နှစ်မြွှာအသည်း(part1)

243 12 0
                                    

ညစာစားချိန်မှာတော့အောင်ရွှေကြည်တစ်ယောက်ဒေါ်သွန်းလှရဲ့နောက်ကနေကပ်ပြီးလိုက်ပါလာခဲ့လေသည်။ထမင်းစားခန်းထဲ၀င်လာတော့အမဖြစ်သူရဲ့အကြည့်ကိုကြောက်တာကြောင့်ဖခင်ဖြစ်သူဦးကြည်ဖြူ၏ဘေးနားမှာ၀င်ထိုင်လိုက်လေသည်။

ကြည်ခေတ်မောင်ဖြစ်သူအားမျက်စိထောင့်ထောက်ကြည့်ရင်းကနေ''ဟျောင့်အောင်ရွှေကြည်''

''ဗျ..ဗျာ..မမ..အဲကိုကြည်''

''နင်နာချင်ပြီးလား..''

''မနာချင်ပါဘူးကိုကြည်ဘာပြောမို့လဲဟင်''

''မင်းအဖေ့နားဘဲကပ်နေတာအဖေထမင်းစားရခက်မှာပေါ့ဒီဘက်တိုးစမ်း''

ဒေါ်သွန်းလှတစ်ယောက်သားဖြစ်သူအားကြည့်ပြီး''ဟူတ်သားဘဲသားရယ်သားအဲလိုအဖေ့နားဘဲကပ်ထိုင်နေတော့အဖေထမင်းစားရခက်မှာပေါ့..''

''မေမေသားသူ့ကိုကြောက်တယ်သားဖေဖေ့နားဘဲထိုင်တော့မယ်''

''ကဲတော်ရေရှင့်သမီးကိုရှင်ထိန်းပါအုန်းကျမတော့ဒီညထမင်းစားရပါအုန်းမလား''ဦးကြည်ဖြူတစ်ယောက်မတည့််အတူနေသားနဲ့သမီးဖြစ်သူတို့ကြားမှာနေရတာကြာလာလေစိတ်ညစ်ရလေဖြစ်နေပြီး''ကဲအငယ်ကောင်မင်းအမနားမင်းရွှေ့ထိုင်အဖေနဲ့အမေအလုပ်ကပြန်လာကတည်းကဗိုက်ဆာနေတာ...သမီးလည်းမောင်လေးကိုအဲလောက်မခြောက်ပါနဲ့..သားမမနားသွားထိုင်...''ကြည်ခေတ်သွင်ဖခင်ဖြစ်သူနားပေကပ်ထိုင်နေသောအငယ်ကောင်ကြောင့်ထအော်လိုက်လေသည်။

''ဟျောင့်အောင်ရွှေကြည်လာစမ်း...ဘုန်း''ဦးကြည်ဖြူလက်သံပြောင်သောသမီးဖြစ်သူကြောင့်မျက်လုံးပြူးသွားလေသည်။

''အာ့...နာတယ်ဗျ..ဖေဖေမေမေသူ့ကိုပြောအုန်းကျနော့်ကိုဘဲချနေတာ...''

''နင်ပါးစပ်ပိတ်ထားလိုက်...ဒီဘက်ကိုရွှေ့ခဲ့...ငါ့လက်သီးစာနင်မြည်းချင်လို့လားး''

''မမြည်းချင်ဘူးထမင်းဘဲစားတော့မယ်''
အောင်ရွှေကြည်တစ်ယောက်အမဖြစ်သူ၏စကားကြောင့်ငြိမ်ကုပ်စွာပင်ထမင်းစားနေတော့သည်။ဘေးနားကဦးကြည်ဖြူနဲ့ဒေါ်သွန်း၂ယောက်မှာသားဖြစ်သူ၏အပိုးကျိုးပုံကြောင့်ကြည့်ပြီးကြိတ်ရယ်နေလေသည်။

နှစ်မြွာအသည်း (or) နှလုံးသားရန်သူတော်(S2)Where stories live. Discover now