"မင်း ဘယ်အချိန် အားမလဲ မုဏ်း"
"ကျမ မအားဘူး ကို၊ အခုတောင် Shootingမှာ"
"စကားခဏပြောလို့ ရတယ်မလား"
"Shootingက ခုပဲ စတော့မှာ၊ အခုတောင် ကို ဖုန်းခေါ်ထားတာတွေ့လို့ ပြန်ခေါ်လိုက်တာ"
"မင်း စွမ်းထက်ညီညီကို ပြဿနာ သွားရှာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာ၊ မင်း ဘယ်ချိန်အားမလဲ တစ်ချက်ပြောပေး"
"ဪ....ရှင့်ကို တိုင်လိုက်ပြီ ထင်တယ်"
"အခုလိုတွေ လုပ်နေတာ မင်းစတိုင် မဟုတ်ပါဘူး၊ ကိုယ်နဲ့သူ တွေ့ဖြစ်ကြတာလည်း မဟုတ်ဘူး၊ နောက် သူ့ကို ပြဿနာ သွားရှာတာမျိုး မလုပ်နဲ့ မုဏ်း"
"ကျမ သူ့ကို ခေါ်တွေ့တာက ကျမနဲ့ရှင် ပြတ်ပြတ်သားသား မဖြစ်သေးခင် ရှေ့ဆက်မတိုးကြဖို့ပဲ ပြောလိုက်တာပါ"
"မင်းဆုံးဖြတ်ချက်ကို ကိုယ် လေးစားပေးခဲ့သလိုမျိုးပဲ ကိုယ့်ဆုံးဖြတ်ချက်ကိုလည်း မင်းဘက်က လေးစားပေးပါ"
"ကျမ ရှင့် ဆုံးဖြတ်ချက်ကို လေးစားပေးမှာပါ ကိုဦးသာ၊ ညီ့ကြောင့် ကျမနဲ့ ပြတ်ပြတ်သားသား ဖြစ်ချင်တာလို့ ဝန်ခံရင်ပေါ့"
"ကိုယ်တို့ ဆက်ဆံရေးက သူနဲ့ ဆိုင်လို့လား၊ ကိုယ် ဆုံးဖြတ်ချက် မချခင်အထိ မင်းအပေါ် လေးစားပေးခဲ့တယ် မုဏ်း၊ ကိုယ် စင်ကာပူကို လိုက်လာပေးတာ အန်တီကိုယ်တိုင် တောင်းဆိုလို့ဆိုတာ မင်းသိပါတယ်၊ မင်း ကိုယ့်ကို စင်ကာပူအထိ ဆွဲထုတ်သွားတာ ဘာကြောင့်လဲ ကိုယ် မမေးဘူး၊ အဲကတည်းက ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ အစီအစဉ်မရှိခဲ့လို့ပဲ"
"ညီ့ကြောင့် ရှင် ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲတာပါ၊ ဟုတ်တယ်မလား"
"အဲဒီလို ဆိုရင်တောင် ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိခဲ့တယ်၊ ကိုယ် စကားကို အကျအန ကောက်ပြောရတာမျိုး မကြိုက်ဘူး မုဏ်း၊ ကိုယ့်ကို မျက်နှာထပ်ပျက်ရအောင် မလုပ်ဖို့ တောင်းဆိုတယ်"
"စိတ်ချပါ၊ ကျမ ရှင့် ဆုံးဖြတ်ချက်ကို လက်ခံပေးမယ်၊ ရှင် အခုလို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခဲ့တဲ့ အတွက်လည်း ဂုဏ်ပြုပါတယ်"