အခန်း12

12 0 0
                                    

''ဒီပန်းတွေကို.......ဟိုဘက်ကခုံလေးပေါ်မှာတင်လိုက်.........အဖြူရောင်ကိုအဓိကထားပြီးအနီကိုဘေးကရံပြီးသုံးနော်''
''သခင်မ.......မုန့်တွေအဆင်သင့်ဖြစ်ပါပြီ.......စစ်ကြည့်အုံးမလားရှင့်.....''
''အရသာစုံပြီလား.........နေနေ ..မြကိုယ်တိုင်ပဲလာကြည့်တော့မယ်....ဒေါ်တင့်ကိုသွားခေါ်ပေးပါအုံး...''
''ဟုတ်ကဲ့ရှင့်.......''
အိမ်ရှေ့တွင်စီစဥ်နေသည်များကိုခနထားခဲ့ကာအိမ်ထဲသို့ပြန်ဝင်သွားသော
ဒေါ်မြဧကရီနွယ် တစ်ယောက် မမောနိုင်မပန်းနိုင် အလုပ်ရှုပ်နေလေတော့သည်။
''ဟော.......အကို....သမီးလေးကိုကျောင်းသွားမပို့သေးဘူးလား......နောက်ကျနေအုံးမယ်''
အပေါ်ထပ်မှာဆင်းလာသော David တစ်ယောက်လဲ ချွေးများစို့ကာအနည်းငယ်ပင်ပန်းနေပုံရသော ချစ်ရသူဇနီးအနားသို့ သွားကာ ချွေးလေးများသုတ်ပေးရင်း ရေတစ်ခွက်ယူကာ မြလက်ထဲထည့်ပေးလိုက်သည်။ ​
''မြသမီးပေါ့........ဖိတ်စာတွေမေ့လို့တစ်ခေါက်ပြန်ယူလေရဲ့...... ပြီးတော့....ပိုင်လေးအိမ်ဝင်ချင်လို့တဲ့......ဟိုတစ်နေ့ကပိုင်လေးပေးဖို့သူဝယ်လာတဲ့အရုပ်တွေသွားယူနေတယ်လေ''
''ဒယ်ဒီရေ........သွားကြမယ်.......မာမီဝန်းသွားတော့မယ်.....''
''လာပါအုံး.......မေ့အသဲလေး........morning kissလေးတောင်မပေးရသေးဘူး.......နေ့လည်ခွင့်တိုင်ခဲ့ဖို့မမေ့နဲ့နော်......ဝန်းလေး..''
''Yes......မာမီ''
''မြ......ကိုယ်သွားပြီ ပင်ပန်းအောင် လုပ်မနေနဲ့အုံး ကိုယ်ပြန်လာမှ စီစဥ်ပေးမယ်ကြားလား''
''ပြွတ်စ်
Davidတစ်ယောက် ဇနီးဖြစ်သူအားမှာစရာရှိတာများကို မှာ၍ ခါးလေးမှဖက်ကာ နှုတ်ခမ်းဖူးဖူးလေးထက်အနမ်းလေးတစ်ချက်ချွေလိုက်သည်ဆိုရင်ပဲ
''အို........အကိုကလဲ......သမီးရှိနေတာကို.....''
''ခစ်ခစ်ခစ်.... ''
ဇနီးသည်ထံမှပါးလေးများပန်းရောင်သံလာကာရှက်နေသည့်အသံလေးနှင့် မိဘများအားကြည့်ကာ သဘောကျနေသည့်Lauraလေး၏ရယ်သံလေးက အပြိုင်ထွက်လာလေတော့သည်။
''ဒယ်ဒီ......''
''ဟင်......''
ကားမောင်းနေရင်းသမီးငယ်စီမှခေါ်သံကြားရ၍ ထူးသံပေးလိုက်ရင်း သမီးငယ်စီ ကြည့်လိုက်မိသည့်အခါ သမီးငယ်လေးကာ မျက်နှာလေးတည်ကာ တွေတွေလေးငေးနေလေသည်။
''မာမီ့ကိုအရမ်းချစ်တာပဲလားဟင်........''
''ချစ်တာပေါ့.......သမီးရဲ့.......နိုင်ငံတွေခြားနေတာတောင်.......သမီးရဲ့အမေကိုချစ်လွန်းလို့ဒီမြန်မာနိုင်ငံထိရောက်အောင်လာပြီးသမီးအမေကိုအပိုင်သိမ်းခဲ့ရတာလေ''
''ဒယ်ဒီသမီးကို......ကတိတစ်ခုပေးပါ....''
''ဘာကတိလဲ......Laura''
''မာမီနဲ့သမီးအပေါ်.......ဘယ်တော့မှ....သစ္စာမဖောက်ဘူး လို့.....ပြီးတော့....ပျော်ရွှင်စရာ.....ဝမ်းနည်းစရာတွေကိုအတူတူ မျှဝေခံစားပါ့မယ်လို့.... အဲ့ကတိပေးနိုင်မလား''
''သမီးဘာလို့အဲ့ကတိတောင်းလဲတော့ မသိပေမယ့်........ ဒယ်ဒီကတိပေးပါတယ်.......အဲ့ကတိကိုဒယ်ဒီ့အသက်ထက်ပိုတန်ဖိုးထားပါ့မယ်''
Lauraက.....ခန အသံတိတ်သွားပြီးနောက် Davidဘက်သို့မျက်နှာလှည့်လာကာ အကြည့်ချင်းဆုံလာပြီး ခနအကြာ စကားတစ်ခွန်းပြောလာလေသည်။
''....Lili.''
ကျွီ......ဘရိတ်အုပ်သံနှင့်အတူ.....မောင်းနေသည့်ကားအားလမ်းဘေးတွင်ထိုးရပ်လိုက်မိကာDavidတစ်ယောက် Laura ကိုမယုံနိုင်ခြင်းများစွာနဲ့ ကြည့်မိသည်။
''Lili  Adom ဆိုတာဘယ်သူလဲဒယ်ဒီ''
ဒယ်ဒီ ဆွံ့အနေပုံအား.....ဝန်းကြည့်ကာ...ခပ်ဟ ဟရယ်ရင်းလက်ထဲတွင်လဲသစ်သားပြားလေးပေါ်တွင်နာမည်ထိုးထားသည့် လက်ပတ်လေးအားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဒယ်ဒီနှင့်အကြည့်ချင်းဆုံနေရာမှ အကြည့်လွှဲမိသည်။
ဝန်းဆုတောင်းတွေတော့မပြည့်တော့ဘူးထင်ပါရဲ့။ ဝန်းတစ်ယောက်ထဲမို့မောင်နှမတွေလိုချင်တာမှန်ပေမယ့် မာမီကိုဖောက်ပြန်ပြီးဒယ်ဒီတစ်ခြားသူနဲ့ရလာတဲ့သွေးသားကိုတော့ ဝန်းလက်ခံပေးလိုစိတ်မရှိပေ။
''ပြီးတော့........ဝန်းကတစ်ဦးထဲသောသမီးဆိုတာသေချာလား''
''Laura သမီးထင်သလိုမဟုတ်ဘူး....ဒယ်ဒီရှင်းပြပေးမယ်....ဒယ်ဒီက''
''ဒယ်ဒီ.....
Davidစကားမဆုံးခင်မှာပင် သမီးကဖြတ်ပြောလာလေသည်။
''ဒယ်ဒီ......ဒီနေ့ကသမီးရဲ့ဆယ်နှစ်ပြည့်မွေးနေ့လေ...သမီးရဲ့..... မိသားစုအကြောင်းကိုစုံစုံလင်လင်သိရတော့မယ့်နေ့ဆိုလဲမမှားဘူးလေ....... ပြီးတော့ အခုချိန်မှာ သမီး နားထောင်ဖို့ အဆင်သင့်မဖြစ်သေးဘူး......မိသားစုစည်း​ဝေးပွဲနေ့ ကြရင်တော့......ဒီမေးခွန်းတွေရဲ့အဖြေကို ....သမီး.... ကိုတိတိကျကျရှင်းပြပေးနိုင်မယ်လို့မျှော်လင့်ပါတယ်''
စကားဆက်မပြောဖြစ်တော့ဘဲကားပေါ်တွင်ငြိမ်သက်စွာလိုက်ပါလာသောသမီးငယ်လေး၏မျက်လုံးမှာတော့မျက်ရည်ကြည်လေးများဝေ့ကာ မျက်နှာလေးမှာတော့ပကတိငြိမ်သက်နေလေသည်။ ကျောင်းပေါက်ဝသို့ရောက်သည်နှင့် ကားပေါ်မှဆင်းသွားကာ ခါတိုင်းကဲ့သို့ David ကိုနှုတ်ဆက်မသွားပေ။
''ဝန်း....အယ်......ငါခေါ်တာတောင်မကြားဘူး.....ဘယ်ကို...... အလောတကြီးသွားနေပါလိမ့်.......''​နှောင်းတစ်ယောက်ဝန်းအားတွေ့လိုက်သဖြင့်....လွယ်အိတ်ပင်ကျောင်းခန်းထဲသွားမထားပဲ ဝန်းနောက်လိုက်လာခဲ့မိသည်။ ဟောတွေ့ပါပြီ ဝန်းတစ်ယောက်ကျောင်းကစားကွင်းထဲကဒန်းပေါ်တွင်တစ်ယောက်ထဲထိုင်နေရင်း.... ငိုင်နေသဖြင့်ဝန်းအားစနောက်ရန်ဘေးနားကပိုက်လုံးပုံ သဏ္ဌာန်ရှိသောလိုဏ်ခေါင်းလေးထဲသို့ဝင်ကာဝန်းရှိရာဘက်သို့တိတ်တိတ်လေးလေးဘက်ထောက်လာမိလေသည်။
''သခင်မလေး......ရောက်ပါပြီ''
''အင်း........မယ်ရီ......ဒယ်ဒီက.....မာမီအပေါ်ဖောက်ပြန်နေပြီထင်တယ်....''
''မဟုတ်လောက်ပါဘူး......သခင်မလေး.....အန်နာကိုစောင့်ကြရအောင်ပါလျှောက်မတွေးပါနဲ့......အန်နာစုံစမ်းနေပြီလေ''
Ring.....Ring.....Ring
မယ်ရီ တစ်ယောက်သခင်မလေးအား.... နှစ်သိမ့်ပေးနေရင်းအိပ်ကပ်ထဲမှဖုန်းလာ၍ကိုင်လိုက်လေသည်။ခနအကြာဝန်းထံဖုန်းလွှဲပေးလာ၍ကိုင်လိုက်ရလေသည်။
''အင်း.......ရတယ်........ဖြစ်နိုင်သမျှသဲလွန်စအကုန်....တစ်ခုမှမကျန်စေနဲ့....အဲ့အိမ်ကိုမြေလှန်ရရင်တောင်......ရှာလာခဲ့.....ရတယ်ခနနေကွန်ဒိုကိုလာခဲ့မယ်''
မယ်ရီဆီဖုန်းပြန်ပေးလိုက်ကာ မယ်ရီကိုကျောင်းအုပ်ကြီးထံလွှတ်၍ခွင့်တိုင်ခိုင်းလိုက်လေသည်။ ဝန်းထိုင်နေရင်း မသိမသာပြုံးမိသည်။ခုထိထွက်မလာသေးပုံအရတော်တော်အံ့သြနေပုံရသည်။
''ဒီနေ့တနေကုန်အဲ့ထဲမှာပဲထိုင်နေ့တော့မှာလား မမနှောင်း.....''

''ဟင်.....အဲ...ဟီးဟီး.... ဝန်းဘယ်လိုသိတာလဲ.......''

''မမရေမွှေးနံရကတည်းက မမရောက်နေမှန်းသိတယ်...''

''မမတမင်ခိုးနားထောင်တာ မဟုတ်ပါဘူး.....''

''ဝန်းသိပါတယ်......မမရဲ့အကြောင်းကိုဝန်းသိတာမို့......ဝန်းယုံတာမို့လို့....မမကိုဘာမှမလုပ်တာပေါ့မဟုတ်ရင်ဝန်းက.....guardတွေကိုခေါ်ပြီးမောင်းထုတ်လိုက်မှာပေါ့....''

''ဝန်း........အရမ်းဝမ်းနည်းနေလားဟင်.....လာ.....မမဖက်ထားပေးမယ်''

ပြောရင်းနဲ့ ဝန်းနားလာကာ မက်တက်ကလေးရပ်လျှက်ဝန်းခေါင်းလေးကို.သူ့ရင်ခွင်ထဲထည့်၍......ဖက်ထားလေသည်။
''ဝန်း......အားမငယ်ပါနဲ့...မမရှိတယ်လေနော်.....ဝန်းတစ်ယောက်ထဲရင်ဆိုင်မနေနဲ့.....မမလဲရှိတယ်....ဝန်းဘေးနားမှာ.....''
''ဟင့်.......ကျေးဇူးပါမမ...ဟင့်.....ဟင့်..မမတစ်ယောက်ပဲသိပြီးလှို့ဝှက်ထားပေးပါ''
''အင်း.....မမဘယ်သူ့ကိုမှမပြောပြပါဘူး''
ဝန်းလဲငိုလို့အားရမှမျက်ရည်များကိုသုတ်ကာနှောင်းပေးသည့်wet tissueနှင့်သန်းရှင်းလိုက်လေသည်။
''သခင်မလေး.....သွားလို့ရပါပြီ''
''ခနစောင့်အုံးမယ်ရီ.....ဖိတ်စာသွားပေးလိုက်အုံးမယ်........အထဲလိုက်ခဲ့လေကူဝေပေးအုံး''
ဝန်းလဲကျောင်းခန်းထဲသို့ဝင်ကာဝန်းတို့အတန်းမှလူများအား.....ဖိတ်စာများဝေပေးလိုက်​ေလသည်။ မယ်ရီကတော့ဆရာဆရာမများအားလိုက်ဝေပေးသည်။ နှောင်းကတော့နှောင်းတို့သူငယ်ချင်းသုံးယောက်အတွက်ဖိတ်စာသုံးစောင်ယူကာစာသင်ခန်းသို့ပြန်သွားလေသည်။
''မမလေး.....အားလုံးဝေပြီးပါပြီ....ခုကွန်ဒိုကိုသွားကြတော့မလား.....''
''အင်း......သွားရမှာပေါ့....''
ကျောင်းဝန်းထဲမှထွက်လာသည့်ကားအနက်ကလေးသည် မြို့လယ်ခေါင်ရှိကွန်ဒိုတိုက်ခန်းသို့ဦးတည်၍ ဖြည်းဖြည်းနှင့်မှန်မှန် ​မောင်း နှင်နေသော်လည်း ကားပေါ်တွင်စီးနင်းလိုက်ပါလာသူ နှစ်ဦးမှာတော့ အတွေးကိုယ်စီတို့ဖြင့် စိတ်ထဲတွင်ပူလောင်ကာ ယောက်ယက်ခက် ၍နေလေသည်။
................................................................
mentလေးတွေနဲ့သာsupportပေးရင်အရမ်းပျော်မိမှာ 🙂🙂🙂
အဆိုးအကောင်းအကျိုးအကြောင်းလေးဝေဘင်ပေးကြပါအုံးနော်

You've reached the end of published parts.

⏰ Last updated: Nov 10 ⏰

Add this story to your Library to get notified about new parts!

ပိုင်ဆိုင်ခွင့်Where stories live. Discover now