Part 5

1K 7 0
                                    

ဖြန်းကနဲ့ ထွက်လာသည့်သွေးတွေက
ယိမ်းမျက်နှာပေါ် ပေကျံသွားသလို ယိမ်းအရှေ့မှာတင် မှောက်ရပ်လဲကျသွားသည့်
ဤလူကိုကြည့်ပြီး ယိမ်းနားထဲ အူနေသလို
ပတ်၀န်းကျင်မြင်ကွင်းတွေကလည်း ဝေဝါးနေဆဲ....။ကိုယ့်လက်ကို ပြန်ငုံ့ကြည့်မိပြန်တော့လည်း သွေးတွေ။တကိုယ်လုံးလည်း
ချွေးစေးတွေပြန်နေလေပြီ

ယိမ်း.....ယိမ်း.....လူသတ်လိုက်မိပြီလား.....

ထိုအချိန်.....အိတ်ထဲမှ ဖုန်းမြည်လာသဖြင့်
ဝေဝါးနေရင်းမှ ဖုန်းကိုကိုင်လိုက်မိသည်

မင်း...အခု ဘယ်မှာလဲ......

ယိမ်း.....

ယိမ်းဘာဖြစ်လို့လဲ ငိုနေတာလား.....

ယိမ်း...လူသတ်လိုက်မိပြီထင်တယ်....အဟင့်
အဟင်းးးး...

Okay...okay .....စိတ်ကိုငြိမ်ငြိမ်လေးခဏထား....အခုကိစ္စကို ဘယ်သူသိသေးလဲ

ဟင့်အင် ဘယ်သူမှသိသေးဘူး....

ဟုတ်ပြီ....မင်းအခု ဘယ်မှာလဲ.....

ယိမ်း club ရဲ့ ကားပါကင်မှာ

သူမဆီက အဖြေကိုကြားသည်နှင့် location ကိုကြည့်လိုက်ပြီးနောက်

ကိုယ် အဲ့နေရာကို မိနစ်ပိုင်းအတွင်းလာခဲ့မယ်
ဟုတ်ပြီနော်...အဲ့ဒါကြောင့် ငြိမ်ငြိမ်လေးနေနော်....

အွန်း.....

သွေးအိုင်ထဲမှာ လဲကျနေသည့်သူ အနားမှာ
ယိမ်းတစ်ယောက် ငုတ်တုတ်ကလေးထိုင်လျက်ရှုံ့ရှုံ့ငိုနေမိလေသည်ဖုန်းက ရုတ်တရက်၀င်လာသည်မိုလို့သာ သူ ပြောလိုက်မိပေမဲ့ မည်သူဆိုတာတောင် ယိမ်း
သေချာသိချေ

Please Don't Hurts Me Where stories live. Discover now