🦊Chapter 51
Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး
4.8 - ဖြစ်သင့်တဲ့အရာအားလုံးက နောက်ဆုံးမှာ ဖြစ်လာမှာပဲရှေ့တန်းမှ အခြေအနေမှာ မကောင်းလှသည့်အပြင် အရှင်မင်းသားကိုရှာရန် ထပ်တိုးအဖွဲ့များကိုပင် ထပ်မလွှတ်ပေးနိုင်သည်ထိ အခြေအနေဆိုးရွားနေသည်။ သူ့အတွက် ဘာမှမဖြစ်လာစေရန်သာ ဆုတောင်းနိုင်တော့သည်။ သူကိုယ်တိုင် ပြန်လာနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
မင်းသမီးက ဇာ့ခ်တို့၏ တိုက်ခိုက်မှုများကို ခံစားနေရသော ရှေ့တန်းစစ်သားများအား အားဖြည့်ပေးရန် သူနှင့်အတူ တပ်စုခွဲများခေါ်လာသည်။ မင်းသမီး ထိုနေရာသို့လာရသည့် ရည်ရွယ်ချက်မှာ ဖြစ်သို့ပင်ဖြစ်စေ သူတို့အားလုံး သူ့အပေါ်ကျေးဇူးတင်နေကြသည်။
ဇာ့ခ်များက တစ်နှစ်ပြီးတစ်နှစ် ပိုမိုရက်စက်ကြမ်းကြုတ်လာသည်။ ဤနှစ်တွင် ဇာ့ခ်တို့၏လှိုင်းများက ပိုမိုပြင်းထန်လာပြီး သူတို့တွင် မည်မျှရူးသွပ်သော စွဲလမ်းမှုမျိုးရှိကြသည်ကို သူတို့မသိကြပေ။ မင်းသမီးက သူနှင့်အတူလူများသာ မခေါ်ခဲ့လျှင် သူတို့၏ ရှေ့တန်းကာကွယ်ရေးတပ် မပြိုကွဲခင်အချိန်ထိ ကြာမြင့်စွာ ခုခံထိန်းထားနိုင်မည်မဟုတ်ပေ။
ရွှယ်လင် ရှေ့တန်းသို့ရောက်သွားပြီးနောက် ဇာ့ခ်များ ၏ရူးသွပ်မှုကိုသာ သတိပြုမိသည်။ ထိုနေရာတွင် ဖြစ်ပျက်နေသောအရာများနှင့်ပတ်သက်၍ ပိုမိုလေ့လာရန် ရှေ့တန်းစစ်မျက်နှာတွင် တပ်ဖြန့်ထားသော ဗိုလ်ချုပ်ကြီးများနှင့် မတွေ့ဆုံမီထိ သူက ပထမဦးဆုံးစစ်ပွဲတွင် တန်းပါဝင်ခဲ့ပြီး သုံးရက်ကြာမျှ သတ်ဖြတ်ခဲ့ကာ မရေမတွက်နိုင်သော ဇာ့ခ်များကို ရှင်းထုတ်ပစ်ခဲ့သည်။
မင်းသားက ထိုအကူစစ်စခန်း တပ်စွဲထားသောဂြိုဟ်သို့ မရောက်မီ ချုံခိုတိုက်ခိုက်ရင်း ပျောက်ကွယ်သွားသည်။ ထို့ကြောင့် သူက ထိုစစ်စခန်းသို့ တရားဝင်ရောက်ရှိခြင်းမရှိပဲ စာရွက်စာတမ်းများစွာကိုလည်း ရွှယ်လင်သာ ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်။ သူ လုံးဝအံ့ဩနေခြင်းကို မဖုံးကွယ်နိုင်ခဲ့ပေ။