Part 14🍓

4.8K 46 2
                                    

( စောစော အပ်ပဒိတ်လိုက်တယ်နော် 👀 လောင်ရတော့မှာပါ🔥)

မနက်နိုးလာတော့ ရာရာတစ်ကိုယ်လုံးနာကျင်နေသည်။

အားယူပြီးထကြည့်တော့မရ။

ခေါင်းလည်းအရမ်းကိုက်နေသလို လက်တွေကိုတစ်ညလုံးအချည်ခံထားရတော့ လက်ကောက်ဝတ်တွေရဲနေပြီး နာနေသည်။

ခေါင်းထောင်လို့တောင်မရဘဲ ကိုက်ခဲနေသည်။

ဘေးကိုကြည့်လိုက်တော့ နှစ်ခြိုက်စွာသူအိပ်ပျော်နေသည်။

" ကိုကြီးသိလား ရာရာအရမ်းနာကျင်တယ် ခန္ဓာကိုယ်ထက်ရာရာ့နှလုံးသားကပိုနာကျင်နေတယ် ကိုကြီးဘာလို့ "

တစ်ညလုံးငိုထားရတာတောင် မျက်ရည်တွေကကျလာသေးသည်။

" ဟင့်အင်း ငါထပ်ငိုလို့မရဘူး "

ရာရာ အားယူပြီးထလိုက်တော့ ချာချာလည်ကိုမူးနေသည်။

ကုတင်ပေါ်ကဆင်းဖို့ ခြေထောက်ကိုလှုပ်ရှားကြည့်တော့

" ဟင့်အင်း မရဘူးအား "

ခြေထောက်တွေလဲလှုပ်လို့မရ

်ရာရာအရမ်းနာနေသည်။

" မဖြစ်ဘူးငါထမှရမယ် "

ရာရာ ရှိသမျှအားနဲ့ရုန်းကန်ထကြည့်တော့

" အ့ ကျစ် နာတယ် "

တစ်ယောက်ထဲ ထိုင်လိုက်ထလိုက်နဲ့ အားယူကြည့်နေရသည်။

မတ်တပ်ရပ်လို့ရသွားတော့ ရာရာ့အင်္ကျီတွေဘောင်းဘီတွေကိုပြန်ကောက်ပြီး ဝတ်လိုက်သည်။

ရာရာတံခါးဖွင့်ပြီး အောက်ထပ်ကိုဆင်းလာတော့အန်တီမြတို့ အရိပ်ယောင် မတွေ့။

ညကရေးနေခဲ့တဲ့ စာစီစာကုံးစာအုပ်တွေက ဒီအတိုင်း

ရာရာ စာရွက်တစ်ရွက်ယူလိုက်ပြီး

" အန်တီမြ သမီး ခွင့် ၃ရက်လောက်ယူပါမယ်နော် "

ဘာထပ်ရေးရမှန်းလဲ ရာရာမသိတော့။

ဒီတိုင်းစားပွဲပေါ်မှာတင်ခဲ့ပြီး ထွက်လာခဲ့သည်။

အိမ်ဘက်ကိုရောက်တော့ အမေကပန်းကန်တွေဆေးနေသည်။

❀ɓεℓσѵε∂❀Where stories live. Discover now