နှစ်မြွှာအသည်း(part2)

123 9 0
                                    

မယ်သွေးဖုန်းကိုင်လိုက်သောသူကြောင့်ရင်ခုန်သံတွေမြန်ဆန်လာခဲ့သည်

ဖုန်းစခရင်မှာပေါ်လာတဲ့တုနှိုင်းရဲ့နိုးခါစမျက်နှာလေးကိုမြင်တော့သူမရင်တွေပေါက်ကွဲတော့မလိုပင်ခံစားလာခဲ့ရသည်။

ဖုန်းပေါ်မှာပေါ်လာတဲ့သူမမျက်နှာကြောင့်နှိုင်းသိလိုက်လေသည်။

''ဪကျနော်သိပြီးမနေ့ကဆိုင်မှာတွေ့ခဲ့တဲ့အမွှာတွေမဟုတ်လား''

''ကိုနှိုင်းတွေ့ခဲ့တယ်ပေါ့..မယ်သွေးမသိဘူးထင်နေတာ...ကိုနှိုင်းတို့ကအချေတလိုင်းဆိုတော့နှုတ်မဆက်ရဲလိုကြည့်နေရတာ''
ကောင်မလေးအပြောကြောင့်နှိုင်းရယ်လိုက်မိသည်။

''ကိုနှိုင်းကရယ်ရင်အရမ်းချောတာဘဲနော်..''

''ကို့ကိုမြှောက်နေတာလားကိုကတော့အောက်မှာဘဲနေမှာနော်..''

''ကိုနှိုင်းမနက်စာစားပြီးပြီးလား''

''မစားရသေးဘူး...''

''ဟင်..အချိန်မစောတော့ဘူးလေမနက်စာစားသင့်ပြီးမယ်သွေးဖုန်းချလိုက်မယ်နော်''

''နေအုန်းမင်းနာမည်ကမယ်သွေးတဲ့လား''

''မဟုတ်ပါဘူးနာမည်အပြည့်အစုံကမယ်သွေးရွှေကြည်ပါ...''

''ဪဟုတ်ပါပြီးဒါနဲ့မင်းကကျောင်းသူမဟုတ်လားဘာလို့ကျောင်းမသွားသေးတာလဲ''

''ဒီနေ့မနက်ပိုင်းအတန်းချိန်မရှိဘူးကိုနှိုင်းနေ့လည်မှသွားမှာ''

''အော်အင်းပါအဲဆိုကိုမနက်စာသွားစားတော့မယ်မယ်သွေး''

''ဟုတ်ကဲ့ရှင့်''နှိုင်းသူမနဲ့ဖုန်းပြောပြီးနောက်အခန်းထဲထွက်ဖို့လုပ်တော့တိုက်ကအခန်းထဲကို၀င်လာခဲ့လေသည်။

''တိုက်ဘာဖြစ်လို့လဲ..''

''နှိုင်းမင်းနဲ့ငါဆွေးနွေးစရာရှိလို့''တိုက်ကပြောရင်ကုတင်ပေါ်မှာထိုင်လိုက်လေသည်။

''ဘာဆွေးနွေးဖို့လဲပွဲစားကိစ္စငါစိတ်မ၀င်စားဘူးနော်''

''ငါအဲကိစ္စကိုပြောမှာမဟုတ်ဘူးဒယ်ဒီအခုဒီကိုရောက်လာတာငါတို့ကြောင့်ဟ..''

နှစ်မြွာအသည်း (or) နှလုံးသားရန်သူတော်(S2)Where stories live. Discover now