Chapter 46

158 29 0
                                    

🦊Chapter 46
Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး
4.3 ယခုအချိန်က တော်ဝင်မိသားစု ကျရှုံးလုဆဲဆဲ အချိန်ပင်။ 

ရွှယ်လင် ညက ကောင်းမွန်စွာ အိပ်စက်ခဲ့ပြီးနောက် မနက်စောစော နိုးလာလေသည်။ အိပ်ယာထဲတွင် ဟိုဟိုသည်သည် လှိမ့်လိုက်ပြီးနောက် နာနိုကွန်ပျူတာလေးကို ဖွင့်လိုက်ပြီး အင်ပါယာ၏ နေ့စဥ်သတင်းများကို ကြည့်လိုက်လေသည်။

ပြည်သူများက လွန်ခဲ့သော နှစ်ရက်ကကျင်းပခဲ့သည့် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲကြီးတွင် ဆက်လက်နစ်မြှုပ်နေဆဲပင်။ ယနေ့မနက်ခင်းတွင် တော်ဝင်မိသားစုက တိုက်ပွဲအတွက် မင်းသားဂြိုလ်မှ ထွက်ခွာသွားကြောင်းကို ကြေငြာခဲ့သည်။ ပြည်သူတို့က လက်ထပ်ပြီးပြီးချင်း ခွဲခွာလိုက်ရသည့် တော်ဝင်စုံတွဲအတွက် သူတို့၏ စိတ်နှလုံးထိခိုက်မှုများကို ထုတ်ဖော်ပြသခဲ့သည်။

ရွှယ်လင် ထေ့ငေါ့စွာ ရယ်လိုက်ကာ ပြတင်းပေါက်ကို ပိတ်လိုက်ပြီး နောက်ထပ် အကြောင်းအရာ နှစ်ခုကို ပြောင်းကြည့်လိုက်သည်။

အကူစနစ်လေး၏ သတိပေးသည့် ကျေးဇူးကြောင့် ရွှယ်လင် ဟိုနိုရီယာကို ဖုန်းခေါ်လိုက်ပြီး အိမ်ရှေ့စံ၏ ထွက်ခွာသွားသည့်သတင်းကို ထုတ်လွှင့်ပေးရန် တောင်းဆိုခဲ့သည်။ သူ လက်ဦးမှုယူကာ ထိုသတင်းကို ကြိုတင် ဖြန့်ဝေခြင်းက အခြားသူများသိသွားမည်ကို စောင့်နေရခြင်းထက် ပိုကောင်းလေသည်။ ထိုမှသာ မင်းသားကို အရှက်ရစေရုံသာမက သူ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်လာလိမ့်မည်ပင်။

မင်းသားက သူ၏ ထူးချွန်ပြောင်မြောက်သော စွမ်းအားနှင့် ချောမောသောရုပ်ရည်ကြောင့် အင်ပါယာတွင် idol ဖြစ်လာသော်လည်း မင်းသမီးဟူသော ဂုဏ်ပုဒ်သည်လည်း ရှိုးပြရန်အတွက်သာ မဟုတ်ပေ။ လူသိများသော အိုမီဂါ တစ်ယောက်ဖြစ်သော အက်ရှလေက အယ်လ်ဖာထုကြီး၏ စောင့်ရှောက်ကြည့်ရှုခံခဲ့ရပြီး သူ မွေးကတည်းက မင်းသားနှင့် စေ့စပ်ထားသည်ကို သိသော်လည်း သူတို့က လိုက်လံ စောင့်ရှောက်ခဲ့ပြီး သူ့တွင် နောက်လိုက်များလည်း အများအပြား ရှိသည်။

ရွှယ်လင့်ထံတွင် မရေတွက်နိုင်သော အရန်အင်အားများ ရှိသည်။ ထိုသူတို့ ရှိနေသေးသောကြောင့် သူက ၎င်းတို့ကို သုံးပြီး ပြီးပြည့်စုံသော မင်းသမီးအဖြစ် လူထု သူ့ကို မြင်စေရန် တွေးထားလိုက်သည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now