နှစ်မြွှာအသည်း(part23)

88 7 0
                                    

နှိုင်းသူမကိုစာပို့လိုက်တော့သူမဟာကျောင်းရှေ့ဂိတ်မှာစောင့်နေမည်ဟုစာပို့လာတာကြောင့်အဲဒီဘက်ကိုထွက်လာခဲ့လေသည်။၁၅မိနစ်လောက်မောင်းလာတော့သူမရှိနေသောကျောင်းရှေ့ဂိတ်ကိုလှမ်းမြင်နေရပြီးနှိုင်းကျောင်းရှေ့ဂိတ်ကိုရောက်ခါနီးမှာဘဲကျောင်းရှေ့ကမြင်ကွင်းတစ်ချို့ကသူ့အားဒေါသဖြစ်စေလေသည်။သွေးအားယောကျာ်းတစ်ယောက်ကဆွဲလာရမ်းလာလုပ်နေတာပင်...နှိုင်းတစ်ယောက်ဒေါသထွက်လာကာထိုနေရာသို့အမြန်မောင်းနှင်လာခဲ့လေသည်။

''လွှတ်...ငါနာနေပြီး''သွေးပြောနေပေမယ့်စိုင်းနောင်ကတော့သူ့ကိုအဖြေမပေးမချင်းမလွှတ်ပေးတဲ့ပုံ..

''နင်ငါ့ကိုချစ်တယ်လေးပြောမှာကိုဘာလို့တွန့်ဆုတ်နေရတာလဲ..ကြည်''

''ငါနင့်ကိုမချစ်ဘူး...ဖယ်လွှတ်ပေး''သွေးပြောနေတုန်းသွေးတို့ရှေ့ကိုရောက်လာသောကိုနှိုင်းရဲ့ကား

ကိုနှိုင်းကားပေါ်ကဆင်းလာတော့ကိုနှိုင်းဟာဘာမှမပြောဘဲသွေးလက်ကိုဆွဲထားသောစိုင်းနောင်ကိုဆွဲလှည့်ကာလက်သီးစာကျွေးလိုက်လေသည်။

''အာ့..''စိုင်းနောင်တစ်ယောက်မျက်နှာကိုထိူးချခံလိုက်ရတာကြောင့်ဟန်ချက်ပျက်ကာနောက်သို့ယိုင်သွားလေသည်။

''ခဗျားဘယ်သူလဲ...''

နှိုင်းထိုငနဲကိုသေချာကြည့်ကာ''မယ်သွေးရွှေကြည်ရဲ့ချစ်သူ..မင်းငါ့ကောင်မလေးကိုနှောင့်ယှက်နေလို့ထိုးလိုက်တာ...နောက်တခါငါ့ကောင်မလေးနဲ့မပတ်သက်နဲ့...မယ်သွေးလိုက်ခဲ့''အကိုဟာမယ်သွေး၏လက်ကိုအကြမ်းပတမ်းဆွဲကာထိုနေရာကနေခေါ်ထုတ်လာခဲ့တော့သည်။

မယ်သွေးဒေါသတကြီနဲ့ကားမောင်းသောအကို့ကိုကြည့်ပြီး''အကိုဖြေးဖြေးမောင်းလေ..မယ်သွေးကြောက်တယ်..''

အကိုဟာသူမစကားကိုလျစ်လျူရှူထားနေသလားသူမပြောသည်ကိုပင်ဆန့်ကျင်ဘက်အမြန်နှုန်းနဲ့ကားလီဘာကိုနင်းလိုက်လေသည်။

''အကို..ဖြေးဖြေးမောင်း!!!သွေးကြောက်တယ်..''နှိုင်းခနကသူမနဲ့ဟိုကောင်တို့ဖြစ်နေသောမြင်ကွင်းကိုလုံး၀စိတ်ထိန်းလို့မရပေ။

နှစ်မြွာအသည်း (or) နှလုံးသားရန်သူတော်(S2)Where stories live. Discover now