အခန်း3

53 2 0
                                    

"ဒယ်ဒီရေ........မာမီရေ........ဝန်း..ဝင်လာခဲ့လို့ရလားဗျ''
''Daddy's Princessလေးအလိုကျတိုင်းဝင်လာခဲ့လို့ရပါတယ်ဗျ...''
''ဟိဟိ.......ဒယ်ဒီဝန်းကိုချီ.....ဒယ်ဒီနော်လို့....ဝန်းကိုချီပါနော်''
ဝင်ခွင့်ပေးလိုက်တယ်ဆိုရင်ပဲတံခါးလေးဖွင့်ကာ အကိုနဲ့ မြ တို့ အလုပ်အကြောင်း ဆွေးနွေးနေသည့် စာကြည့်ခန်းထဲဝင်လာကာ သူ့ဒယ်ဒီကိုချီခေါ်ဖို့ ချွဲနေသည့်သမီးငယ်လေး။ သမီးငယ်လေးကအကို့ကိုအရမ်းကပ်သည် ။​ေနမကောင်းတဲ့နေ့များဆို'ဖေဖေမေမေနဲ့အိပ်ချင်လို့ပါနော်ဆိုပြီးမြတို့အခန်းထဲဝင်လာအိပ်တက်သည်။သမီးလေးစကားပြောတက်စအရွယ်ကတိုင်ဖေဖေမေမေလို့ခေါ်ဖို့သင်ပေးဖူးပေမယ့်သမီးငယ်လေးကမာမီဒယ်ဒီလို့သာ​​​ေခါ်လေ့ရှိသည်။တစ်ခါတစ်ရံသူလိုချင်တာရဖို့ချွဲသည့်အခါတော့ဖေဖေမေမေခေါ်တက်သည်။မြရဲ့ဇာတိကမန္တလေးမို့ငယ်ငယ်ကတိုင်စကားပြောရင်'ဗျ'တို့...'ဗျာ'တို့အသုံးမျာ့းသည်။ဤသည်ကိုသမီးလေးကအတုယူပြီးငယ်ငယ်ကတိုင်မြလိုလိုက်ပြောသည်။'ရှင်'လို့ပြောဖို့သင်ပေးပေမယ့်လဲမရပေ။
''ဝန်းလေး........သမီးဘာလိုလို့လဲပြောလေ.....သမီးလေးကိုငယ်ငယ်ကတိုင်မာမီပြောထားတယ်လေ......သမီးဘာလိုချင်တယ်ဘာလုပ်ချင်တယ်ဆိုတာကို........မာမီနဲ့ဒယ်ဒီကိုတိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြော...မာမီတို့နဲ့ဆိုသမီးသွယ်ဝှိုက်ပြီးမပြောနဲ့လို့...ပြောထားတယ်လေ....''
ခေါင်းလေးငုံ့ကအဖြူရောင်ဂါဝန်ကားကားလေးထဲလက်လေးတွေဖွက်ရင်းပြောလာသည်။
''ဟုတ်...မာမီ.....သမီးမှားသွားပါတယ်တောင်းပန်ပါတယ်....''
''မြ......ကလဲကွာ.....Laura...လေးက...ကလေးပဲရှိသေးတာအဲ့လောက်ကြီးမတင်းကျပ်ပါနဲ့....ပြီးတော့ကိုယ်နဲ့ပြန်တွေ့တာသိပ်မကြာသေးလို့ကိုယ့်ကိုချွဲနေတာပါ.......နော်သမီးလေး...ဟုတ်တယ်မလား''
''..မြ..ဆူနေတာမဟုတ်ဘူး.....အကို......မြ...ကသမီးလေးကိုသင်ပေးနေတာအကိုရဲ့......သမီးလေးနဲ့မြတို့​ကြားမှာဘာအတားဆီးမှမရှိ ပဲ ပွင့်ပွင့်လင်းလင်းနဲ့စည်းစည်းလုံးလုံးဖြစ်စေချင်တာ...ဖြစ်ချင်တာကိုဖြစ်သင့်တာကိုရဲရဲဝင့်ဝင့်တောင်းဆိုရဲတဲ့ကလေးတစ်ယောက်ဖြစ်စေချင်တာပါအကို.....''
မြရဲ့စကားအဆုံးDavidသမီးလေးကိုလက်ဆွဲကာမြထိုင်နေရာဆိုဖာအနီးလျှောက်လာမိသည်။ဇနီးကောင်းပီသ..သလိုမိခင်ကောင်းတစ်ယောက်ဖြစ်အောင်လဲကြိုးစားနေထိုင်သည့်ကျွန်တော့ရဲ့အမျိုးသမီး...သဘောကောင်း​ပြီးကြင်နာတက်သလိုပြတ်သားမိလျှင်လဲနှစ်ယောက်မရှိ။အလုပ်တစ်ခုလုပ်ပြီဆိုလျှင်လဲတိကျသေချာအောင်လုပ်သည့်အကျင့်လေးလဲရှိသည်လေ။ရည်မှန်းချက်ရှိလျှင်လဲဖြစ်မြောက်အောင်လုပ်တက်ပြီးလိုချင်တာကိုရအောင်ယူတက်သည်။တောင်းဆိုသင့်တာကိုရဲရဲဝင့်ဝင့်တောင်းဆိုတက်ပြီးငြင်းသင့်တာကိုလဲပြတ်ပြတ်သားသားငြင်းဆန်တက်သည်။မြနဲ့စတွေ့တုံးကအလွဲပေါင်းသောင်းခြောက်ထောင်ကိုအမှတ်ရတော့Davidတစ်ယောက်မျက်နှာထက်ပြုံးရိပ်သန်းလာသည်။မြလက်ကလေးကိုဖွဖွဆုပ်ကိုင်ရင်းမြလက်ဖမိုးလေးကိုညင်ညင်သာသာနမ်းရှိုက်မိသည်။
''မြရယ်...မြသင်နေတယ်ဆိုတာကို..ကိုယ်သိတာပေါ့......ကိုယ့်သမီးလေးကခုမှကိုယ်နဲ့တွေ့တာလေ..သုံးနှစ်လောက်ခွဲနေခဲ့ရတော့ကိုယ့်ကိုလွမ်းနေရှာတာ....သူ့ခမျာကိုယ့်အပေါ်ဆိုးချင်ရှာမှာပေါ့.....''
''ဒါပေမယ့်....ကိုယ်ရယ်.........
''မြ.........ကိုယ်ပြောတာဆုံးအောင်နားထောင်လေကွာ......နော်..ကိုယ့်အချစ်''
ပြောနေရင်းမြကိုယ်လေးကိုဆွဲလှည့်လိုက်ကာမေးကိုDavidပင့်ကိုင်လိုက်တယ်ဆိုရင်ပဲမျက်လုံးလေးဝိုင်းပြီးပြန်ကြည့်လာသည်။သမီးလေးကတော့သဘောကျစွာတခိခိရယ်နေလေရဲ့။
''သမီးလေးကဒီနှစ်​ဆိုဆယ်နှစ်ပြည့်ပြီ......ဆယ်နှစ်ပြည့်ရင်ကိုယ်တို့Adamမိသားစုစည်းကမ်းနဲ့ရိုးရာတွေအရ......အိမ်ရဲ့အခြေနေအိမ်ရဲ့အလုပ်အကိုင်.....အိမ်ရဲ့သိသင့်သိထိုက်တဲ့အရာအားလုံးကိုပြောပြရတော့မယ်...၊ပြီးရင်ကိုယ်တို့မိသားစုစည်းဝေးပွဲတွေမှာလဲသမီးလေးကမိသားစုဝင်တစ်ယောက်အနေနဲ့ဝင်ရောက်ပြောဆိုဆွေးနွေးပိုင်ခွင့်ရှိတဲ့သူတစ်ယောက်ဖြစ်တော့မယ်လေ.....ဖြေးဖြေးချင်း.........ဖြေးဖြေးချင်း....ပဲသင်ပေးကြမယ်လေနော်.....''
''ဟုတ်ကဲ့....အကို...မြ......မြ...လောသွားတယ်.......မာမီတောင်းပန်ပါတယ်နော်သမီးလေး....လာပါအုံးမာမီးသဲတုံးလေး''
သမီးလေးကိုဖက်ကာတောင်းပန်နေရှာသည့်မြ....သမီးလေးjuliကိုဆုံးရှုံးလိုက်ရပြီးကတည်းကကျန်နေခဲ့သည့်သမီးလေးLauraကိုလိုလေးသေးမရှိအောင်တုန်နေအောင်ချစ်လေသည်။လူတိုင်းရဲ့ရှေ့မှာလေးစားအာကျရလောက်အောင်ထိကြံ့ခိုင်သည့်........မြ......လူတိုင်းရိုသေလောက်အောင်ထိအရှိန်အဝါကြီးကာမာနကြီးကာအေးဆေးတည်ငြိမ်သည့်မြက.......ဤကဲ့သို့နွေးထွေးပေမယ့်အထီးကျန်ကာပူဆွေးနေသည့်တစ်ဘက်ခြမ်းလဲရှိသေးသည်။Davidလဲ...သမီးလေးကိုဖက်ထားသည့်မြကိုယ်လုံးလေးကိုသိုင်းကာသမီးလေးရောမြကိုပါသိမ်းဖက်ထားမိလေသည်။'မြ....စိတ်ချလက်ချနဲ့မှိီခိုပါ.....မင်းရဲ့ပျော်ရွှင်မှုတိုင်းကိုကိုယ်ဖန်တီးပေးမယ်....မင်းရဲ့ဝမ်းနဲမှုတိုင်းကိုကိုယ်မျှဝေခံစားပေးပါ့မယ်........မင်းရဲ့အားလျှော့စိတ်ပျက်ပြီးအထီးကျန်တဲ့ဘက်ခြမ်းကိုကိုယ်ကလွဲလို့ဘယ်သူမှမမြင်နိုင်အောင်မသိနိုင်အောင်ကိုယ်ကာကွယ်ပါ့မယ်.......ကိုယ့်ဒီထက်လဲပိုချစ်ပေးပါ့မယ်............
ချစ်လိုက်တာ.........မြရယ်'

ပိုင်ဆိုင်ခွင့်Where stories live. Discover now