~ ရေစက်များရဲ့ စကားသံ ~

209 29 18
                                    

❗️Warning ❗️

အနည်းငယ် ပို သတိပေးပါတယ် ...

'' ဝွန်ဘင်းနီ လာလေ ´´
ဒါက ပထမဆုံးအကြိမ် ကြားရတာပဲ ဝွန်ဘင်းနီ တဲ့ ...

ဆောင်းချန်က ပြောပြီး တန်းနဲ့ချိတ်ဆွဲထားသည့် ဝတ်စုံတွေကို ဝွန်ဘင်းဘက် တိုးပြလိုက်သည် ..

'' ကိုယ့် ဒီဇိုင်နာတွေ ဆင်ထားတာတွေပဲ ကြိုက်တာ ဝတ်လေ ´´
ဝွန်ဘင်းက ဆောင်ချန်းလက်ကိုဆွဲလိုက်ပြီး သူ့ခါးမှာထားလိုက်သည် ..

ခန္ဓာကိုယ်ချင်း ကပ်လိုက်ပြီးနောက် ဆောင်းချန်ရဲ့ အပေါ် jacket ကို လက်နှစ်ဖက်နှင့် ဆွဲပြင်ပေးရင်း ဝွန်ဘင်း ကပ်ပြောလိုက်သည် ...

'' ကိုကို ... ဘေဘီကလေ သူများချုပ်ပေးတာတွေကို ဒီလို ပြီးစလွယ် မဝတ်တတ်ဘူး အရင်ကြိုပြပြီး ကြိုက်တာ မကြိုက်တာ အဆင်ပြေတာ မပြေတာ ရွေးပြီးမှ စိတ်တိုင်းမကျရင် အကုန်ဖယ်ပြီး စိတ်တိုင်းကျရင်တောင် သေချာစဥ်းစားသေးတာ ´´

ဝွန်ဘင်းက ပြောပြီး ဆောင်းချန်ရဲ့ နဖူးပေါ်ကျနေတဲ့ ဆံပင်ခပ်နည်းနည်းကို လက်နဲ့အသာဖယ်လိုက်ပြီး နားရွက်ဖျားကို ပွတ်လိုက်သည် ...

'' ဟင် .. ကိုကို ဒါတွေ မသိဘူးမလား ကိုကိုကလည်း သိအောင်လုပ်ထားလေ ´´

ဝွန်ဘင်းက ဒေါသကို ဒီလိုပုံစံ ဒီလိုစကားတွေ   နှင့် ပြနေသည်ကို ဆောင်းချန်သိလိုက်သည် ..

ဆောင်းချန်က ဝွန်ဘင်းမေးစေ့လေးကို ကိုင်လှုပ်လိုက်ပြီး ...

''အာ .. ဆောရီး ကိုကို အများကြီးလိုသွားတာပဲ ဘေဘီလေး ကျေနပ်အောင် ဘယ်လိုလုပ်ပေးရမလဲ ´´
'ဘယ်လိုမှ မလုပ်နဲ့တော့ ဘေဘီ ပြန်လိုက်တော့မယ်´

ဝွန်ဘင်းက ပြောပြီး ဆောင်းချန် ပါးတစ်ဖက်ကိုနမ်းကာ လှည့်ထွက်လိုက်သည် ...

'' နိုး နိုး ဟားး အဲ့လိုလုပ်လို့ ဘယ်ရမလဲ ´´
'' အင် .. ကျွန်တော် စိတ်မပါဘူးလေ အတင်းအကြပ်လည်း စီစဥ်သေးတယ် စိတ်ကျေနပ်စရာလည်းမရှိဘူး ´´

'' ကိုယ့်ကို လျှော့တွက်ပြန်ပြီ ´´
ဆောင်းချန်ကပြောတော့ ဝွန်ဘင်းက ပခုံးတွန့်ပြသည် ...

Dear Pain ( Completed ) Where stories live. Discover now