နှစ်မြွှာအသည်း(part16)

70 9 0
                                    

ကြည်ခေတ်တစ်ယောက်မနက်နိုးထလာတော့ခေါင်းထိုးကိုက်လာလေသည်။ညကသူသောက်ထားတာလည်းရှိတော့ခေါင်းကိုက်နေတာပင်..ကြည်ခေတ်ထမလို့လုပ်တော့သူ့ကိုဖက်တွယ်ထားသောလက်တစ်ဖက်ကြည့်လိုက်တော့အသားအရည်လှပနေလေသည်။မိန်းကလေးတစ်ယောက်၏လက်ဖြစ်မည်။

ကြည်ခေတ်လက်ကိုငုံ့ကြည့်ရင်းသူကိုယ်ပေါ်မှာအ၀တ်အစားမရှိသည်ကိုသတိထားမိပြီးညကအဖြစ်အပျက်တွေအားလုံးကိုခေါင်းထဲတရေ့ရေ့ပေါ်လာခဲ့လေသည်။ညကသူမူးပြီးဒီရောက်ခဲ့တာသိသည်။ပြီးတော့မိန်းကလေးသူ့ကိုယ်ပေါ်သို့တက်ခွပြီးနမ်းနေတာလည်းသိသည်။သူအဲဒါကိုအိမ်မက်ဟုထင်နေခဲ့သည်။ကြည်ခေတ်သူ့ကိုဖက်တွယ်ထားသောလက်ပိုင်ရှင်မိန်းကလေးမျက်နှာပေါ်ကဆံပင်တွေကိုဖယ်ရှားလိုက်လေရာသူမထင်မှတ်ထားသောသူဖြစ်နေလေသည်။

''လမင်းစန္ဒာ!!!...''ကြည်ခေတ်ညကအိမ်မက်ထဲမှာနွေပျိုနဲ့ဟုထင်နေသည်။အခုကလမင်း..ဟာဘာတွေလဲ...ငါနွေပျို့ကိုသစ္စာဖောက်မိသွားပြီးလားမဟုတ်ဘူး..ငါညကဘာမှမသိလိုက်ဘူး...

''အားကျစ်...''စိတ်ရှုပ်လာတာကြောင့်ဘာမှလုပ်လို့မရဖြစ်နေချိန်လမင်းတစ်ယောက်နိုးထလာခဲ့လေသည်။ဘေးနားမှာတော့ကြည်ခေတ်တစ်ယောက်ခေါင်းကိုတဗြင်းဗြင်းကုတ်ကာအကြံအိုက်နေလေသည်။

''မောင်နိုးပြီးလား''လမင်းအသံကြားတော့ကြည်ခေတ်သူမဘက်သို့လှည့်ကာ''ညကငါတို့တကယ်မဖြစ်ကြဘူးမလားလမင်းဟမ်းမင်းပြောပါ...''လမင်းတစ်ယောက်မောင့်လက်ကိုဆုတ်ကိုင်ရင်း''ဖြစ်ခဲ့တယ်ညကမောင်လမင်းရဲ့အပျိုဘ၀ကိုရယူခဲ့တယ်လေအခုဆိုလမင်းတို့ကအကြင်လင်မယားအရာတောင်မြောက်ပြီးပြီးမောင်ရဲ့''

''မဟုတ်ဘူး!!!မင်းလိမ်နေတာဘဲ..မင်းငါ့ကိုဘာလုပ်လိုက်တာလဲလမင်း..''

၀ုန်း!!

ကြည်ခေတ်သွင်!!!

ဦးကြည်ဖြူလင်းတစ်ယောက်ဟိုတယ်မှာရှိနေတယ်ဆိုတဲ့သတင်းကိုကြားကြားချင်းဒေါသတကြီးနဲ့ရောက်ချလာလေသည်။

ခွပ်!!

ဖခင်ဖြစ်သူရဲ့လက်သီးချက်ကိုထိသွားသောကြည်ခေတ်တစ်ယောက်ဒေါသတကြီးနဲ့''အဖေဘာလို့ကျနော့်ကိုထိုးထားတာလဲ''

နှစ်မြွာအသည်း (or) နှလုံးသားရန်သူတော်(S2)Where stories live. Discover now