေတာလဲ"
တကယ်တော့ ညီ သူ့ကို မြင်ပါသည်။ သူ့ Entertainmentက သရုပ်ဆောင်မင်းသားတွေနဲ့နည်းတူ ထင်ပေါ်နေတာကြီးကို မမြင်ဘဲ ရှိပါ့မလား။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကတော့ လွတ်လပ်ပေါ့ပါးသည့် လူငယ်တစ်ယောက်အသွင်နဲ့ပေါ့။ အခုအရွယ်ကျတော့ တည်ငြိမ်ရင့်ကျက်ပြီး ကြည့်ရုံနဲ့ အရှိန်အဝါတစ်မျိုးရှိနေသည့် ယောက်ျားတစ်ယောက်ဖြစ်လာခဲ့ပြီ။
နောက်တစ်ခုက သူ့Girlfriendလည်း ပွဲထဲမှာ ရှိနေတာ။ Eventထဲ ရှိနေသည့် လူအများစုက သူမနှင့် သူမ၏CEOရဲ့ ပတ်သတ်မှုကို စောင့်ကြည့်နေကြတာဖြစ်သည်။ အဲဒီအများစုထဲ ညီလည်း ပါ၏။ အသက်30ဝန်းကျင် CEOလူငယ်တစ်ယောက်နှင့် ထိုအသက်အရွယ်ဝန်းကျင် နာမည်ကြီး သရုပ်ဆောင်အမျိုးသမီး တစ်ယောက်၏ Relationshipက Fanအများစု၏ စိတ်နှလုံးကို အရည်ပျော်ကျစေသဖြင့်။
"ညီ နင် ဘာဖြစ်နေတာလဲ"
"ဖြစ်ပါ့မလား ယွန်း"
"သူနဲ့နင့်ကို မိတ်ဆက်ပေးရုံပဲလေ၊ ဘာကို မဖြစ်တာလဲ"
"ငါ့ကိုယ်ငါ အယုံအကြည် မဲ့နေတယ်...."
"ဟဲ့!"
ယွန်းက သူ့ကိုစိတ်ပျက်သလိုကြည့်ပြီး ခေါင်းခါသည်။ ပြီးမှ.....
"နင်က သူ့ကို တွေ့တွေ့ချင်း ဖွင့်ပြောမှာ မလို့လား"
"မပြောပါဘူး"
ဒါတော့ အပြတ်အသတ် ငြင်းရမှာပင်။ ထိုကိစ္စနဲ့ပတ်သတ်ပြီး နောက်တစ်ကြိမ်ဆိုတာ ထပ်မရှိချင်တော့။
"အေး.....ငါလည်းနင့်ကို ဘယ်နှစ်ခါပြောပြမှ သဘောပေါက်မှာလဲ၊ သူတို့ Breakထားတာ ဒီအသိုင်းအဝိုင်း တစ်ခုလုံး သိတယ်၊ မင်းသမီး Fansတွေပဲ မသိတာ"
"ဒါပေမဲ့ သူတို့က ခဏBreakထားတာလေ"
"ငါပြောမယ် ညီ၊ သူတို့ ခဏBreakတယ်ဆိုတာက တစ်နှစ်ကို 12ခါလောက်ရှိတယ်၊ တစ်ခါ Breakရင်လည်း တစ်လလောက်ကြာတယ်"
"ဒါပဲ ထပ်ပြောပြန်ပြီ၊ ကလေးတွေလည်း မဟုတ်ဘဲနဲ့"
"မယုံနေပေါ့၊ နင်ရောက်မလာလည်း သူတို့ ဆက်ဆံရေးက အဲ့ဒီအတိုင်းပဲသွားမှာ၊ ပြီးတော့ ဟိုမင်းသမီးက သဝန်တိုမယ်ထင်နေသလား လုံးဝပဲ၊ အခု ငါကနင့်ကို သူနဲ့ မိတ်ဆက်ပေးရမှာလား၊ မပေးရဘူးလား ဒါပဲပြောတော့"