Part 8

688 12 2
                                    

ဖုန်းသံက အဆက်မပြတ်မြည်နေတာမိုလို့
အိပ်ချင်မူးတူးဖြင့် ဖုန်းကိုင်လိုက်သည့်အခါ

Hello ..

အစ်ကိုလေး...ကျမ မခိုင်ပါ မြေအောက်ခန်းထဲကနေ ကုပ်ခြစ်နေတဲ့အသံကြားနေရတာ
ကတည်းက

ဟင်...အဲ့ဒါဆိုရင် ဘာလို့ကတည်းက
ကျနော့ကို ဖုန်းဆက်တာလဲ

ခိုင်က ကြွက်တို့ဘာတို့လို့ ထင်မိလို့ပါ

တယ်2 အဲ့တိုင်းထားလိုက် ကျနော် ပြန်လာခဲ့မယ်

ဖုန်းချပြီးသည်နှင့် အပေါ်ပိုင်းဗလာဖြစ်နေသည့် ခန္ဓာကိုယ်ဖြင့် ချွတ်ထားသည့် အင်္ကျီကောက်၀တ်ကာ အလောတကြီးပြန်ရန်လုပ်နေသည့် ရှင်းမင်းသန့်အား

အပေါ်ထပ်သို့ ကော်ဖီနှစ်ခွက် ကိုင်လျက်
တက်လာသည့် ဘုန်းရှိန်နှင့် တန်းတိုးလေသည်

ပြန်တော့လို့လား....

ဟုတ်တယ် အရေးကြီးကိစ္စပေါ်လာလို့
ကော်ဖီအတွက် ကျေးဇူးပါပဲ ကျနော် ကားပေါ်မှာ သောက်လိုက်ပါ့မယ်

ဘုန်းရှိန်လက်ထဲက ကော်ဖီခွက်ကိုပါခါတည်းယူပြီးမြန်ကားမောင်းထွက်သွားသည့် ရှင်းမင်းသန့်အား

ငါ့ကော်ဖီခွက်ကလေး မနေ့ကမှ ၀ယ်ထားတာကို ပါသွားပြီ....

ခြံထဲကို အရှိန်ပြင်းပြင်းမောင်း၀င်လာလေသည်။ကားပေါ်မှာ ကော်ဖီကုန်အောင်ကြိုက်တည်းမော့သောက်နေရတာနဲ့ အင်္ကျီတောင် မ၀တ်အားဂုတ်ပေါ်တင်လျက် ကားပေါ်က အမြန်ဆင်း မြေအောက်ခန်းရှိရာသို့
ဦးတည်သွားလိုက်လေသည်

Please Don't Hurts Me Where stories live. Discover now