Chapter 48

372 44 0
                                    

🦊Chapter 48
Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး
4.5 - ကျေးဇူးပြုပြီး အင်ပါယာကို ဂုဏ်ကျက်သရေဆောင်နိုင်ဖို့ ကျွန်တော့်ကို ခွင့်ပြုပေးပါ

မင်းသား၏ မတော်တဆဖြစ်ရပ်မှာ မင်္ဂလာပွဲညတွင် မြို့တော်ဂြိုလ်မှ ထွက်သွားပြီး လဝက်တွင် ဖြစ်ပွားခဲ့သည်။ အမှန်တွင် ရှေ့တန်းရောက်ပြီးမှသာ ဖြစ်သင့်လေသည်။

ခြေလှမ်းမှားသွားတယ်လို့ ပြောရမလား…

ရွှယ်လင်က ထိုအကြောင်းကို ထဲထဲဝင်ဝင် တွေးမနေပေ။ သူ ယနေ့ကို တစ်လကျော်တောင် ကြာအောင် စောင့်ခဲ့ရ၍ အိပ်ယာထဲတွင် ရယ်နေမိသည်။ ထို့နောက် ဝါရန်ကို ဆက်သွယ်လိုက်သည်။

ဝါရန်၏မျက်နှာ ဆက်သွယ်ရေးကရိယာတွင် ပေါ်လာချိန်တွင် ရွှယ်လင်၏မျက်နှာပေါ်၌ အပြုံးများ တည်ရှိနေဆဲပင်။ ဝါရန်က သူ့ညီငယ်လေး အဘယ့်ကြောင့် အလွန်ပျော်ရွှင်နေကြောင်း မသိပေ။ သူက ရာထူးမြင့်သော်လည်း မင်းသား၏မတော်တဆဖြစ်ရပ်ကဲ့သို့သော သတင်းမျိုးကို သိပိုင်ခွင့် မရှိပေ။

" အစ်ကိုကြီး မြို့တော်ကိုပြောင်းမယ့် လျှောက်လွှာတင်လိုက်တော့... မင်းသားက ရှေ့တန်းမှာ မတော်တဆမှု တစ်ခု ဖြစ်ထားတော့ သူ့ရဲ့ အခွင့်အာဏာတွေက ကျွန်တော့်လက်ထဲရောက်လာမှာ ကျွန်တော် အစ်ကိုကြီးရဲ့ လျှောက်လွှာကို မြန်မြန် ခွင့်ပြုပေးနိုင်တယ်..."

ဝါရန် အံ့အားသင့်သွားပြီး ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။
" မင်းသား ဘာဖြစ်တာလဲ..."

သူ့ညီငယ်လေး၏ အပြုံးကို မြင်လိုက်ရကာ သိချင်သွားလေသည်။
" အဲဒါ မင်း လုပ်လိုက်တာလား..."

ရွှယ်လင် ရယ်လိုက်သည်။ ယခုဤဘဝမှ သူ့အစ်ကိုကအနည်းငယ်ရူးကြောင်ကြောင်နိုင်ကာ ချစ်စရာကောင်းသည်ဟု သူခံစားလိုက်ရသည်။
" ဘယ်ဟုတ်ပါ့မလဲ ဒါပေမဲ့ သူပြန်လာနိုင်မလား ပြန်မလာနိုင်ဘူးလားဆိုတာကတော့ ကျွန်တော့် စိတ်အခြေအနေပေါ် မူတည်တယ်..."

ဝါရန်က နားလည်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့က နာနိုကွန်ပျူတာလေးမှတစ်ဆင့် ထိုစကားများပြောရန် မသင့်လျော်သောကြောင့် ရွှယ်လင်နှင့် ချိန်းဆိုလိုက်ကာ နန်းတော်ကိုသွားပြီး ရွှယ်လင်ကို တွေ့ရန် ပြင်ဆင်လေသည်။ 

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now