အခန်း9

20 0 0
                                    

''မာမီ.........ဒယ်ဒီ.......မာမီရေ.....''.ဝန်းကားပေါ်ကဆင်းသည်နှင့်မာမီနှင့်ဒယ်ဒီကိုအော်ခေါ်၍လိုက်ရှာနေမိသည်။အိမ်ရှေ့ပန်းခြံထဲကအပန်းဖြေဆောင်တွင်လည်းမရှိဧည့်ခန်းထဲတွင်လဲမရှိသဖြင့်ဝန်းလဲအပေါ်ထပ်တက်ရန်ပြင်စဥ်မီးဖိုထဲမှအသံကြားရသဖြင့်မာမီများဖြစ်နေမလားလို့သွားကြည့်မိသည်။''Oh.......ဒေါ်တင့်ပါ့လား''......
.''မမလေးပြန်ရောက်ပြီလား......ဘာအလိုရှိလို့မမလေးဒေါ်တင့်လုပ်ပေးမယ်လေ''..
''ရတယ်ဒေါ်တင့်.... မာမီနဲ့ဒယ်ဒီကိုမတွေ့လို့လိုက်ရှာနေတာ.....''
''အော်သခင်ကြီးတို့ကခုနကတော့အပေါ်ထပ်ကိုအလုပ်ကိစ္စရှိလို့ဆွေးနွေးဖို့Jameနဲ့အတူတက်သွားတယ်''
ဒေါ်တင့်စကားဆုံးသည်နှင့်ခေါင်းလေးညိမ့်ပြကာဝန်းတစ်ယောက်အိမ်အပေါ်ထပ်သို့တက်သွားလေသည်။Nightလည်းကားပါကင်ထိုးရင်းအိမ်ရှေ့ပြေးထွက်လာလိုက်..အိမ်ထဲပြန်ဝင်သွားလိုက်မီးဖိုထဲပြေးဝင်သွားလိုက်နဲ့အလုပ်ရှုပ်နေသည့်ကလေးပေါက်စလေးအားကြည့်ရင်း'သူတို့ပြောသလောက်လဲမဟုတ်ပါဘူးသာမန်က​​လေးပုံစံပါပဲ'ဟုတွေးနေမိသည်။ထို့နောက်သခင်ကြီးကိုရောက်ရှိကြောင်းအကြောင်းကြားရန်ဧည့်ခန်းတွင်သာထိုင်စောင့်နေလိုက်တော့သည်။ခနအကြာ ခေါင်းဆောင်မယ်ရီနဲ့အန်နာပါရောက်လာကာJameနဲ့မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်နေလေသည်။ ဝန်းတစ်ယောက်အပေါ်ထပ်သို့ရောက်လာချိန်ဒယ်ဒီ့စာကြည့်ခန်းသို့ဝင်ရန်ပြင်နေစဥ်စကားသံအချို့ကိုကြားလိုက်ရသဖြင့်တံခါးမခေါက်တော့ပဲငြိမ်၍နားထောင်နေမိသည်။ဒယ်ဒီကတစ်ယောက်ယောက်ကိုဆူနေပုံရသည်တစ်ဖက်လူရဲ့ပြန်ပြောသံမကြားရပုံထောက်ရင်ဖုန်းပြောနေပုံရသည်။ ခုထိကိုဆူလို့မပြီးသေးပုံအရတော်တော်အရေးကြီးသည့်ကိစ္စကိုအမှားအယွင်းဖြစ်သွားပုံရသဖြင့်ဝန်းလဲအာရုံစိုက်နားထောင်မိသည်။ (****ေလးတွေပြထားတာကဖုန်းပြောတဲ့အသံပါနော်)

''Jason, I know you're doing your job well, but are you forgetting what I taught you to be precise and accurate?''
(ဂျေဆင်မင်းအလုပ်ကိုသေချာလုပ်မှန်းသိပေမယ့်တိတိကျကျသေချာအလုပ်လုပ်တက်အောင်ငါသင်ပေးခဲ့တာတွေကိုလဲမေ့နေတာလား)

***I'm sorry.....sir....I was not paying attention....my fault***
(ကျွန်တော်တောင်းပန်ပါတယ်သခင်ကြီး ကျွန်တော်အာရုံစိုက်မှု့နည်းသွားလို့ပါ.... ကျွန်တော့်အမှားပါ)

ပိုင်ဆိုင်ခွင့်Where stories live. Discover now