Present
မီးခိုးရောင်ကျောပိုးအိတ်ကိုလွယ်ကာ ဖြည်းဖြည်းချင်းလမ်းလျှောက်လာသော သော့်ကိုအဝေးမှမြင်ရုံနှင့်တင် မင်းမောင်မှာ ပျော်မြူးနေပြီဖြစ်သည်။ သော်က သူ့ကိုမြင်သွားပေမဲ့ လမ်းကိုသာဆက်လျှောက်သွားသည်။ မင်းမောင်လည်း ခြေလှမ်းကျဲကြီးများဖြင့် သော့်အနားကိုသွားလိုက်သည်။
"Good morning သော်"
သော်သျှန်းဝေက စောဟန်မင်းမောင်၏ နှုတ်ဆက်စကားကို ခေါင်းညိတ်ကာတုံ့ပြန်သည်။
"ဒီမှာသော့်ဖို့"
အစောက ကုန်စုံဆိုင်တွင်ရောင်းသော
ကီဝီသီးဖျော်ရည်ပုလင်းကို ပေးတော့ မျက်လုံးလှန်ကြည့်ကာ"မယူဘူး" ဟု ငြင်းလေသည်။
"ခေါက်ဆွဲတွေစားထားတာ အီနေမှာပေါ့ ဒါလေးသောက်လိုက်ရင် လန်းဆန်းသွားမှာ"
"ငါခေါက်ဆွဲစားမှန်း မင်းဘယ်လိုသိလဲ"
စောဟန်မင်းမောင်သည် ခပ်သာသာလေးပြုံးပြီး ထိုမေးခွန်းကိုမဖြေပေ။ အတိတ်တုန်းကလည်း သော့်ကိုလိုက်ဖူးတာမို့ သိနေခြင်းသာဖြစ်ကြောင်း...သော်စားနေကျ မနက်စာဆိုင်မှသည် သော်အကြိုက်ဆုံးအရာ တော်တော်များများသိကြောင်း သူမပြောဖြစ်တော့။
"ယူထားလိုက်ပါ...ကြိုတင်လာဘ်ထိုးတယ်လို့သဘောထားပေါ့"
"လာဘ်ထိုးတယ် အဲတာကရော ဘာလဲ"
"သော် ကျောင်းရောက်ရင် သိလိမ့်မယ်"
မင်းမောင်သည် သော့်ဘေးနားမှာ အတူလမ်းလျှောက်ရသည်ကိုပင် ပျော်ရွှင်နေသည်။ ရွက်ခြောက်အမှိုက်တစ်စပင်မရှိသော ရှင်းလင်းနေသည့်ကတ္တရာလမ်းမပေါ်တွင် သူတို့နှစ်ယောက်၏ခြေရာများက မထင်ကျန်နိုင်သော်လည်း မင်းမောင်နှလုံးသားအနှိုက်ရှိုင်းဆုံးတွင်းမှာတော့ သူတို့ခြေလှမ်းတွေ ထာဝရစွဲထင်နေမှာပင်။
သော်က အခုထိသူပေးသော ဖျော်ရည်ပုလင်းကို မယူချေ။
ဘယ်လောက်တောင်များ ချေဖို့တွေးထားသလဲလေ။
"သော့်ကို ရွေးချယ်စရာနှစ်ခုပေးမယ်...ဒီဖျော်ရည်ပုလင်းကိုယူမလား ဒါမှမဟုတ် သော့်အခန်းထဲထိ အတူလိုက်လာရမလား"
YOU ARE READING
PAST PRESENT FUTURE
Fantasyလူသားတွေပြောင်းလဲသွားရင်တောင် အချိန်ကာလတွေပြောင်းလဲသွားရင်တောင် အဖြစ်အပျက်တွေပြောင်းလဲသွားရင်တောင် ထာဝရမပြောင်းလဲမဲ့အရာက လူတစ်ယောက်ရဲ့ စစ်မှန်တဲ့အချစ်ပါပဲ... ဆုံးဖြတ်ချက်တွေကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာရပေမဲ့ မပြောင်းလဲတဲ့နှလုံးသားတွေအကြောင်း...။