ရန်ကုန်မြို့IECTကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းဝန်းအတွင်းသို့ကျောင်းလေ့လာရေးကားဝင်လာသည်နှင့်တပြိုင်နက်ကျောင်းသားမိဘများမှာလည်းမိမိတို့၏သားငယ်သမီးငယ်လေးများအားကြိုဆိုရန်အလို့ငှာအသီးသီးရောက်ရှိနေကြပြီဖြစ်သည်။ လေ့လာရေးကား ဆိုက်ရောက်လာပြီး ကျောင်းသားများဆင်းလာသည်နှင့် မိဘများမှာလဲ မိမိ၏သားသမီးငယ်များအား အိမ်သို့ပြန်လည်ခေါ်ဆောင်ရန် ကိုယ်ပိုင်ကား များဖြင့်လာခေါ်သူကခေါ် ခရီးဆောင်အိတ်များဆွဲကာကြိုသူကကြိုနှင့် ကားအနီးတွင်လူများရှုပ်နေလေသည်။ ဝန်းလဲ စီနိီယာမင်းသန့်နောင်မှဝန်း အထုပ်အပိုးများကိုကားပေါ်မှကူချပေးသဖြင့် အထုပ်အပိုးများက်ုမျက်ခင်းပြင် ပေါ်ချကာ လာအကြိုကို ရပ်စောင့်နေလိုက် သည်။
ကျွီ........ကျွီ.........ကျွီ.........
မကြာလိုက်ပါMersedes S အနက်ရောင်ကားသုံးစီးအလျင်လိုစွာလေ့လာရေးကားအနီးထိုးရပ်လာခဲ့သည်။ ထို့နောက် ရှေ့ဆုံး ကားနှင့်နောက်ဆုံး ကားပေါ်မှ အနက်ရောင်ဝတ်လူနှစ်ယောက်စီဆင်းလာကာကားဘေးတွင်မတ်တပ်ရပ်ကာစောင့်နေသည်။ထို့နောက်အလယ်ကားမှကားမောင်းသူဆင်းလာကာ ကားနောက်ခန်း တံခါးလာဖွင့်ပေးေလသည်။ ကားနောက်ခန်းမှအနက်ရောင်suitဝတ်ကာအရပ်ထောင်ထောင် မောင်းမောင်းနှင့်စတိုင်မိုက်မိုက် ရုပ်ရည်ဖြောင့်ဖြောင့်နှင့် လူတစ်ယောက်ဆင်းလာကာ Jameဖုန်းဆက်၍လှမ်းပြောပြသောအပြာရောင်မျက်ဝန်းပိုင်ရှင်မိန်းကလေးကို လိုက်ရှာနေမိသည်။ နေကပူပူနှင့် လိုက်သာရှာနေရသည် ခုထိအရိပ်တောင်မတွေ့ရပါ။ Night တစ်ယောက်မျက်ဝန်းအပြာရောင်နှင့်ကလေးမကို လိုက်ရှာရင်း Jameကိုလည်းမေတ္တာပို့ဖို့မမေ့ပေ။ပြင်သစ်မှမြန်မာသို့မနက်လေးနာရီလောက်ကမှရောက်၍ ဟိုတယ်မငှားတော့ပဲJame၏တိုက်ခန်းတွင်သာသွားနေလိုက်မိသည်မှာမဟာအမှားကြီးထြစ်သည်ဟု တွေးမိလာသည်။ ပင်ပန်းသဖြင့်ရေမိုးချိုးကာအိပ်ဖို့ပြင်တော့မနက်ငါးနာရီပင် ထိုးနေပြီဖြစ်သည် ။အိပ်ကောင်းလို့သိပ်မကြာခုနှစ်နာရီတွင် Jameဆိုသည့်သတ္တဝါကဖုန်းဆက်ကာလှမ်းနိုးပြီး မမလေးဆိုသူအားသွားကြိုခိုင်းလေသည်။ သခင်ကြီး၏ သမီးဖြစ်သော်ညားလဲ ကလေးက ကလေးလိုနေသင့်သည်၊ခုတော့ကျောင်းလေ့လာ ရေးလေးပြန်လာသည်ကို သူ့လိုဂိုဏ်း အကြီးပိုင်း ခေါင်းဆောင်ထဲကတစ်ယောက်ဖြစ်သည့်လေးယောက်မြောက်ခေါင်းဆောင်က သွားကြိုစရာလိုပါသည်လား။ သွားကြိုရုံတင်မဟုတ် အဝတ်အစားကိုသပ်သပ်ရပ်ရပ်ဝတ်သွားဟုဆိုသဖြင့်ရေထချိုးကာပြင်ဆင်လာခဲ့ရပြန်သည်။ ဤတွင်မပြီးသေးမမလေးကိုကြိုရန်အတွက်ဆိုကာကားသုံးဆီးနှင့်သွား ရပြန်သည်။ ထို့အပြင်ကျောင်းနှင့်မလှမ်းမကမ်းတွင်နှစ်နာရီလောက် ထိုင်စောင့်နေလိုက်ရပြန်သည်။ စောင့်ပြီးလို့ကျောင်းကား လာပြန်တော့လဲ ထိုပေါက်စ ကလေးကိုရှာလို့မတွေ့သေးပေ။ 'ဟိုသကောင့်သားဆိုသည်မှာလဲguardခေါင်းဆောင် ဘယ်လိုဖြစ်လာရယ်မသိ သီတင်းအချက်အလက်ပေးသည်မှာ မျက်လုံးကအပြာရောင်လေးတဲ့ အားလုံးထဲမှာသူတစ်ယောက်ပဲမျက်လုံးကအပြာရောင်တဲ့ ရှာကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်တဲ့'ဤကဲ့သို့သာပြောပြီးပြန်မေးချိန်တောင်မရလိုက်ဖုန်းချသွားလေတော့သည်။ 'ထိုသတ္တဝါသာအနားရှိနေရင် ဖင်သာပြေးချလိုက်ချင်တော့သည်.......လက်ဝါးနဲ့ပြောပါတယ်'..................
'ဟက်ချိုး.......ဟက်ချိုး........''ငါ့အကြောင်းဘယ်သူမကောင်းပြောနေပါလိမ့်..''..........Jameတစ်ယောက်သခင်ကြီးခိုင်းထားသည့်စာရင်းများကိုစစ်နေရင်းနှာထချေသောကြောင့်တစ်ယောက်ထဲတီးတိုးရေရွတ်နေမိလေသည်။'Night.....အဆင်ပြေပါ့မလား.......ပြေလောက်မှာပါ......သူ့ပါသူပြေအောင်လုပ်လိမ့်မယ်.........သခင်ကြီးကမနက်ဖြန်အပြီးသိချင်တယ်တဲ့ဒီစာရင်းတွေမြန်မြန်စစ်ပြီးဘယ်နားမှာဘယ်လောက်ကွာနေတယ်ဆိုတာမြန်မြန်ရှာရမယ်.....'Jameအတွေးတွေဖြတ်ကာအလုပ်ထဲတွင်သာခေါင်းနှစ်လိုက်တော့သည်။Jameပေးလိုက်သည့်အချက်အလက်နှင့်မြန်မာနိုင်ငံ၏ပူပြင်းလှသည့်နွေရာသီအပူဒဏ်ကို Nightတစ်ယောက် အလူးလဲခံရင်းသူ့အားမေတ္တာများအတုံးလိုက်အတစ်လိုက်ပေးပို့နေသည်ကိုတော့Jameမသိရှာပါ။.....................
Nightလဲလိုက်ရှာရင်းမတွေ့တော့သဖြင့်Jameအားဖုန်းလှမ်းဆက်ရလေတော့သည်။.....
*Hello.........Night......ဘာကိစ္စရှိလို့လဲ......မမလေးကိုကြိုပြီးပြီလား''
''My son, I still haven't seen the baby with blue eyes you mentioned.''
''မင်းရောက်နေတာမြန်မာနိုင်ငံ.......မအေဘေးရဲ့....မြန်မာလိုပြော.....ခုထိကိုရှာမတွေ့သေးဘူးလား........''
''အေး......အကောင်မပြောနဲ့......အမှီးတောင်မမြင်ရသေးဘူး.....''
''ဟျောင့်.......ပေါက်ပန်းလေးဆယ်တွေပြောမနေနဲ့........လိုက်ရှာ......နောက်ကျနေရင်မမလေး....စိတ်ဆိုးနေမယ်......''
''မင်းကမင်းပထွေးကိုပုံစံမှ မပြောတာ မျက်လုံးအပြာရောင်လို့ပဲပြောတာကို မင်းပထွေးငါကလိုက်ရှာလို့မတွေ့ဘူးလေ.......ပုံရှိရင်ပို့ပေး''
''အေးး......ခုပို့လိုက်ပြီ........မင်းတော့...အပစ်ပေးခံထိတော့မယ်''
''အရစ်ရှည်မနေနဲ့.....ချပြီ''
ထိုအခါမှNightလဲJameပို့သည့်ပုံကိုကြည့်လိုက်မိသည်။ဖြူသေးသေးလေးနဲ့ အကြည်ဓာတ်လေးပဲ ငါတို့သခင်ကြီးကတော့ တကယ်ချစ်စရာလေးမွေးထားတာပဲ။ ဝန်းစောင့်နေရင်း......နှင့်ကျောင်းထဲသို့ဝင်လာသည့်ကားသုံးစီးကိုကြည့်နေမိသည်။ AKစံအိမ်မှကားများဖြစ်သော်လဲ ဆင်းလာသောလူများကို မမြင်ဘူးပေ ဖေဖေပြင်သစ်မှလှမ်းခေါ်ထားသူများဖြစ်မည်ထင်သည်။ ဝန်းကိုရှာနေကြပုံရသော်လဲဝန်းတစ်ယောက်လုံးကိုဘေးထားပြီးလိုက်ရှာနေကြခြင်းဖြစ်သည်။ ဝန်းကိုမြင်ပုံမရပေ။ ဝန်းလဲဘယ်လိုလုပ်မလဲဆက်ကြည့်နေလိုက်သည်။ ခဏကြာသောအခါ မယ်ရီနဲ့အန်နာ ကားမောင်း၍ကျောင်းဝန်းအတွင်းဝင်လာလေသည်။ ကားရပ်ကာမယ်ရီနဲ့အန်နာလဲဝန်းရှိရာသို့လျှောက်လာနေသည်။ မယ်ရီနှင့်အန်နာလျှောက်လာသည်ကိုမြင်သည်နှင့် Nightတစ်ယောက်ခေါင်းငုံ့ကာအရိုအသေပေးလိုက်သည်။မယ်ရီနှင့်အန်နာကNightကိုခေါင်းတစ်ချက်ပဲညိမ့်ပြပြီးNightကိုကျော် Night၏နောက်ဘက်ဘေးတွင်ရပ်နေသော ဂါဝန်အနီရောင်လေးနှင့်ကောင်မလေးဆီသို့ တည့်တည့်လျှောက်သွားကာဦးညွှတ်လိုက်လေသည်။
''သခင်မလေး......ကျွန်တော်တို့ရောက်ပါပြီ......''
''ဒီနေ့အိမ်မှပြန်ရောက်ပါအုံးမလားလို့တွေးနေတာ.............''
''တောင်းပန်ပါတယ်မမလေး.....''
''ဝန်းနဲ့တစ်ကားထဲလိုက်စီး.....မယ်ရီတို့ကားကိုတစ်ယောက်ကိုမောင်းခိုင်းလိုက်........''ထိုသို့ပြောပြီးဝန်းလဲရပ်ထားသည့်ကားများဘက်သို့လျှောက်လာလိုက်သည်။လျှောက်လာရင်းNightရှေ့အရောက်တွင်ခြေစုံရပ်ကာ.....''ရှာလို့တွေ့ပြီလား......တွေ့ရင်ပြန်မယ်လေ.....Mr''
Nightလဲထိုအခါမှပုံထဲကိုပြန်ကြည့်မိသည်။ အမှန်ပင်မမလေးဖြစ်နေသည်။ Nightနောက်ဘက်ကိုမရှာပဲမျက်စိရှေ့တွင်သာရှာနေမိသည်။ထိုပေါက်စလေးစိတ်ဆိုးလျှင်လဲစိတ်ဆိုးလောက်စရာပင်။
YOU ARE READING
ပိုင်ဆိုင်ခွင့်
Romance"perfect person ဖြစ်ချင်ရင် ပထမဆုံးချစ်တက်တဲ့နှလုံးသားရှိအောင်လုပ် ချစ်တက်လာရင်အားနည်းချက်မရှိအောင်လုပ်အားနည်းချက်မရှိအောင်မလုပ်နိုင်ရင်ကိုယ့်ရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်အောင်ပြောင်းအချစ်ကြောင့်နဲ့အမြင်အာရုံမပျောက်စေနဲ့''(Laura) ''ငါအကောင်းဆုံးဖ...