နှစ်မြွှာအသည်း(part8)

83 11 0
                                    

ထန်းသုံးပင်ရွာကအရင်ကလိုလမ်းပန်းဆက်သွယ်အဆင်မပြေတော့တာမဟုတ်ဘဲ၁၅မိနစ်မောင်းတာနဲ့ရောက်လေသည်။

ဦးမင်းခစားဖိုးမောင်ကိုသေချာပြောပြထားတာကြောင့်ရွာထိပ်ကနေကားဖြင့်ဦးမင်းခကိုလာကြိုသောအလုပ်သမားများနဲ့တွေ့ပြီးရွာထဲကိုမောင်း၀င်လာခဲ့လေသည်။

တိုက်ရွာကိုအခုမှရောက်ဖူးတာကြောင့်ဒယ်ဒီကားနောက်ကနေလိုက်ပါလာခဲ့လေသည်။

ရွာမြောက်ဘက်ကခြံထဲကို၀င်လာသောကား၂စီးကြောင့်ဦးဖိုးမောင်တစ်ယောက်ခြံထဲကအိမ်မှထွက်လာပြီးသူ၏ဆရာအကိုကိုကြိုဆိုလေသည်။

''ကိုခရောက်လာမယ်ပြောလို့ကျနော်ပြင်ဆင်ထားပြီးကုန်ပြီး...''

''အေးကွာမင်းရှိနေလို့သာပေါ့နို့မို့ဆိုငါဘဲထပ်ပြီးပင်ပန်းရမှာကွ..သားကြီးတိုက်သားရေလာပါအုန်းဒီကို''ဒယ်ဒီခေါ်တာကြောင့်တိုက်ခြံကိုလေ့လာအကဲခတ်နေရာကနေဒယ်ဒီတို့ဆီကိုလျှောက်လာလေသည်။

''ကဲဖိူးမောင်ဒါကငါ့သားကြီးတိုက်စစ်တော်တဲ့''ဖိုးမောင်တစ်ယောက်ကိုခသားကိုသိသည်။ဒီကလေးတော့မဟုတ်ပါ။ဒါပေမယ့်ဒီကလေးပုံစံကကိုခနဲ့မျက်နှာပေါက်ချင်းဆင်တူနေလေသည်။

''ဟိုကိုခသားကအဓိပတိမဟုတ်ဘူးလား''

''ဟုတ်တယ်အဲဒါငါ့သားကြီးဒါကငါ့သားအမြွှာထဲကအကြီးတိုက်စစ်တော်သားငယ်တုနှိုင်းတော်ကဆေးရုံဦးစီးဖို့အတွက်ကျန်ခဲ့တယ်ဒီမှာတော့ငါ့သားတိုက်စစ်တော်ကဦးစီးဦးဆောင်လုပ်လိမ့်မယ်...မင်းကဘေးနားကနေ၀ိုင်း၀န်းကူညီပေးရမယ်ဖိုးမောင်''

''စိတ်ချပါဗျာကျနော်အားလူံးအဆင်ပြေအောင်လုပ်ပေးမယ်ကျနော့်သားနဲ့ကျနော့်သမီးလည်းရှိနေတာဘဲရတယ်စိတ်မပူပါနဲ့ကိုခ''

''အေးပါကွာ...အိမ်မှာလည်းငါ့မိန်းမနဲ့ငါ့သမီးကနေမကောင်းဖြစ်နေတော့ငါဒီမှာကြာကြာနေလို့မရဘူး...သားကိုမင်းဆီအပ်ခဲ့မယ်နော်..သားတိုက်ဒီကဦးဖိုးမောင်ကသားကိုဒီခြံအကြောင်းတွေကိုသေချာပြောပြသင်ပြပေးမယ့်သူသားအားနာစရာမလိုဘူးနော်မသိတာရှိရင်မေးဟုတ်ပြီးလား''

နှစ်မြွာအသည်း (or) နှလုံးသားရန်သူတော်(S2)Where stories live. Discover now