အဓိပတိဖခင်ဖြစ်သူရုံးမှာမရှိဘူးဆိုတာသိတာကြောင့်ချက်ချင်းအထည်ဆိုင်ဘက်ကိုလှည့်လာခဲ့လေသည်။
''ဒယ်ဒီမာမီကျနော်ဒီနေ့လူနာတစ်ယောက်ကိုခွဲစိတ်ပေးဖို့ရှိတယ်..''မနက်ဘက်သားငယ်ဖြစ်သူဆီသို့လှည့်လာပြီးအခြေအနေအကျိုးအကြောင်းမေးမြန်းလေသည်။သားဖြစ်သူကသူ့အားအရင်ကလောက်မစိမ်းကားတော့ပေ။
''သားရယ်မနက်စာလည်းမစားဘူးစားပြီးမှသွားပါလားကွယ်..''
''ဟုတ်သားဘဲသားမာမီပြောစကားကိုနားထောင်လိုက်ပါသားခွဲခန်းထဲ၀င်ရင်ဗိုက်ဆာနေမှဖြင့်စားသွားလိုက်..''
မိဘ၂ပါးလုံးကမနက်စာစားပြီးမှသွားစေချင်တာကြောင့်နှိုင်းလည်းမနက်စာစားရလေတော့သည်။
ပွမ်...ပွမ်...ပွမ်
ခြံရှေ့မှာကားဟွန်းသံကြောင့်ဦးမင်းခတစ်ယောက်ခြံထဲကနေလှမ်းကြည့်လိုက်လေသည်။
''အဓိပတိပါလား...''
''မောင့်သားလား..မောင့်ကိုလာရှာတာထင်တယ်..''
''အင်းနေအုန်းမောင်သွားကြည့်လိုက်မယ်''ဦးမင်းခတစ်ယောက်ခြံထဲကိုဆင်းလာပြီးတံခါးဖွင့်လိုက်တော့အဓိပတိကကားပေါ်မှဆင်းလာကာ''အဖေကျနော့်ကိုဒီကိုလာမယ်ဆိုတာဘာလို့ကြိုမပြောထားတာလဲ''
''သားသိနေတာဘဲမလား''
''ကျနော်သိတယ်ဒါပေမယ့်မေမေ့ကဖေဖေခြေလှမ်းပျက်နေတယ်ထင်ပြီးသူနေ့နေ့ညညစိတ်ဆင်းရဲနေရတာဖေဖေသိရဲ့လား...''
''သားအမေကအဖေ့ကိုစကားမပြောဘဲပစ်ပယ်ထားတာလေ...အဖေပြောလည်းသူမှနားမထောင်တာ''
''ဒါပေမယ့်ဖေဖေရယ်..မေမေကဖေဖေချစ်လို့ယူထားတဲ့မိန်းမလေတစ်ခုခုဆိုဖေဖေကဘဲအလျော့ပေးသင့်တာပေါ့...မေမေအခနေမကောင်းဖြစ်ပြီအိပ်ယာထဲလဲနေတယ်''
''ကျော့ဘာဖြစ်တာလဲသား''
''ဆရာ၀န်ပြောတာကတော့မေမေ့မှာနှလုံးရောဂါအစပျိူးနေပြီးတဲ့''ဦးမင်းခစားဇနီးဖြစ်သူနေမကောင်းဖြစ်တာကြောင့်ဟန်ပင်မဆောင်နိုင်ဘဲချက်ချင်းကားယူကာအိမ်သို့မောင်းထွက်သွားလေသည်။အဓိပတိအိမ်ထဲကိုလှမ်းကြည့်လိုက်တော့သူ့အားစိုက်ကြည့်နေသောတုနှိုင်းတော်ကိုတွေ့ရလေသည်။
YOU ARE READING
နှစ်မြွာအသည်း (or) နှလုံးသားရန်သူတော်(S2)
RomanceI hate love ဆိုတဲ့fic၏အဆက်ပါဗျ.. MC တိုက်စစ်တော် ❤ မယ်သစ်ရောင်ခြည် MC တုနှိုင်းတော် ❤ မယ်သွေးရွှေကြည် SC အောင်နိုင်သူ ❤ ပန်းဦးဖြာ SC သာလွန်သူ ❤ ပန်းတော်ဆက် SC ကြည်ခေတ်သွင် ❤ လမင်းစန္ဒာ SC အဓိပတိ ❤ အောင်ရွှေကြည် ❤❤❤❤❤❤❤❤❤❤❤❤❤❤❤