Part 6

849 10 3
                                    

ယိမ်း ပျောက်ဆုံးနေတာ 7ရက်မြောက်နေ့...

Club အနီးတဝှိုက် CCTVတွေကလည်း
ပျက်နေသဖြင့် ဘာဖြစ်ခဲ့သလဲဆိုတာ မသိရှိရသလို clubအတွင်း cctvကိုကြည့်တော့လည်း ယိမ်း သူ့ဘာသာ အပြင်ကိုထွက်သွားတာကိုပဲ မြင်ရသလို clubအတွင်းမှာလည်း
မည်သည့်သူစိမ်းတွေနဲ့မှ အရောတ၀င်နေထိုင်ခဲ့သည့်အခြေအနေဆိုတာလည်း
ရှိမနေချေ။အတူရှိခဲ့သည့် သူငယ်ချင်းများဖြစ်ကြသည့် ပြည့်စုံအောင်တို့အတွဲ၊ကျော်ကျော်တို့အတွဲ၊ရတနာဦးတို့ကိုလည်း မေးမြန်းသော်လည်း သဲလွန်စတောင် အစရှာမရချေ။သတင်းစာတွေမှာလည်း လူပျောက်ကြေညာပြီး သတင်းပေးနိုင်ရင် ဆုငွေပေးမည့်အကြောင်းပါ ထည့်သွင်းဖော်ပြသော်လည်း အခြေအနေက ထူးကဲမလာချေ။

Fbပေါ်မှာလည်း အကြောင်းရင်းကို ဂဂနန
မသိပဲ commentsအောက်တွင်

အသက်ကြည့်တော့ နို့နံ့တောင်မစင်သေးဘူး
clubတက်မှတော့ ဖြစ်ပြီပေါ့

လင်နောက်လိုက်သွားတာပဲ ဖြစ်မှာပေါ့ဟယ်

မြန်မာမိန်းကလေးဆိုတာ ညအိပ်ညနေအပြင်ဆိုတာ မထွက်သင့်ဘူး။အခုတော့
အပျော်ကြူးတော့ အပျက်ဖြစ်ပြီပေါ့ကွယ်။

မိဘတွေအတွက် စိတ်မကောင်းလိုက်တာ

ဆန်ကုန်မြေလေး.....

သက်ရှိအရုပ်မလေးနှင့်တူသည့် ယိမ်းဧကရီဝိုင်းကို မနာလိုအငုံစိတ်များဖြင့် ဝိုင်းပြီး
နိမ့်ချသောစကားတွေဖြင့် ထိုးနှက်ကြသလို
တချို့ကတော့ အမြန်ရှာတွေ့ရန် ဝိုင်း၀န်းဆုတောင်းပေးကြသည်။သတင်းတွေကိုကြားရသည့်သူတွေထဲတွင် ယိမ်းနှင့်ပြဿနာ
ဖြစ်ခဲ့သည့် ၀ဏ္ဏတို့အုပ်စုလည်း ပါ၀င်သည်။

၀ဏ္ဏလည်း ပျောက်နေတယ်နော် ဒီကောင်
ဘယ်များရောက်သွားတာလဲ

ငါတော့ ဒီကောင် ကိစ္စတုံးခံလိုက်ရတာလို့ထင်တယ်

ဘာကို ပြောချင်တာလဲ နဒီရဲ့

ငါလည်း သေချာတော့ မပြောတတ်ပေမဲ့
ထူးဆန်းနေတယ် ၀ဏ္ဏက အကြောင်းရင်းမရှိပဲ ရုတ်တရက်ကြီးပျောက်သွားစရာအကြောင်းမှ မရှိတာ

Please Don't Hurts Me Where stories live. Discover now