အခန်း11

10 0 0
                                    

''မာမီ........သူက.....သူဘယ်သူလဲ....ဝန်းလဲမသိဘူး...ဝန်းကားနဲ့တိုက်မိပြီးသတိလစ်နေတာ......ခုထိပဲ.....အဲ့တာကြောင့်စောင့်နေတာဝန်းလဲ........''
''သခင်ကြီး......သခင်မ....''
အရိုအသေပေးသံနှင့်အတူ Jame ရောက်ရှိလာလေသည်။
''ဟင့်.....ဟင့်......မေမေ....သားမေမေကိုမလုပ်ပါနဲ့.......သားမေမေနာနေပြီ.....သားတောင်းပန်ပါတယ်......သားကိုရိုက်ပါ.......သားမေမေကိုမရိုက်ပါနဲ့......ဟင့်......''
ဆေးရုံကုတင်ထက်မှကလေးငယ်၏ ယောင်ယမ်းအော်ဟစ်သံကြောင့်.....အခန်းထဲရှိလူများမှာလဲလှုပ်လှုပ်ရှားရှားဖြစ်ကုန်လေသည်။ ဒေါ်မြဧကရီနွယ်တစ်ယောက် မိခင်တစ်ယောက်ပီပီ ကိုယ့်သမီးထက်အသက်ငယ်ကာ ပိန်ပိန်ပါးပါးလေးနှင့် ဒဏ်ရာပေါင်းများစွာနှင့် ကလေးလေးအား ဂရုနာသက်မိကာ သန့်ရှင်းရေးလုပ်ပေးနေစဥ် ကလေးလေးကမျက်လုံးပင်မဖွင့်နိုင်သေးပဲ တစ်ခုခုကိုကြောက်လန့်တကြား အော်ဟစ် ငိုယိုကာ ယောင်နေလေသည်။
''ကလေး......သားငယ်.....သားလေး.....Jame ဆရာဝန်သွားခေါ်လိုက်..''
''ကလေး.....ကလေးငယ်....မျက်လုံးဖွင့်ကြည့်ပါအုံးသားလေး.....''ထိုအခါမှကလေးလေးမှာမျက်လုံးများဖွင့်လာသော်လည်း တစ်ချက်တစ်ချက်ရှိုက်နေသေးပုံမှာ ထိတ်လန့်စရာတစ်ခုခုနှင့်တွေ့ဆုံလာပုံရသည်။
''တီတီ.......သားမေမေကိုကယ်ပေးပါ.....သားသားမေမေကို ဦးကြီးတစ်ယောက်ကရိုက်နေတယ်......သားသားမေမေနာနေပြီ.......ဟင့်........အီးဟီး.....သားမေမေသွေးတွေလဲထွက်နေပြီ''
ကလေးလေးကဒေါ်မြဧကရီနွယ်ရဲ့လက်ကိုကိုင်၍ရှိုက်ကြီးတငင်ငိုကာ သူ့မိခင်အတွက်အကူအညီတောင်းနေလေသည်။ ဒေါ်မြဧကရီနွယ်ချော့ပြောသော်လဲမရပေ။Davidတစ်ယောက်နည်းမျိုးစုံဖြင့်ချော့သော်လဲမရပေ။
''ကလေးလေး......မင်းမေမေကို..မမကယ်ပေးမယ်လေ.....အဲ့တာကြောင့်ခုမငိုရဘူးနော်.....ခနနေဆရာဝန်ကြီးလာရင် ကလေးလေး ဒဏ်ရာတွေကို ဆေးထည့်ပြီး မင်းမေမေကိုသွားကယ်ကြမယ်လေနော်.....''
''မမတကယ်ပြောတာလားဟင်.....သားသားမေမေကိုကယ်ပေးမှာလားဟင်''
''ဒါပေါ့ မမကယ်ပေးမှာပေါ့ အဲ့ဒါကြောင့်ခုမငိုရတော့ဘူးနော်......ခုငိုနေရင်ခေါင်းကြီးနာနေလိမ့်မယ်နော်....''
ဝန်းချော့ပြောလိုက်တော့မှ တအင့်အင့်နဲ့ရှိုက်ကာ အငိုတိတ်ပြီးအိပ်ပျော်သွားသော်လဲ ဝန်းရဲ့လက်ကလေးကိုတော့မလွှတ်ပေးဘဲသူ့လက်ကလေးများဖြင့်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလေသည်။
ထိုအချိန် အခန်းတံခါးပွင့်လာကာ Jameနှင့် ဆရာဝန်ကြီးဝင်လာလေသည်။
''မြ......ကိုယ်အစည်းအဝေးသွားစရာရှိတယ်.....မြနေခဲ့မှာမလား.......ကိုပြန်လာကြိုရမလား.....''
''ရတယ်အကို.....Jameလဲရှိတာပဲ.....မြတို့ဘာသာပဲပြန်ခဲ့လိုက်မယ်''
''ဟုတ်ပြီ......အဲ့တာဆိုကိုယ်သွားပြီ......Lauraဒယ်ဒီသွားတော့မယ်''
''ဟုတ်...ဒယ်ဒီ......''
Davidတစ်ယောက်အခန်းထဲမှထွက်သွားသောအခါJameလဲနောက်လိုက်ထွက်လာလေသည်။
''Jame....အဲ့ကလေးအကြောင်းသွားစုံစမ်းလိုက် အကူညီလိုရင်ကူညီပေးလိုက်.....သမီးလေးမေးရင်အကုန်အဆင်သင့်ဖြစ်နေအောင်.......ကြားလား''
''ဟုတ်ကဲ့သခင်ကြီး....''
Jameလဲအခန်းထဲပြန်ဝင်ကာကားသော့ယူ၍.....မမလေးထံခွင့်တောင်းကာသခင်ကြီးတာဝန်ပေးထားတာအားသွားစုံစမ်းလိုက်လေသည်။ Jameပြန်ရောက်လာသောအခါကလေးလေးကနိုးနေပြီဖြစ်ကာ အဝတ်စားလေးတွေလဲကာ ဆေးရုံဆင်းရန်အသင့်ဖြစ်နေပြီဖြစ်လေသည်။
"မမလေး ကျွန်တော် ပြန်ရောက် ပါပြီ''
''ဒီကလေးလေး ကိုပြန်လိုက်ပို့ရအောင် .......သူ့အိမ်မေးလိုက်အုံးမယ်...''
''ကျွန်တော်စုံစမ်းပြီးပါပြီ....ကလေးလေးက.....သူအမေနဲ့သားမိနှစ်ယောက်ထဲနေတာပါ.......''
''သူ့အမေကိုရိုက်တယ်ဆိုတဲ့သူတွေကကော....''
''...သူ့အဖေပါ........HA  Groupခရဲ့ ဥက္ကဋ္ဌ ပါ ကလေးလေးရဲ့အမေက အဲ့လူရဲ့မယားငယ်ပါ''
''ဟင်....မယားငယ်''
''မမ.......သာသားမေမေဆီလိုက်ပို့တော့လေ.......''
''သြော်......အေးအေး......သွားရအောင်လေ.....''
ဝန်းတို့လဲကလေးလေးကိုလိုက်ပို့ရန်...ဆေးရုံမှကလေးလေးအိမ်သို့ကားဖြင့်ထွက်လာခဲ့လိုက်လေသည်။ သာမာန်ဆင်ခြေဖုံးရပ်ကွပ်ထဲသို့ ဝင်ရောက်ပြီးလမ်းချိုးလေးထဲမောင်းနှင်ပြီးသစ်သားအိမ်လေးနှင့်ပန်းပင်အနည်းငယ်စိုက်ပျိုးထားသော ခြံဝန်းလေးရှေ့တွင်ကားရပ်လိုက်လျှင်ပင် ကလေးလေးမှာကားပေါ်မှဆင်းရန်ဖင်တကြွကြွဖြစ်နေလေပြီ။
Jameမှကားတံခါးဖွင့်ပေးလိုက်သည်နှင့်အပြေးလေးဆင်းကာ အမေကိုတကြော်ကြော်အော်ခေါ်ရင်းအိမ်ထဲသို့ပြေးဝင်သွားလေသည်။
Jameလဲသခင်မနဲ့ သခင်မလေးအား ကားတံခါးဖွင့်ပေးကာ အိမ်ထဲသို့ဝင်ရန် ​ရှေ့မှဦးဆောင်လိုက်လေသည်။
အိမ်ထဲရောက်တယ်ဆိုရင်ပဲကလေးလေးရဲ့အမေဖြစ်သူက ဝန်းတို့ရှေ့တွင်ကျုံ့ကျုံ့လေးထိုင်ကာကန်တော့ဖို့ပြင်နေလေသည်။
''ကျေးဇူးတင်ပါတယ်ရှင်ကျွန်မနဲ့ကျွန်မသားလေးကိုကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ကျွန်မတစ်သက်မမေ့ပါဘူးရှင် နောင်တစ်ချိန်ကြုံကြိုက်ရင်ကျေးဇူးကိုသေချာပေါက်ပြန်ဆပ်ပါ့မယ်ရှင်''
''အို......မလိုပါဘူးရှင် .......ကူညီသင့်တဲ့လူကိုကူညီရမှာပေါ့.....ထပါရှင်အဲ့လိုကြီးမလုပ်ပါနဲ့......''
ဒေါ်မြဧကရီနွယ်လဲ ပြောပြောဆိုဆိုနှင့်ကန်တော့ရန်ပြင်နေသော..အမျိုးသမီး၏လက်အားကိုင်ကာ ထူမပေးလိုက်လေသည်။
ထိုအခါ ထိုအမျိုးသမီးက ဒေါ်မြဧကရီနွယ်အား အံသြ သလိုကြည့်၍မေးလာလေသည်။
''ဟို......တစ်ခုလောက်မေးလို့....ရမလားဟင်.......''
''ဟုတ်ကဲ့မေးပါ.....ရှင့်...''
''နွယ်လေးလားဟင်.......မြဧကရီနွယ်......နွယ်လေးမလားဟင်.....''
''ဟင်.......''
မျက်ရည်များပိုး​ပိုးပေါက်ပေါက်ကျကာမြရဲ့လက်ကိုလဲဆုပ်ကိုင်ရင်းမေးလာသူကိုမြတစ်ခနမျှကြောင်ကြည့်နေမိလေသည်။ မဟုတ်ဘူးမလား.....မဟုတ်လောက်ပါဘူး.....ဒီလိုပုံစံတော့မဟုတ်ဘူးမလား...မြကိုနွယ်လေးလို့ခေါ်တာ....ဖေဖေမေမေအပြင်နောက်ထပ်နှစ်ယောက်သာရှိသည်။မြရဲ့ငယ်ပေါင်းကြီးဖော်အချစ်ဆုံး သူငယ်ချင်းနှစ်​ယောက်ဖြစ်သည့် အောင်ဇေယျာပိုင်နှင့် ပိုင်ဆိုင်သူတို့သည်လည်းမြကိုနွယ်၊ နွယ်လေးဟုတယုတယခေါ်ခဲ့သူများဖြစ်လေသည်။
''သူသူ......နင်လားဟင်..........သူသူ.....ဟုတ်တယ်မလား''
''နွယ်လေး.......ငါ.... ပိုင်ဆိုင်သူ .......ဟုတ်တယ်......သူသူလေ.....''
''နင်ဘာလို့......ဒီလိုဖြစ်နေရတာလဲ.......နင်က......ကိုပိုင်နဲ့အတူ.....ပျော်ပျော်ရွှင်ရွှင်နေရမှာလေ....ဘာလို့ဒီလိုပုံဖြစ်နေရတာလဲ.......ကိုပိုင်ကော.....ကိုပိုင်ကဒီလိုလုပ်တာလား ''
''မဟုတ်ဘူးနွယ်လေး.......မဟုတ်ဘူး......ကိုပိုင်မရှိတော့ဘူး.....ကိုပိုင်ဒီလောကကြီးကနေထွက်သွားပြီ.......ဟီး....ဟီး....အဟင့်.....ဟင့်.....''ပြောရင်းရှိုက်ကြီးတငင်ငိုချကာ...တစ်သိမ့်သိမ့်ရှိုက်နေသော.... အငြိုမဲပေါင်းများစွာနှင့်.......ဖူးယောင်နေသောဒဏ်ရာပေါင်းများစွာနှင့် ကိုယ်လေးအား မြဖက်ထားမိလေသည်။
တစ်ယောက်နှင့်တစ်ယောက်ဖက်ကာ ရှိုက်ကြီးတစ်ငင်ငိုနေသောမာမီနှင့်အန်တီကြီးကိုကြည့်ကာဝန်းမှာအံသြကာကြောင်တောင်တောင်ဖြစ်နေလေသည်။
Jameမှာလဲမျက်လုံးအပြူးသား ကလေးလေးကတော့သူ့အမေငိုနေသောကြောင့်သူပါလိုက်၍ငိုနေလေသည်။ ခနအကြာမှ မာမီနှင့်အန်တီကြီးမှာ အငိုတိတ်ကာ သစ်သားကြမ်းပြင်ပေါ်ရှိခင်းထားသောဖျာလေးပေါ် ထိုင်ကာစကားများပြောနေကြလေသည်။
''သူသူ......ဒါလေးကငါ့သမီးလေး......နှင်းဧကရီဝန်းတဲ့.......ပြင်သစ်မြန်မာကပြားလေးပေါ့.......ငါ့အမျိုးသားက......ပြင်သစ်လေ....''
''နင်နဲ့တူတယ်.........ချစ်စရာလေး.......''
''တီတီ......မမ......ဦးဦး........ရေသောက်ပါခင်ဗျ......''
''ဟုတ် ပါပြီရှင့်......သူသူဒါလေးက.......နင့်သားလေးလား.......နာမည်ဘယ်လိုခေါ်လဲ.......ရုပ်ကလေးကအကြည်ဓာတ်ကလေး.....''
''သားသားက ဇေပိုင်သက်တရစ်လို့ခေါ်ပါတယ်ဗျ''
''ဟယ်.......သူသူ....နင့်သားကအသွက်ကလေးပါ့ကော.....ဒါနဲ့နင့်အမျိုးသားကကော''
''ငါ.......ငါ့အမျိုးသား......က.....အောင်ဇေယျထွန်း......''
''ဘာ.......သူသူ.......ငါ...နားကြားများမှားတာလား......ဘယ်...ဘယ်လို.....''
''ဟုတ်တယ်နွယ်လေး......နင်နားကြားမမှားဘူး.....ပြီးတော့.....ငါနင့်ကိုအကူညီတောင်းစရာရှိလို့........ကူညီပေးပါ့လား...''
''ငါဘာကူညီပေးရမလဲ..... သူသူ......ငါအတက်နိုင်ဆုံးကူညီပေးမယ်......''
''ဒိမှာပြောလို့မကောင်းဘူး.......နွယ်လေး....ငါ့အခန်းထဲသွားရအောင်.....ကလေးတွေကိုမသိစေချင်ဘူး......''
''ဟုတ်ပြီ.......ဝန်းလေး......မောင်လေးကိုခေါ်ပြီးJameနဲ့အတူမုန့်သွားဝယ်စားချည်''
''ဟုတ်မာမီ......လာကလေးလေး.....မမနဲ့အတူတူ......မုန့်သွားစားရအောင်....''
''ဟုတ်မမ......''
ဝန်းလေးလဲ ကလေးလေးအားလက်ကိုဆွဲကာအိမ်အပြင်သို့ထွက်လာကာကားပေါ်သို့တက်လိုက်လေသည်။
ကားပေါ်ရောက်မှ.....''အယ်.....လွယ်အိတ်ကျန်ခဲ့ပြီ.....''
ဝန်းလဲကားပေါ်မှဆင်းကာ........အိမ်ထဲသို့ပြေးဝင်သွားလေသည်။အိမ်အတွင်းတွင် ဘဝဇာတ်ကြောင်းအားရင်နင့်စွာပြောပြနေသည့် အမျိုးသမီးတစ်ယောက်၊ ရင်နင့်စရာဖြစ်ရပ်များအား နားထောင်ပေးပြီး နှစ်သိမ့်ပေးနေသောအမျိုးသမီးတစ်ယောက်၊ တစ်ယောက်ကိုတစ်ယောက်ထွေးပွေ့ကာနှစ်သိမ့်ပေးနေသည်မှာဘေးပတ်ဝန်းကျင်အားဂရုမစိုက်နိုင်သည့်ဟန်၊ သူတို့ပြောနေသည့် အကြောင်းအရာနှင့် ဘဝဇာတ်ကြောင်းကို ကလေးငယ်တစ်ဦးကအစအဆုံးကြားလိုက်သည်ကို......ထိုအမျိုးသမီးလေးနှစ်ဥိိီး သိလိုက်ပါ၏လော။


ပိုင်ဆိုင်ခွင့်Where stories live. Discover now