Part 15

828 21 3
                                    

ပွဲဈေး၏ ဈေးရောင်းသံတွေကျယ်လောင်စွာဖွင့်ထားသည့်သီချင်းသံတွေကြောင့် မင်းခန်အော်ခေါ်သံကို ယိမ်းကကြားခြင်းဖြစ်သည်နားပါးသူပီပီ ရှင်းမင်းသန့်ကတော့ သတိထားမိသဖြင့် လူပိုရှုပ်ယှက်ခတ်နေသည့် နေရာထဲသို့ တိုးဝှေ့ကာ ခေါ်သွားခဲ့ခြင်းဖြစ်သည်

စိုးရိမ်စိတ်လျင်းရှိပူပန်ခြင်းရှိပဲ အေးဆေးတည်ငြိမ်စွာဖြင့်

ကလေး...ဘာထပ်စားချင်သေးလဲ....

ဟိုနားက မာလာတုတ်ထိုးစားချင်တယ်

အိုခေ...သွား၀ယ်စားကြမယ်

ကိုးရီးယားကင်ချောင်းတွေကို ကော်ခွက်ထဲသို့ စိတ်ကြိုက်ရွေးထည့်ပြီး

မာလာနဲ့သုပ်ပေးပါ..စပ်စပ်ကလေး...

မ်....ယိမ်းဧကရီဝိုင်း....

သူမနှင့် မျက်နှာချင်းဆိုင်မှာ သူငယ်ချင်း
လင်းလဲ့လဲ့ထွန်းက သူမမျက်နှာကို အံ့ဩကြီးစိုက်ကြည့်ပြီး နာမည်ကိုအော်ပြောလိုက်လေသည်ကျန်သည့်သူငယ်ချင်းများဖြစ်ကြသည့် ပြည့်စုံအောင်ချစ်ခွန်းချိုရတနာဦးကျော်ကျော်တို့ကလည်း ယိမ်းကို အံ့ဩသည့်မျက်လုံးအကြည့်တွေဖြင့် ကြည့်နေကြသည့်အပြင် ရှင်းမင်းသန့်ကိုပါဆက်တည်း
ကြည့်ကြလေသည်

နင် ဘယ်တွေရောက်နေခဲ့တာလဲ....

ရုတ်တရက်ဆန်လွန်းသည့် အမေးစကားတွေကြောင့် ယိမ်းအဖြစ်မှာ ပါးစပ်ထဲအာစီးမိနေသလိုမျိုး စကားလုံးများက ထွက်ချလာခဲ့
ငါလူသတ်ခဲ့မိလို့ ငါလူသတ်မှု့ကနေ ရှောင်နေရတာပါလို့ ပြောမှာလား..ငါ စော်ကားခံရမလိုဖြစ်ခဲ့လို့ လူသတ်မိခဲ့တယ်လို့ ၀န်ခံမှာလား...ဘာပြောပါ့လဲ.....

Please Don't Hurts Me Where stories live. Discover now