အခန်း4

39 2 0
                                    

''မမလေး.......ကားအဆင်သင့်ဖြစ်ပါပြီ....''
''ဝန်း....နောက်ကိုလိုက်မယ့် guardကဘယ်နှစ်ယောက်လဲဦးသုတ''
''သတိမထားမိအောင်လို့လူနည်းစုပဲစီစဥ်ထားပါတယ်မမလေး''
''တိတိကျကျပြော.......''
''ငါးယောက်..ပါမမလေး''
''များတယ်.......သုံးယောက်ပဲခေါ်မယ်''
''ဒါပေမယ့်.......မမလေး.......
''guardခေါင်းဆောင်.....Jameနဲ့နောက်လိုက်နှစ်ယောက်ပဲလိုက်ခဲ့''
''ဟုတ်ကဲ့မမလေး...''အမိန့်ပေးကာထွက်သွားသည့်မမလေးကိုဦးသုတတစ်ယောက်ကြည့်မိသည်။
အသက်ငယ်ပေမယ့်စဥ်းစားဆင်ခြင်၍စီမံခန့်ခွဲသွားပုံကိုဦးသုတတစ်ယောက်မချီးမွမ်းပဲမနေနိုင်။အမိန့်ပေးသည်မမြည်သောခိုင်းစေမှု့လေးကိုပင်မလွန်ဆန်နိုင်လောက်အောင်အရှိန်အဝါရှိပုံမှာသခင်းကြီးနှင့်တူလှသလိုတောင်းဆိုခြင်းမဟုတ်သောဆုံးဖြတ်ချက်ပြတ်သားပုံမှာလဲသခင်မနှင့်တူလှသည်။
ဦးသုတတစ်ယောက် ဘေးတွင်ရှိနေသော စံအိမ်စောင့်တစ်ယောက်ကိုလက်ယက်လှမ်းခေါ်ကာ အကြောင်းစုံကို သခင်ကြီးအား တင်ပြခိုင်းလိုက်ပြီး မမလေးရှိရာကားစီသို့အမြန်လာခဲ့လိုက်သည်။ ကားအနီးရောက်သည်နှင့် ဦးသုတတစ်ယောက် ကားမှန်တံခါးကိုအသာခေါက်ကာ တံခါးဖွင့်အလာကိုစောင့်နေလိုက်သည်။
ခနအကြာ ကားမှန်ဖွင့်လာသည်နှင့်
''မမလေးပြောတာတွေအားလုံး ကျွန်တော်ဆောင်ရွက်ပြီးပါပြီ....guardသုံးယောက်ကနောက်မှာကားတစ်စီးနဲ့လိုက်ပါလိမ့်မယ်..မမလေး....''
''Ok....ဦးလေး.......ကျေးဇူးပါ...... ဒယ်ဒီ့ဆီလဲသီတင်းပို့ပြီးပြီမလား......အခုသွားလို့ရပြီဆိုတော့သွားကြမယ်လေ......''
''ဟင်........မမလေး...ဘယ်...ဘယ်လိုသိ....''
''ကားပေါ်တက်လေ....ဦးသုတ....ကျောင်းထိလိုက်ပို့မှာမလား........သွားကြမယ်''
ငြိမ့်ညောင်းစွာစထွက်လာသည့်ကားလေးနဲ့အတူဦးသုတတစ်ယောက် အတွေးတွေများနေရလေသည် ။မမလေးက သာမာန်လူမရိပ်မိနိုင်လောက်သည့်သူ၏ လှုပ်ရှားမှု့သေးသေးလေးကိုတောင် ရိပ်မိရုံမဟုတ် အတိအကျပါသိနေသေးသည်တဲ့လေ။ မမလေးရဲ့စွမ်းရည်နဲ့ ထက်မြက်မှု့ကို အထင်သေး၍မရပေ၊နောင်အနာဂါတ်မှာ မျက်ဝန်းပြာဂိုဏ်းရဲ့ ဒုတိယသခင်မဖြစ်လာနိုင်သည်။ Adomမိသားစုမှပိုင်ဆိုင်သောပြင်သစ်အမည် Yeux bleus ခေါ်မျက်ဝန်းပြာဂိုဏ်းကို စတင်တည်ထောင်သူမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ ပထမဆုံးသော အမျိုးသမီးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်၍ ဂိုဏ်းတည်ထောင်သူလဲဖြစ်သည်။ အလွန်လှပပြီးရဲရင့်ကာ သေမင်းရဲ့အလှတရားအဖြစ် နာမည်ကြီးသည်။ မိသားစုနဲ့မိတ်ဆွေတွေအပေါ်ကြင်နာနူးညံ့သလောက် ရန်သူအပေါ်ကို အတော်သွေးအေးကာရက်စက်တက်သည်။ဂိုဏ်းတည်ထောင်သူကွယ်လွန်သွားပြီးနောက် နောက်ပိုင်းမျိုးဆက်များတွင်မိန်းကလေးများမှာတဖြေးဖြေးနှင့်ပျော့ညံ့ကာ အရည်ချင်းသိပ်မရှိ​သဖြင့် ဂိုဏ်းကို ​အကြီးဆုံးသားယောကျာ်းလေးများကသာ ဆက်ခံခဲ့သည်မှာအစဥ်လာတစ်ခုလိုတောင်ဖြစ်နေသည်။Laura Adomဆိုသည့်ဤမိန်းကလေးငယ်ကိုသာ သေချာစနစ်တကျလေ့ကျင့်သင်ကြားပေးမည်ဆိုပါက မျက်ဝန်းပြာဂိုဏ်း၏ဒုတိယအကြိမ်မြောက်သခင်မဖြစ်လာနိုင်သည်။
စံအိမ်၏အပေါ်ထပ်အခန်းတစ်ခန်းထဲမှနေ၍စောင့်ကြည့်ကင်မရာမှအဖြစ်အပျက်အာလုံးကိုမြင်လိုက်ရသောDavidတစ်ယောက်အံ့သြနေရသည်။သူ၏သမီးငယ်လေးကအားလုံးသိနေသည်တဲ့လား။ရိပ်မိနေသည်တဲ့လား....သူ့ရဲ့မိခင်ရှေ့တွင်ချစ်စရာကောင်းကာအပြစ်ကင်းစင်ပြီး......မိဘတွေအပေါ်တွင်ချွဲနွဲ့ကာဆိုးတက်သည့်သမီးငယ်လေး....ကလေးဆိုးလေးတစ်ယောက်သာသာမဟုတ်ပဲ......ဤမျှလောက်ထက်မြက်သည်တဲ့လား။ မျက်ဝန်းပြာဂိုဏ်းရဲ့ ဆက်ခံသူကို
ကံကြမ္မာကရွေးချယ်သက်မှတ်ပြီး ဖြစ်မည်ထင် ။သမီးလေးက ဒုတိယမိန်းကလေးဂိုဏ်းခေါင်းဆောင်ဖြစ်လာနိုင်သည်။ မြ...မြသမီးလေးကမြထင်ထားတာထက်ကြံ့ခိုင်ထက်မြတ်နေတယ်။သမီးလေးကိုအကိုတို့လောကနဲ့မပတ်သတ်စေချင်တဲ့ မြရဲ့မျှော်လင့်ချက်တွေကတော့ ဖြစ်မလာနိုင်လောက်တော့ဘူးထင်ပါရဲ့။Cascade Adomခေါ်မျက်ဝန်းပြာဂိုဏ်းရဲ့တည်ထောင်သူအမျိုးသမီးသည်အသက်23နှစ်တွင်ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ပြီးအသက်နှစ်ဆယ့်ရှစ်နှစ်တွင်အာဏာပိုင်တွေပင်ကြောက်ရွံ့ရသောမြေအောက်လောကဂိုဏ်းကြီးလေးဂိုဏ်းထဲမှတစ်ဂိုဏ်းအဖြစ်မျက်ဝန်းပြာဂိုဏ်းကနေရပ်တည်နိုင်ခဲ့သည်။...............
ဝန်းတို့ကျောင်းက​ရန်ကုန်မှာရှိတဲ့IECT(International Education Coperation Team)အမည်ရှိတဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုဖြစ်သည်။ အတော်အသင့်လေးနာမည်ကြီးကာ လူကုန်ထန်အသီုင်းများသာတက်ကြသည့်ကျောင်းဆိုလဲမမှားပေ။ အာဏာပိုင်အချို့၏သားသမီးများနှင့်စီးပွားရေးလုပ်ငန်းရှင်များ၏သားသမီးများလဲတက်ရောက်ကြသည်။ယခုတစ်ကြိမ်လေ့လာရေးခရီးမှာပုသိမ်ဘက်သို့သွားမှာဖြစ်သည်။ ဝန်းပုသိမ်ကိုရောက်ဖူးချင်သည် ၊ပုသိမ်မလေးတွေကမြန်မာရင်ဖုံးမြန်မာထဘီလေးတွေကိုသာအဝတ်များကြပြီးပုသိမ်ထီးလေးများဆောင်းကြသည်ဟုကြားဖူးသည်။မာမီနဲ့ဒယ်ဒီတို့ရဲ့ဓာတ်ပုံအယ်လ်ဘမ်ထဲမှာမာမီကမြန်မာဝတ်စုံလေးနဲ့ပုသိမ်ထီးလေးဆောင်းကာပုသိမ်မှာရိုက်ထားသည့်ပုံလေးကိုမြင်ဖူးသည်။ဓာတ်ပုံလေးထဲမှာမာမီကအရမ်းလှသည်၊ဆံပင်ရှည်လေးတွေကိုထုံးဖွဲ့ကာကျန်သည့်ဆံနွယ်လေးများကိုလည်တိုင်ပေါ်ချထားကာပုသိမ်ထီးလေးလဲကိုင်ကာရိုက်ထားသည်မှာအတော်လှသည်။
''IECTကိုယ်ပိုင်ကျောင်းမှ.....ကျောင်းသူကျောင်းသားများအားလုံး......ပုသိမ်မြို့မှကြိုဆိုပါတယ်ဗျ.........လေ့လာရေးခရီးစဥ်အတွင်း တည်းခိုအနားယူနိုင်ဖို့အတွက် ကျောင်းကစီစဥ်ပေးထားတဲ့ဟိုတယ်ကို ရောက်ပါပြီဗျ''
''စီနီယာမင်းသန့်......စီနီယာ''
''ဟုတ်ကဲ့ဗျ..........ဘာလိုအပ်လို့လဲညီမလေး''
''တစ်ခန်းကိုဘယ်နှစ်ယောက်လဲ....လျှောက်လည်ရင်ကော.....ကိုယ့်အဖွဲ့နဲ့ကိုယ်သွားရမှာလားအကုန်လုံးလား''
အငယ်တန်းထဲကကောင်မလေးတစ်ယောက်မေးလာသည်နှင့်မင်းသန့်နောင်လဲအကုန်လုံးကြားအောင်အော်ပြောရတော့သည်။
''ဟိုတယ်ရဲ့အထပ်နှစ်ထပ်လုံးကို ကျွန်တော်တို့လေ့လာရေးခရီးစဥ်အတွက်မြန်မာနိုင်ငံရဲ့အကြီးဆုံးဖက်ရှင်လုပ်ငန်းနဲ့ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု့လုပ်ငန်း၊Electronicကုမ္ပဏီတို့ကိုပိုင်ဆိုင်တဲ့AKလုပ်ငန်းစုရဲ့CEOဒေါ်မြဧကရီနွယ်ကအကုန်ကျခံငှားရမ်းပေးထားပါတယ်ဗျ''
''ဝါး''.......''ဝိုးး.''...''မိုက်တယ်''.....''.ဟေး.''....''ရေးးး''
မင်းသန့်နောင်ပြောပြလိုက်တယ်ဆိုရင်ပဲ.....အကုန်လုံးစီမှအာမေဋိတ်သံပေါင်းစုံဟာထွက်ကျလာခဲ့သည်။လူတိုင်း၏မျက်နှာများတွင်အံံသြကာစိတ်လှုပ်ရှားနေကြသည့်ပုံများမှာထင်ရှားလှသည်။ထို့အထဲတွင်မှကားနောက်ဆုံးခုံနားတွင်ထိုင်နေသည့်ကောင်မလေးကိုမင်းသန့်သတိထားမိသည်။အခြားသူများမှာအံ​သြနေကြသော်လဲထိုကလေးမလေးကတော့သူနှင့်ပင်မဆိုင်သည့်ပုံခပ်အေးအေးပင်။
''ဒါတွေတင်မကပဲဒီခရီးစဥ်ရဲ့နေစရိတ်စားစရိတ်သွားစရိတ်တွေကိုကောခရီးစဥ်တစ်ခုလုံးရဲ့လုံခြုံရေးအတွက်ကောTeachelတို့ရဲ့ခရီးစဥ်ကုန်ကြစရိတ်အားလုံးအတွက်တာဝန်ယူလှုဒါန်းပေးထားပါသေးတယ်ရှင်''
''ဝါး''....''မိုက်လိုက်တာ''.......''တကယ်လား''.....''..တကယ်ကြီးလားဟ''.......ဒီတစ်ခါဆရာမရဲ့ကြေညာချက်ကိုတော့ကျောင်းသားများပါမကမင်းသန့်ပါအံံ့သြမိသည်။'အဲ့လောက်ချမ်းသာတဲ့သူရှိတယ်လား.......ဘာလို့များငါအဲ့လိုမိဘစီမှာမမွေးဖွားခဲ့ရတာလဲ........အဲ့လိုမိဘစီမှာသာမွေးဖွားခဲ့ရင်ခုလိုကျောင်းတက်ဖို့အတွက်အချိန်ပိုင်းအလုပ်လုပ်ဖို့မလိုတော့ဘူး'။မင်းသန့်နောင်တစ်ယောက်များပြားသောပိုင်ဆိုင်မှု့များနှင့်ချမ်းသာစွာမွေးဖွားလာကြသည်များကိုအားကျမိသည်နှင့်အတူသူ၏သာမာန်မိသားစုမှာ မွေးဖွားလာမှု့ကိုလဲစိတ်ပျက်စွာညီးညူနေမိရင်း ကား​ေနာက်ပိုင်းထိုင်ခုံပေါ်မှကလေးမလေးစီ အကြည့်ရောက်သွားပြန်သည်။ ခုနကလိုပင်ထိုကလေးမလေးသည်အေးဆေးတည်ငြိမ်ကာအံ့သြခြင်းလဲမရှိပေ။ မင်းသန့်ထိုကလေးမလေးကိုကြည့်မိသည် နက်ပြာရောင်ဆံပင်ကလေးကိုနှစ်ဖက်ခွဲစည်း၍ အနီရောင်ဂါဝန်ကားကားလေးဝတ်ထားသော ကလေးမလေးမှာ အပြာရောင်မျက်ဝန်းလေးများနှင့် အသားအရေကဖြူပြီးကြည်နေသည်မှာသွေးကြောများပင်မြင်ရလောက်သည်။ မျက်လုံးလေးမှာလဲဝိုင်းနေကာမြင်သူတိုင်းငေးလောက်အောင်ကိုချစ်စရာကောင်းနေသည်။ အရွယ်မှာဆယ်နှစ်တောင်မပြည့်လောက်သေးပေမယ့်နားကြပ်လေးတက်ကာသီချင်းနားထောင်နေပြီးကင်မရာလေးကိုရင်ဝယ်ပိုက်ထား၍ထိုင်နေပုံမှာလူကြီးတစ်ယောက်ကဲ့သို့အေးဆေးကာတည်ငြိမ်လွန်းလှသည်။
ဝန်းတစ်ယောက် သီချင်းနားထောင်နေရင်း တစ်ယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားလိုက်ရ၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ စီနီယာအကိုကြီးတွေထဲကမှ ဤခရီးစဥ်အတွက် တာဝန်များကိုဦးဆောင်လုပ်ကိုင်ပေးနေသော ကျောင်းသားခေါင်းဆောင်လဲဖြစ်သည်။ အရပ်ရှည်၍ ခန္တာကိုယ်ခပ်တောင့်တောင့်နှင့် ရုပ်ရည်ကလဲချောသ့ည်ထဲတော့ ပါသည်။ သာမာန်ဆိုးသွမ်းရမ်းကားနေသောသဌေးသားများပုံနှင့်မတူပဲ တစ်မျိုးကွဲထွက်နေသည်။ ဘေးခုံတွင်ထိုင်နေသောအတန်းဖော်ပြောပြပုံအရ ပညာသင်ဆုဖြင့်ဝန်း တို့ကျောင်းကိုလာတက်နေသည်တဲ့လေ။ ဝန်းအတွေးများနေ ချိန်တွင် ဆရာမမှ နာမည်စာရင်းခေါ်နေ၍ ဝန်းတို.အတန်းနာမည်စာရင်းကိုရောက်နေပြီဖြစ်သဖြင့် ဝန်းမိမိနာမည်ခေါ်လှည့် ကိုစောင့်နေလိုက်သည်။
''ပပလှိုင်......ရှိပါတယ်ရှင့်.......သက်မူရာနွဲ့.......ရှိပါတယ်ရှင့်..........နှင်းဧကရီဝန်း..........ရှိပါတယ်ဗျ......မြတ်နိုးသူ......×××××......××××....×××××ကဲကားပေါ်ကဆင်းကြမယ်.......အခန်းကိုစီနီယာတစ်ယောက်ဂျူနီယာတစ်ယောက်နေရမယ်နော်.......ယောကျာ်းလေးတွေကအပေါ်ဆုံအထပ်...မိန်းကလေးတွေကအဲ့အောက်ကအထပ်
.......မနက်နေ့လည်...ညသုံးနပ်လုံးကို..ဟိုတယ်စားသောက်ခန်းမှာကြိုက်တဲ့အချိန်သွားစားလို့ရတယ်နော်......ကဲကိုယ့်အခန်းကိုယ်သွားကြတော့''
ဟိုတယ်ထဲဝင်ကာအခန်းသော့ယူကြနေကြစဥ်....ဟိုတယ်မန်နေဂျာအပြေးရောက်လာကာဝန်းကိုအရိုသေပေးမည်ပြုစဥ်.....ဝန်းတိတ်တိတ်ကလေးခေါင်းခါပြလိုက်သည်။ထိုအခါဟိုတယ်မန်နေဂျာကအရိပ်အကဲသိစွာဖြင့်နောက်ဆုတ်၍ဆရာမနှင့် စကားသွားပြောလေသည်။ ဝန်းလဲခပ်လှမ်းလှမ်းမှာရပ်နေသော Jameတို့ကိုမြင်သောအခါ လက်မှနာရီလေးကခလုတ်ကိုဖိကာ စကားလှမ်းပြောလိုက်သည်။
''ခနနေမန်နေဂျာကိုပါခေါ်ပြီးဝန်းအခန်းကိုလာခဲ့''
''ဟုတ်ကဲ့ပါမမလေး''
ဝန်းပြောပြီးသည်နှင့်ကိုယ့်အခန်းနံပတ်ကိုရှာကာလာခဲ့လိုက်သည်။ဝန်းအခန်းကလှေကားနားကပ်လျှက်ပထမဆုံးအခန်းဖြစ်၍ဓာတ်လှေကားနဲ့လဲနီးသည်။ ဝန်းအခန်းထဲဝင်လိုက်သည်နှင့် အထဲတွင် စီနီယာအမက ရောက်နှင့်နေပြီဖြစ်သည်။
''Hi.....မမကနှောင်းဝသန်ပါ......မမကိုမမနှောင်းလို့ခေါ်လို့ရပါတယ်....ညီမလေးနာမည်ကကော''
''ဝန်း...နာမည်က.....နှင်းဧကရီဝန်း....လို့ခေါ်ပါတယ်ဗျ......''ဝန်းပြန်ဖြေရင်းပြုံးပြမိသည်။
ဒေါက်ဒေါက်ဒေါက်.......ဒေါက်...ဒေါက်
​နှောင်းကတံခါးသွားဖွင့်လေရာအဝင်ဝတွင်.....ဟိုတယ်အောက်ထပ်တွင်ဆရာမနှင့်စကားပြောနေခဲ့သော...ဟိုတယ်မန်နေဂျာနှင့်နောက်ထပ်အနက်ရောင်ဝတ်လူသုံးယောက်ပါပါလာသည်။နှောင်းလဲဘာမှန်းမသိသည်နှင့်တံခါးမဖွင့်သေးပဲမေးလိုက်မိသည်။
''ဘာအလိုရှိလို့ပါလဲရှင့်.......''
''Jameလား...........''အသံမှာရှေ့မှအနက်ရောင်ဝတ်လူကြီးများဆီမှမဟုတ်ပဲ.....အခန်းထဲမှဝန်းဆိုသည့်ကလေးမလေးထံမှဖြစ်သည်။
''ဟုတ်ပါတယ် မမလေး..''
​ရှေ့မှခေါင်းဆောင်ဖြစ်ဟန်တူသောလူကြီးကပြန်ဖြေလေသည်။
''မမနှောင်းလာထိုင်လေ.......အဲ့တာဝန်းဆီလာတဲ့လူတွေ''
''မိန်းကလေးတစ်ချက်လောက်ဖယ်ပေးပါဗျ''ဟိုတယ်မန်နေဂျာဖြစ်သူမှပြောသည်နှင့်နှောင်းလဲအထဲဝင်ကာဆိုဖာပေါ်လာထိုင်နေမိသည်။ဟိုတယ်မန်နေဂျာမှ တံခါးဖွင့်၍Jameဆိုသူအားအရင်ဝင်စေ၍ ဦးညွှတ်အရိုအသေ​ေပးလေသည်။ Jameဆိုသူမှာအတော်ရာထူးမြင့်ပုံရသည်၊၊ထိုလူကအခန်းထဲဝင်လာပြီးသူ့နောက်လိုက်နှစ်ယောက်ကိုမေးဆက်ပြလိုက်သည်နှင့်ထိုနှစ်ယောက်မှာဝန်းဆိုသည့်ကလေးမလေး၏ခရီးဆောင်အိပ်ကိုယူကာဗီရိုထဲတွင်အဝတ်အစားများကိုအစီအရီထည့်ပေးလေသည်။ပြီးနောက်သူကိုယ်တိုင်လဲကုတင်ပေါ်တွင်ခြေထောက်နှစ်ဖက်ချ၍ ထိုင်နေသောဝန်းဆိုသည့်ကလေးမလေးနားလျှောက်သွားလေသည်။ဝန်းကိုတစ်ခုခုလုပ်မည်အထင်နှင့်နှောင်းတစ်ချက်စိုးရိမ်သွားသည်။သို့သော်Jameလုပ်လိုက်သည့်အပြုအမူကိုနှောင်းရောမန်နေဂျာပါပါးစပ်ဟောင်းလောင်းနှင့်မျက်လုံးပါပြူးကျယ်သွားသည်အထိအံ့သြသွားရသည်။ Jameကထိုဆယ်နှစ်သာသာရှိသေးသည့်ကလေးမလေး၏ ခြေရင်း၌ဒူးတစ်ဖက်ထောက်ထိုင်ကာ ကလေးမလေးဝတ်ထားသောဖိနပ်ကလေးများကိုချွတ်ပေးနေသည်။
''မမလေး...အဆင်ပြေရဲ့လား.....ကျွန်တော်အဆင်ပြေမယ့်တစ်ရံသွားဝယ်ပေးရမလား''
''ရတယ်.....မဝယ်နေနဲ့....ဒေါ်တင့်ထည့်ပေးလိုက်တယ်......အိတ်ထဲမှာပါတယ်.....အဆင်ပြေမယ်ထင်တာသာယူခဲ့လိုက်''
''ဟုတ်ကဲ့မမလေး.....''
ထိုသို့ပြောပြီးကားစီးရတာပင်ပန်းနေ၍ထင်ဝန်းဆိုသည့်ကလေးမလေးမှာ အိပ်ရာပေါ်လှဲချလိုက်သည်။ ခန္တာကိုယ်တစ်ဝက်အိပ်ရာပေါ်လှဲ၍....ခြေထောက်နှစ်ချောင်းကိုတော့ကုတင်အောက်တွင်တန်းလန်းချထားဆဲပင်။ Jameကိုယ်တိုင် ထိုကလေးမလေးကိုပြုစုလုပ်ကိုင်ပေးနေသည်ကိုမြင်မှ မန်နေဂျာလဲဝင်၍လုပ်ကိုင်ပေးနေသည်။
''Jameကျွန်တော်ဘာလုပ်ပေးရအုံးမလဲ.....ရေသွားခပ်ပေးရမလား''
''ရတယ် အပူအအေးစပ်ရမှာမို့ ငါကိုယ်တိုင်လုပ်လိုက်မယ် မမလေးနိုးလာတာကိုစောင့်လိုက်.....ဘာမှာအုံးမလဲမသိဘူး''
မန်နေဂျာကိုပြောပြီးသည်နှင့်သန့်စင်ခန်းထဲဝင်သွားလေသည်။နှောင်းတစ်ယောက်အအခန်းထဲရှိလူများ၏လှုပ်ရှားနေမှု့အားအသံတစ်ချက်မှမထွက်ပဲကြည့်နေမိသည်။ခနအကြာJameဆိုသူမှာ ရေဇလားတစ်ခွက်နှင့် ပုဝါတစ်ထည်ယူ၍ပြန်ရောက်လာသည်။ အဝတ်စားမျာရှင်းပြီးသွားသော လူနှစ်ယောက်မှာလဲတစ်ယောက်ကမန်နေဂျာအနီးလာရပ်၍ ေနာက်တစ်ယောက်က ခွေးခြေပုခုံလေးကိုယူလာပြီး ကလေးမလေးခြေထောက်နားချပေးလာသည်။Jameဆိုသူကယူလာသောရေဇလုံကိုခုံလေးပေါ်တင်၍ ကလေးမလေး၏ခြေထောက်ကိုမကာအသာထည့်လိုက်သည်။ခနမျှဆေးကြောနှိပ်နှယ်ပြီးနောက် ရေဇလုံထဲမှထုတ်ကာ ပုခုံးပေါ်တင်ထားသောပုဝါလေးနှင့်တယုတယသုတ်ပေးနေသည်။ ပြီးနောက်အိပ်ကပ်ထဲ အိပ်ကပ်ထဲမှအနာကပ်ပလာစတာတစ်ခုထုပ်၍ဖိနပ်ပေါက်၍ပွန်းနေသောနေရာလေးကိုကပ်ပေးလိုက်လေသည်။နှောင်းအခုမှသေချာကြည့်မိသည်၊ကလေး၏ခြေထောက်ကအတော်လေးနုသည်သွေးကြောလေးတွေတောင်မြင်ရလောက်အောင်နုသည်။ရန်ကုန်မှပုသိမ်ထိကားတောက်လျှောက်စီးလာရသဖြင့် ဖိနပ်ပေါက်ကာခြေထောက်ကလေးတွေမှာ ရဲနေလေသည်။ Jameမမလေးအားဝေယျာဝစ္စများလုပ်ပေးပြီးသည်နှင့်နောက်လိုက်များကပစ္စည်းအားလုံးသိမ်းလိုက်လေသည်။အိပ်ကပ်ထဲမှဖုန်းကတုန်ခါလာသည်နှင့်Jameတစ်ယောက် ဝရံတာဘက်ထွက်ကာ ဖုန်းဖြေလိုက်သည်။Jameဖုန်းဖြေပြီးအခန်းထဲဝင်လာချိန်ထိ မမလေးကမျက်လုံးမှိတ်ထားဆဲဖြစ်သည်။Jameလဲ မန်နေဂျာအနီး၌မတ်တပ်ရပ်နေရန်သွားဖို့ပြင်လိုက်စဥ်မမလေးစီမှစကားသံထွက်လာလေသည်။
''ဒယ်ဒီ့ဆီကလား.....''
''ဟုတ်ပါတယ်မမလေး''
''စိတ်မချလို့ထက်မှာနေတာလား.......''
''ဟုတ်ပါတယ်မမလေး......ကျွန်တော်တို့ကိုပါဒီအထပ်မှာတည်းခိုင်းထားပါတယ်မမလေး''
''အင်း......ဒီအခန်းနဲ့မျက်နှာချင်းဆိုင်အခန်းကိုဟိုတယ်မန်နေဂျာကိုပြင်ခိုင်းလိုက်''
''မမလေး......နေ့လည်စာကို....''
''ရတယ်......အားလုံးနည်းတူ.....အောက်ကိုပဲသွားစားလိုက်မယ်.......သပ်သပ်မပြင်နဲ့.........ပြီးတော့မခေါ်မချင်းအခန်းထဲမလာနဲ့''
''ဟုတ်ကဲ့မမလေး......''ပြောပြီးကုတင်အောက်ဆင်းဖို့ပြင်နေသောမမလေးဆီJameလျှောက်သွားကာဗီရိုထဲမှထုတ်ယူထားသောboot အပါးလေးကိုခြေထောက်တွင်စီးပေးလိုက်သည်။ပြီးနောက်မန်နေဂျာနှင့်လက်ထောက်နှစ်ယောက်ကိုပါခေါ်၍အခန်းထဲမှထွက်လာခဲ့လိုက်သည်။ ခြေထောက်ကိုဆေးကြောပေးစဥ်က ငြိမ်သက်နေ၍အိပ်နေသည်ထင် မိလေသည်။သို့သော်မမလေးက လှုပ်ရှားမှု့များကိုအကုန်သိနေသည်သာမကသခင်ကြီးစီမှဖုန်းလာသည်ကိုလဲသိနေသည့်အပြင် သခင်ကြီးဘာကြောင့်ဆက်သိကို ခန့်မှန်းမိနေသည် အထိထက်မြက်လှသည်။ခရီးလာစဥ်က ကားပေါ်တွင် ဦးသုတဖုန်းလှမ်းဆက်ကာ ပြောပြသည်များမှာ မှန်နေသည်ထင်။ 'ကျွန်တော်တို့ရဲ့အသက်နဲ့ခန္တာကိုယ်ကမျက်ဝန်းပြာဂိုဏ်းနဲ့သခင်ကြီးအပိုင်မို့ မျက်ဝန်းပြာဂိုဏ်းရဲ့အနာဂတ်ခေါင်းဆောင်ဖြစ်လာနိုင်သူဖြစ်တဲ့အပြင် သခင်ကြီးရဲ့သွေးသားလဲဖြစ်သည့်မမလေးကိုကျွန်တော်တို့အသက်ပေးပြီးစောင့်လျှောက်ပါ့မယ်မမလေး'..............
.............................................................................😎😎😎ဟိတ်.....ဟိုတစ်ယောက်ဖတ်ပြီးvoteမပေးပဲပြေးတော့မယ်မလား.......ဒီနေ့ပိတ်ရက်မို့အများကြီးရေးပေးလိုက်ပါတယ်ရှင့်😍😍😍😘😘

ပိုင်ဆိုင်ခွင့်Where stories live. Discover now