နှစ်မြွှာအသည်း(part34)

108 8 0
                                    

''ကိုတိုက်စစ်တော်''ရုံးခန်းထဲကို၀င်လာသောအန်မလီကသူ့နာမည်အားခေါ်လိုက်ပြီးသူ့ပါးတစ်ဖက်ကိုနမ်းလိုက်လေသည်။

''ဒီနေ့အန်မလီတိူ့ညနေစာသွားစားကြမလား''တိုက်ပခုံးပေါ်မှသူမလက်တို့ကိုမသိမသာဖယ်ချရင်းး''တောင်းပန်ပါတယ်အန်မလီကျနော့်မိန်းမနဲ့ဘဲညစာအတူတူစားပါတော့မယ်...အဟင်း..ကျနော်အခုဘဲပြန်တော့မယ်ခွင့်ပြုပါအုန်း..''တိုက်ပြောပြီးအန်မလီကိုထားခဲ့ကာအိမ်သို့ပြန်လာခဲ့လေသည်။

အိမ်ပြန်ရောက်တော့တိုက်ကိုထွက်ကြိုနေသောမယ်...

''ကိုပြန်လာပြီး..ဒီနေ့ဆေးရုံမှာအဆင်ပြေခဲ့ရဲ့လား''

''အင်းပြေခဲ့တာပေါ့..မိန်းမကိုဗိုက်ဆာပြီး''

''မယ်ထမင်းပြင်ထားပေးတယ်ခနနားပြီးရေမိုးချိုးလိုက်နော်ကိုပြီးရင်ထမင်းအတူတူစားကြမယ်''တိုက်နဲ့မယ်တို့ကလွန်ခဲ့သော၂နှစ်ကပင်လက်ထပ်ခဲ့ကြလေသည်။တိုက်နဲ့မယ်တို့လက်ထပ်ခဲ့သလိုနှိုင်းနဲ့သွေးလည်းအဲနှစ်မှာပင်လက်ထပ်ခဲ့ကြလေသည်။

ရေမိူးချိုးပြီးသွားတော့နေအိမ်ဖြစ်သောတိုက်ပုလေးဆီသိူ့ပြန်လာခဲ့လေသည်။တိုက်တို့ကထန်း၃ပင်ရွာလေးဆီမှာအိမ်ထောင်ကျပြီးကတည်းကပြောင်းနေခဲ့လေသည်။နှိုင်းကတော့ဒယ်ဒီ့အိမ်မှာဆိုသူမနေဘူးဟုပြောလာတာကြောင့်ဒယ်ဒီနဲ့မာမီကအိမ်နဲ့ခြံ၀ယ်ပေးပြီးအဲမှာသူတို့နေကြလေသည်။၄နှစ်အတွင်းတိုက်ရဲ့ခြံလုပ်ငန်းကအရင်ကထက်ပိုတိုးတက်လာတာကြောင့်ခြံထဲကပျဥ်ထောင်အိမ်ကြီးကတိုက်ပုအသေးစားစောင့်ကာ၂ယောက်သားနေထိုင်ကြလေသည်။

ခေါင်းစိုနေတာကြောင့်ဇနီးသည်ကခေါင်းကိုခြောက်အောင်သုတ်ပေးလေသည်။မယ်ကတိုက်ဆေးရုံမှာရှိနေချိန်ဆိုခြံလုပ်ငန်းကိစ္စတွေကိုကူညီဆောင်ရွက်ပေးခဲ့လေသည်။

''ကိုဒီနေ့စပျစ်၀ိုင်တွေကိုသြဒါမှာထားတဲ့စားသောက်ဆိုင်ဆီကိုပို့ပေးလိုက်ပြီးနော်မယ်စာရင်းသေချာစစ်ထားခဲ့တယ်''

''အင်းမယ်..ဒါနဲ့ဦးဖိုးမောင်တို့မနေ့ကစပျစ်မှည့်တွေကိုကုန်ကားနဲ့သေချာတင်ပြီးမြို့ပေါ်ပို့ခဲ့တယ်မလား''

နှစ်မြွာအသည်း (or) နှလုံးသားရန်သူတော်(S2)Where stories live. Discover now