Part 2

690 20 6
                                    

ယိမ်းတစ်ယောက် အိမ်သို့ပြန်ရောက်တာနဲ့
ဖုန်းနှင့်ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံလိုက်ကြောင်းကို မိဘတွေကို ပြောပြလိုက်သည့်အခါ နောက်နေ့မနက် ဖုန်းအသစ်သွား၀ယ်လို့ပြောလာသည်ပိုက်ဆံကိစ္စကတော့ ယိမ်းမာမားက ယိမ်းအခန်းထဲက ကုတင်ပေါ်မှာ
ငွေ၁၀သိန်းလာထားပေးသွားသည်ဆံပင်တွေလည်း မိုရေစိုလာသည်မိုလို့ ခေါင်းရင်လျော်ရေချိုးပြီးမှ ငွေပြန်လွဲပေးလိမ့်မည်ဟု
စဉ်းစားပြီး လုပ်စရာရှိတာတွေရင်လုပ်နေခဲ့မိသည်

ကလင်..ကလင်.....

ဟယ်...မင်းခန့်ရယ်...ဘာတွေဒီလောက်စဉ်းစားနေလို့ စက်ဘီးဘဲလ်တီးတာတောင်
နင်ကြားနိုင်ဖြစ်နေရတာလဲ.....

ဪ...ဆော်ဒီးပါဟာ..အလုပ်နည်းနည်းပင်ပန်းလာလို့ပါ....

နှင်းအိလှိုင်သည် စက်ဘီးကိုစီးတော့ပဲ
မင်းခန့်နှင့် ဘေးကပ်လျက် တွန်းကာ

မျက်နှာ မသာယာနဲ့ နေမကောင်းဘူးလား

မဟုတ်ပါဘူးဟာ....

မလိမ်ပါနဲ့...နင် တစ်ခုခုဖြစ်နေတာ သေချာပါတယ် ပြောပြစမ်းပါဟာ....

ဒီနေ့ ယိမ်းက ကားပေါ်မှာ ခါးပိုက်နှိုက်ခံလိုက်တယ် အဲ့ဒါကို ယိမ်းရော် ငါရော်သိပဲ Oceanမှာ ခေါက်ဆွဲ၀င်စားမိတယ် ငွေရှင်းတဲ့အခါကျမှ ယိမ်း ခါးပိုက်နှိုက်ခံလိုက်တာကို သိကြတာ အဲ့အချိန်မှာဟာ...ငါဘယ်လို
ပြောပြရမလဲ...ယိမ်းက ငါ့ကို အကူအညီတောင်းတဲ့အခါမှာ ငါ့မှာ အဲ့ခေါက်ဆွဲဖိုးရှင်းဖို့ ပိုက်ဆံရှိဘူးဟာ...

Please Don't Hurts Me Where stories live. Discover now