အခန်း2

149 3 0
                                    

''မာမီရေ.....မာမီ....မီးမီးဗိုက်ဆာပြီ..ဘာမုန့်ရှိလဲဟင်''
အမေကိုတကျော်ကျော်အော်ခေါ်ရင်းအပေါ်ထပ်ကပြေးဆင်းလာတဲ့ချစ်စရာပုံရိပ်လေး။အသားရေဖြူနုပြီးထိရက်စရာမရှိ နှစ်ဖက်ခွဲစည်းထားပြီးဖဲပွင့်လေးများဖြင့်အလှဆင်ထားတဲ့နက်ပြာရောင်ဆံနွယ်လေးတွေ ရယ်လိုက်တိုင်းပေါ်လာတက်တဲ့သွားဆွယ်လေးတွေ ထင်ရှားတောက်ပပြီးကြည်လဲ့နေတဲ့မျက်ဝန်းပြာလေးတွေနဲ့ချစ်စရာအတိပြီးပြည့်စုံလှသည်။
သမီးလေးကသူ့အဖေဆီမှအလွန်လှတဲ့မျက်ဝန်းပြာလေးတွေကိုတော့အမွေရထားသည်လေ။'
'ဒီအချိန်သူလေးသာအသက်ရှင်နေသေးရင် ဝန်းလေးလိုအရမ်းချစ်ဖို့ကောင်းမှာပဲ ဝန်းလေးကလဲအရမ်းချစ်မှာ '
...ဒေါ်မြဧကရီနွယ်တစ်ယောက်အပေါ်ထပ်ကဆင်းလာတဲ့သမီးငယ်လေးကိုကြည့်ရင်းအတွေးထဲနစ်မြောနေမိရာ သမီးငယ်လေးဘေးနားရောက်လာတာတောင်မသိလိုက်မိ
''မာမီ.....မာမီလို့.....နေမကောင်းဘူးလားဟင်...မာမီမျက်နှာလဲမကောင်းဘူး.... ဒယ်ဒီကိုလှမ်းခေါ်လိုက်ရမလားဒယ်ဒီကိုလွမ်းလို့လားဟင်''
ပြောရင်း ဘေးနားလေးလာရပ်ကာသူ့လက်သေးသေးလေးတွေနဲ့နဖူးကိုလာစမ်းရှာတဲ့ချစ်စရာသမီးငယ်လေး
''မဟုတ်ပါဘူး....ဝန်းလေးရဲ့မာမီကအလုပ်တွေပင်ပန်းလို့ပါ........လာပါအုံးမာမီ့အသဲအသက်လေး......အွန်း.....မွှေးနေတာပဲ.........ရေချိုးလာတာလားချစ်လေး''
''ဟုတ်တယ်မာမီ........မာမီအလုပ်ရှုပ်နေတာနဲ့ဝန်းဘာသာချိုးလိုက်တာ......''
အရွယ်လေးနဲ့မလိုက်အောင်သိတက်ပါသည့်သမီးငယ်လေးစိတ်ထားဖြူစင်ပြီးကြင်နာတက်တဲ့ဒီအဖြူထည်လေးက'အကိုနဲ့မြတို့လောကနဲ့မပတ်သက်စေပဲပျော်ရွှင်လွတ်လပ်စွာကြီးပြင်းလာအောင်ကာကွယ်ရမည်။
''မာမီ့ဝန်းလေးက တော်လိုက်တာ..... လာပါအုံး.....မာမီ့ကိုနမ်းပါအုံး....''
..........ရွှတ်.....''အား.....အမောကိုပြေသွားတာပဲ''
''မာမီခနလေးစောင့်နော်.....ခနလေးပဲ.....ဟိီးဟီး...''
ခနစောင့်နော်လို့ပြောပြီးမီးဖိုခန်းထဲ​ပြေးဝင်သွားတဲ့သမီးငယ်။အလုပ်ခရီးကနေပြန်လာတိုင်း supriseဆိုပြီးထူးထူးဆန်းဆန်းတွေလုပ်ပြတက်တဲ့ကလေးမလေးခုလဲဘာတွေsupriseလုပ်ထားပြန်ပြီလဲမသိ။ခနအကြာဗန်းလေးထဲခွက်လေးတစ်ခွက်ထည့်ပြီးပြန်ရောက်လာလေရဲ့ နောက်ကဒေါ်တင့်ကလဲကပ်လျှက်လိုက်ပါလာလေသည်။
''မမလေးဝန်း.....ဒေါ်တင့်သယ်ပါမယ်ဆို.......လက်တွေနာကုန်ပါ့မယ်........ခလုတ်တိုက်လဲရင်ဖြင့်စိတ်ပူရချည်ရဲ့.......''
''ရပါတယ်ဆို........မီးမီးကအစအဆုံးအကုန်လုပ်ချင်တာပါဆို...မာမီရေ....မီးမီးလက်ထဲမှာဘာလေးလဲကြည့်ပါအုံး''
''ကဲ......ငါ့သမီးလေးကအားကြိုးမာန်တက်နဲ့ပြင်လာတာဆိုတာ.....ကြည့်ရအောင်....အော်.........သံပုရာရည်တစ်ခွက်ပဲ..မာမီ့သမီးလေးကမာမီ့အကြိုက်ကိုမှတ်ထားတာပေါ့..''
''မာမိီ..မြည်းကြည့်လေမီးမီးကိုယ်တိုင်ဖျော်ထားတာ.....မာမီ့အကြိုက်ကိုဒေါ်တင့်ဆီကသင်ထားတာ......မာမီသောက်ကြည့်နော်..မာမီနော်...''သံပုရာရည်ခွက်လေးပါးစပ်နားတေ့လိုက်တယ်ဆိုရင်ပဲမျက်ဝန်းပြာလေးတွေကြည့်လဲ့စွာနဲ့မျှော်လင့်တကြီးစိုက်ကြည့်နေတဲ့သမီးငယ်
သံပုရာရည်တစ်ခွက်လုံးကုန်အောင်းသောက်ပြီးခွက်ကလေးကိုချရင်း မြ ပြုံးမိသည်။သို့သော်ရုပ်ပြန်တည်လိုက်ရင်း
''...အင်း.......ပြောရမယ်ဆိုရင်တော့.........''
''ဟာ........မာမီကကွာ........ညစ်တယ်
.......ဝန်းကသိချင်နေပါပြီဆို.......မကောင်းဘူးလားဟင်....ဝန်းဖျော်ထားတာမကြိုက်ဖူးလားဟင်''
''အရမ်းကြိုက်ပါတယ်ရှင့်........မာမီ့အကြိုက်တိုင်းပဲသကြားလျှော့ပြီးချဉ်ချဉ်လေးမာမီ့အကြိုက်နဲ့လုံးဝကွက်တိပဲ....... ဒေါ်တင့်လက်ရာကိုမှီတယ်''
''ရေး..........ဒေါ်တင့်မာမီကကြိုက်တယ်တဲ့........ဝန်းဖျော်တာကောင်းတယ်တဲ့......ရေး''
''သခင်မ......မမလေးကသခင်မ ခရီးသွားကတည်းကဒေါ်တင့်ဆီကနေ့တိုင်းသင်နေတာ....မာမီ့ကိုsupriseတိုက်ချင်လို့ဆိုပြီး''
''ဟုတ်လား.........မီးငယ်လေး......မာမီ့ဝန်းလေးကတော်လိုက်တာ........မာမီကလည်းဝန်းလေးကိုsupriseတိုက်စရာရှိတယ်.....သိချင်လား''
''ဟင်.......ဝန်းဖို့လဲရှိတယ်လား.....ဘာလဲဟင် မာမီ.....မာမီလို့....ဝန်းကိုပြောပြပါနော်....''
''supriseပါဆိုအံ့သြအောင်လုပ်ရတာလေ.....ခနစောင့်ပါမီးငယ်လေးရဲ့........ဟောပြောရင်းရောက်လာပြီ''
အိမ်ရှေ့ဆင်ဝင်အောက်ကားရပ်သံနဲ့အတူကြားလိုက်ရတဲ့အသံ
''Baby.......Where is my baby?''
'နေပါအုံးဒီအသံကိုငါသိပါတယ်.....ဟုတ်တယ်ဒယ်ဒီ.....ဒယ်ဒီ့အသံ'
မါမီ့ကိုကြည့်လိုက်တော့ဝန်းကိုလှည့်ကြည့်ရင်းပြုံးပြလာတဲ့မာမီ
''သွားလေ.......သမီးရဲ့အပြင်မှာသမီးအတွက်supriseရှိနေတယ်''
''တ.......တကယ်တကယ်...... ဒယ်ဒီလားဟင်မာမီ''
''အင်း.......သမီးလေးအရမ်းလွမ်းနေတဲ့ဒယ်ဒီ.......သမီးလေးအမွေရထားတဲ့မျက်ဝန်းပြာလေးတွေနဲ့သမီးရဲ့ဒယ်ဒီလေ''
မာမီ့စကားအဆုံး ဝန်း အိမ်ရှေ့ကိုပြေးထွက်မိသည်။အိမ်အဝင်ဝမှမြင်တွေ့လိုက်ရတဲ့ပုံရိပ်
အရပ်ရှည်ရှည်အသားဖြူဖြူခန္တာကိုယ်ခပ်တောင့်တောင့်နဲ့ခန့်ညားလှတဲ့လူတစ်ယောက်။မက်တပ်ရပ်နေရာမှဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီးလက်ကိုဆန့်ကာဆီးကြိုနေတဲ့ဒယ်ဒီ....ဝန်းမျက်ရည်လေးများဝေ့ကာရင်ခွင်ထဲ​အပြေးဝင်မိသည်။
''ဒယ်ဒီ........ဟင့်.....ဝန်းကလွမ်းနေတာ.....ဒယ်ဒီကလူဆိုးကြီး....ဟင့်ဟင့်.......ဝန်းနဲ့မေ့မေ့ကိုပစ်ထားခဲ့တယ်......ဟင့်....ဝန်းမွေးနေ့ကိုတောင်မလာဘူး.......အီးဟီး.....ဖေဖေကလူဆိုးကြီး......''
''ဟုတ်ပါ့ဗျာဒယ်ဒီကလူဆိုးကြီး...........ဒယ်ဒီ့မင်းသမီးလေးမျက်နှာလေးကြည့်ပါရစေအုံး......အယ်...ဘေဘီလေးကညစ်ပတ်လိုက်တာ....နှာရည်တွေလဲထွက်လို့.........''
''ဟင့်......ဟင့်....အဲ့တာဒယ်ဒီ့​ကြောင့်လေ..ဟင့်''
''ဟုတ်ပါပြီဗျာဒယ်ဒီ့ကြောင့်ပါ......မငိုနဲ့တော့လေသမီးရယ်....ဒယ်ဒီနဲ့ခုမှတွေ့ရတာကို....သမီးလေးကငိုနေတော့ဒယ်ဒီကစိတ်မကောင်းရဘူးလေ.....မငိုနဲ့တော့လေနော်...''
''ဟုတ်......ဝန်း...မငိုတော့ဘူးလေနော်.....ဝန်းကိုနောက်ထပ်မထားခဲ့ပါနဲ့တော့နော်......ဒယ်ဒီနော်''
''မထားခဲ့တော့ပါဘူး.......သမီးလေးရယ်သမီးလေးမာမီရယ်နဲ့တစ်သက်လုံးအတူတူနေတော့မှာ.......သမီးလေးအတွက်လက်ဆောင်ပါတယ်......ကြည့်ပါအုံးဒါဘာလေးလဲ...''
''ဟင်......ဒါလေးက.....ဘွားဘွားဒေလီယာကဒယ်ဒီ့ကိုပေးခဲ့တဲ့ကြိုးလေးမလား''
''ဟား..ဟားးဟားး.....ကြည့်ပါအုံးဒယ်ဒီ့သမီးလေးကညဏ်ကောင်းလိုက်တာ......ဟုတ်တယ်ဒယ်ဒီ့ဆွဲကြိုးလေးဟုတ်လည်းဟုတ်တယ်မဟုတ်လည်းမဟုတ်ဘူး''
''ဟင်.......ဘယ်လိုကြီးလဲ''မျက်ရည်လေးတွေဝေ့နေတဲ့မျက်လုံးကြည်ကြည်လေးတွေနဲ့ကြည့်နေတဲ့ကိုယ့်ရဲ့ရင်သွေးလေးအရမ်းချစ်ရတဲ့မြရဲ့ကိုယ်ပွားလေး
''ဟုတ်တယ်ဆိုတာကဒီလိုလေသမီးရဲ့......သမီးဘွားဘွားပေးခဲ့တဲ့ဆွဲကြိုးပုံစံဟုတ်တယ်...ဒါပေမယ့်အဲ့ဆွဲကြိုးမဟုတ်ဘူး.ပုံစံတူသမီးလေးဖို့daddyကိုယ်တိုင်ဒီဇိုင်နာအပ်ပြီးလုပ်ခိုင်းထားတာလေ.....ကြိုက်လားသမီးလေး....''
''.ဟုတ်ကြိုက်တယ်daddy''
''မြ.....နေကောင်းရဲ့လား.....လာပါအုံးကိုယ့်ဇနီးလေးဖက်ထားပါရစေအုံး''
''ဟုတ်အကို....နေကောင်းပါတယ်......အကိုပင်ပန်းနေရောပေါ့........လာ......မြ...အခန်းထဲလိုက်ပို့မယ်......သမီးလေးကိုထားခဲ့လေ....သူဗိုက်ဆာလို့မုန့်စားဖို့တဲ့.....ဒေါ်တင့်ကိုကျွေးခိုင်းထားတယ်......''
''ခုပဲငါးနာရီထိုးနေပြီလေခြောက်နာရီဆိုညစာစားတော့မယ့်ဟာ.....သမီးကိုမုန့်ကျွေးတော့ထမင်းမစားပဲနေမှာပေါ့...မြရဲ့....''
''သမီးလေး.....Laura....မုန့်တွေအများကြီးမစားနဲ့နော်.....ခနနေညစာစားရတော့မယ်လေ.....''
''yes.....daddy''
မြကိုဆူပြီးသမီးလေးကိုကျချော့ပြောနေတဲ့အကို..အဲ့လောက်ထိအောင်ကိုသမီးလေးကိုချစ်တဲ့အကို..သမီးလေးငယ်ငယ်ကတိုင်...သမီးလေးရဲ့မျက်နှာကိုတစ်ချက်အငြိုးမခံ....မြတို့မိသားစုကသမီးလေးကို..ဝန်း..လို့ချစ်စနိုးခေါ်ပေမယ့်အကိုနဲ့အကို့မိဘတွေကတော့ပြင်သစ်မြန်မာကပြားလေးဖြစ်တဲ့သမီးလေးကိုသူတို့ရဲ့ပြင်သစ်နာမည်Lauraလို့ပေးထားလေသည်။
အကိုကပြင်သစ်နိုင်ငံသားဖြစ်ပေမယ့် မြန်မာစကားကိုလဲကျွမ်းကျွမ်းကျင်ကျင်တက်လေသည်။'မြန်မာစကားဘာလို့အဲ့လောက်ကျွမ်းရတာလဲမေးတော့မြကိုချစ်လို့မြကိုချစ်တဲ့အကြောင်းမြရဲ့မိခင်ဘာသာစကားနဲ့ပြောနိုင်အောင်သင်ခဲ့တာတဲ့လေ'.....
Davidရေချိုးပြီးရေချိုးခန်းထဲကထွက်လာတော့အခန်းထဲကပြတင်းပေါက်ရဲ့အပြင်ကိုငေးကြည့်ပြီးအတွေးထဲမှာနစ်မြောနေတဲ့မြ။ခပ်ဖွဖွထုံးထားတဲ့ဆံထုံးလေးနှင့်ပြတင်းတံခါးမှာလေနုအေးလေးဖြတ်တိုင်းသွားတိုင်းမြောလွင့်နေသည့်နားသယ်စပ်မှကပိုကယိုချထားသည့်ဆံနွယ်လေးများမိတ်ကပ်ပါးပါးလေးလိမ်းထားသည့်ပါးပြင်နုနုနှင့်ပြတင်းမှဝင်လာသည့်နေဝင်ချိန်အနီရောင်တောက်တောက်နေရောင်တို့ကအလွန်ပနံသင့်လှသည့်အပြင်တန်ဖိုးဖြတ်မရသည့်ရှားပါပန်ချီကားနှင့်တူလှသည်။
သုံးနှစ်သုံးမိုးကြာအောင်လွမ်းခဲ့ရသည့်ထိုအမျိုးသမီးလေး....Davidဖြေးဖြေးချင်းလျှောက်သွားလိုက်ကာမြရဲ့ခါးလေးကနောက်မှနေ၍သိမ်းဖက်ထားမိသည်။မြန်မာနိုင်ငံမှာရှိတဲ့သနပ်ခါးပန်းလို့ပြောသည့်ပန်းတစ်မျိုး၏အမွှေးနံ့လေးရနေသည့်မြရဲ့လည်ဂုတ်လေးကိုတစ်ချက်မွှေးရင်ပုခုံးပေါ်မေးလေးတင်ကာမြရဲ့ကိုယ်သင်းနံ့ကိုတဝကြီးရှုရှိုက်မိသည်။'
''မြ......ဘာတွေတွေးနေလဲဟင်.....''David မေးလိုက်တယ်ဆိုရင်ပဲကိုယ်လုံးလှည့်ကာမျက်လုံးများစိုက်ကြည့်လာသည့်မြ''အကို....မြလေ...သမီးလေးကိုအကိုတို့လောကနဲ့မပတ်သတ်စေချင်ဘူး.....သမီးလေးကအဖြူထည်လေး....အကိုရဲ့သူ့ကိုဒီအတိုင်းလေးပဲရှိ​စေချင်တယ်''
''အော်......မြရယ်....အကိုကတော့မြသဘောအတိုင်းပဲ....ဒါပေမယ့်အကိုတို့လောကိုသမီးလေးနဲ့မပတ်သတ်စေချင်ပေမယ့်....သမီးလေးကိုအကိုတို့လောက ကဒုက္ခပေးလာရင်ကြံ့ကြံ့ခံနိုင်အောင်တော့လေ့ကျင့်ပေးထားရမယ်လေ....ပြီးတော့အကိုကတိပေးထားတယ်လေ....သမီးလေးကြီးလာလို့အရွယ်ရောက်လာတဲ့တစ်နေ့သမီးလေးကိုယ်တိုင်ရွေးချယ်ပါစေ.......သမီးလေးရဲ့ဆန္ဒကိုအလေးထားမယ်လို့.... မြနဲ့အကိုသဘောတူထားတယ်လေ....မစိုးရိမ်ပါနဲ့တော့ကွာနော်.....သမီးလေးစိတ်ကြိုက်ရွေးချယ်ပါစေကွာ''
''ဟုတ်ကဲ့ပါ...အကို.......အကိုအဝတ်လဲတော့လေ......မြထမင်းပွဲသွားပြင်လိုက်မယ်.....အောက်မှာသမီးလေးစောင့်နေတော့မယ်.....ပြီးရင်အောက်ဆင်းခဲ့နော်''
Davidပါးကိုခပ်ဖွဖွတစ်ချက်နမ်းကာ​မြအခန်းထဲကထွက်သွားလေသည်။မြထွက်သွားမှအဝတ်အစားအမြန်လဲကာဖုန်းယူပြီးJasonကိုဖုန်းလှမ်းဆက်ပြီးအခြေနေမေးရသည်။
''Hello.........Jason''
*ဟုတ်ကဲ့.....သခင်ကြီး..*
''ငါစုံစမ်းခိုင်းထားတာအခြေနေဘယ်လိုရှိလဲသိရပြီလား.....အဲ့တုံးကဆေးရုံအုပ်ကိုရှာတွေ့လား.....ဘယ်သူ့စိီပါသွားတယ်ဆိုတာရောသိလား''
*ဆေးရုံအုပ်ကိုတော့တွေ့တယ်သခင်ကြီး.......ဒါပေမယ့်အဲ့စုံတွဲကိုတော့ရှာမတွေ့ဘူးသခင်ကြီး......သူတို့ကပြင်သစ်နိုင်ငံသားမဟုတ်ဘူးတဲ့......ခရီးသွားစုံတွဲတဲ့သခင်ကြီး...ဒီမှာနှစ်နှစ်လောက်နေသွားတာတဲ့ကလေးမွေးပြီးမကြာဘူးသုံးလလောက်နေတော့နယ်ဘက်ပြောင်းသွားခဲ့တာတဲ့..ခုနယ်ဘက်ကိုလိုက်စုံစမ်းနေတုံးပါသခင်ကြီး*
''အတက်နိုင်ဆုံးကြိုးစားပေးပါ....Jason..''.
ဒေါက်.....ဒေါက်........ဒေါက်...ေဒါက်''ဝင်ခဲ့''
''ဒယ်ဒီရေ.......ဒယ်ဒီ.....မာမီကညစာစားမယ်တဲ့''
''Ok.....Laura.....ဒယ်ဒီဆင်းခဲ့မယ်''
''Yes...Daddy"
ပြေးထွက်သွားတဲ့ကြောပြင်ငယ်လေးကိုကြည့်ရင်းDavid Adamမျက်ရည်ကျမိသည်။
သမီးလေးကိုသတိရလိုက်တာ..'Juli.သမီးလေးမှာအရမ်းချစ်ဖို့ကောင်းတဲ့Lauraဆိုတဲ့ညီမလေးရှိတယ်သိလား....သမီးလေးမြင်ရင်အရမ်းချစ်မှာ'...David Adomမှာသမီးလေးနှစ်ယောက်ရှိသည်..Juli Adomနဲ့Laura Adomဆိုတဲ့သမီးငယ်လေးနှစ်ယောက်ရှိသည်။ငါးမိနစ်စောမွေးခဲ့တဲ့သမီးလေးကိုJuli Adom(နှင်းဧကရီလွန်း)လို့နာမည်ပေးခဲ့ပြီးမွေးပြီးပြီးချင်းမှာပဲပျောက်သွားခဲ့ရသည်။သမီးငယ်လေးကိုတော့Laura Adom(နှင်းဧကရီဝန်း)လို့အမည်ပေးခဲ့သည်။
'ဒယ်ဒီတွေ့အောင်ရှာမှာမို့....စောင့်နေပေးပါသမီးရယ်'..............
....................................................................
ချစ်ရင်voteလေးပေးခဲ့ကြပါအုံးလို့😍😍😍😍

ပိုင်ဆိုင်ခွင့်Where stories live. Discover now