PART 4 ❗

1.9K 20 7
                                    

ဖုန်း contact မှာ ပေါ်လာသည့် unknown number လေးကြောင့် ဘယ်သူများလဲလို့ စိတ်ထဲတွေးကာ
ရင်တဒုန်ဒုန်ခုန်နေမိသေးတာ....

Hello .......

ကိုယ်ပါ......

သူ......ဆိုတာ....ကို ယိမ်းသိနေပါသည်။သို့ပေမဲ့

ဟုတ်....ဘယ်သူလဲမသိဘူး.....

ငွေပြန်လွဲပေးလိုက်ပြီလား.....

ဟုတ်......

အင်း လွဲပေးလိုက်ရင်လည်း ပြီးတာပါပဲလေ....

သူ့ဆီက အဖြေစကားက အေးတိအေးစက်နိုင်လွန်းလှသည်။ဘာစကားများထပ်ပြောလာမလဲလို့
အသံတိတ်နားထောင်နေမိပေမဲ့ ဖုန်းချသွားသည်ကိုသာ သိလိုက်ရပြန်သည်။ယိမ်းအခြေအနေကို lattop camera ကနေ စောင့်ကြည့်ခံနေရတာကိုတော့ ယိမ်းက မသိရှိချေ။အခုရက်ပိုင်းတွေ examတွေရှိနေတာဆိုတော့ small business ကို‌လည်း examပြီးသည့်နေ့အထိ ခေတ္တခဏ ယာယီ
ပိတ်ထားလိုက်သည်။ဒီကြားထဲမှာလည်း ရှင်းမင်းသန့်ဆီက ဖုန်းမလာခဲ့သလို ယိမ်းကလည်း မဆက်သွယ်ခဲ့ပါဘူး။ချစ်သူ မင်းခန့်နဲ့တော့ ပုံမှန်အတိုင်း
ဖုန်းပြောတာမျိုးတော့ ရှိခဲ့သည်

အိမ်စေအဒေါ်ကြီးက ဈေးသွားရန်ဆွဲခြင်းတောင်းကလေးဖြင့် မီးဖိုချောင်အတွင်းမှ ထွက်အလာ ယိမ်းက လှေထားထစ်ကနေ
အိပ်ချင်မူးတူးရုပ်ကလေးဖြင့် ဆင်းလာသဖြင့်

မနက်စောစောစီးစီး အိပ်ရာနိုးလာပါလား
အိပ်အုံးလေ...အရင်ရက်တွေက examကြောင့် အိပ်ရေးပျက်ထားတယ်မလား

အွန်းးးးးးးဒါမယ့် ယိမ်း ဈေးကို လိုက်ချင်လို့

အလိုတော်...လိုက်ပါနဲ့ ကလေးရယ်
ဈေးက ဗွက်တွေနဲ့ ညစ်ပတ်တယ် မလိုက်ပါနဲ့
ကြွေရုပ်ကလေး ညစ်ပတ်သွားလိမ့်မယ်
ဈေးမှာ ဘာစားချင်တာရှိလို့လဲ အဒေါ်ကြီး
၀ယ်လာခဲ့ပေးမယ် ပြော...

ယိမ်းက မျက်လုံးလေး ကလည်ကလည်ဖြင့်
စဉ်းစားပြီးမှ

ခေါက်ဆွဲသုပ် စပ်စပ်ကလေး တပွဲ၀ယ်ခဲ့ပေးပါလား ဟင်းရည်လေးလည်း အဆစ်တောင်းခဲ့ပေးအုံးနော်

Please Don't Hurts Me Where stories live. Discover now