Chapter (13)

102 18 3
                                    

Past

ပိတ်ရက်ဖြစ်တာမို့ ကစားကွင်းကထင်ထားတာထက် လူများနေသည်။ သူတို့သူငယ်ချင်းတွေ စုလာကြခြင်းဖြစ်ပြီး ထိုအဖွဲ့တွင် ယောက်ျားလေးဆိုလို့ သော်သျှန်းဝေနှင့်ညီညီထွေးနှစ်ယောက်ပဲပါသည်။ တစ်ဖက်မှ သူငယ်ချင်းမိန်းကလေးသုံးယောက်နှင့် သူတို့သည်ကစားကွင်းထဲမှာ ပျော်ပါးဆော့ကစား၍ ပိတ်ရက်ကို ကောင်းကောင်းအသုံးချမည်။

ထို့နောက် merry go round ရှေ့တွင် ညီညီထွေးက သန္တာခိုင်ကို ရည်းစားစကားပြောမည်။ မှာထားသောပန်းစည်းလာပို့ချိန်တွင် သော်သျှန်းဝေက သွားယူပေးပြီး merry go roundရှေ့တွင်စောင့်နေပေးရုံပင်။ surprise ဖြစ်စေချင်သော ညီညီထွေး၏ အစီအစဥ်များဖြစ်မြောက်အောင် သော်သျှန်းဝေက ကူညီပေးခြင်းပင်။

သူတို့သူငယ်ချင်းငါးယောက်လုံး ကစားကွင်းထဲက rideမျိုးစုံကို စီးကြသည်။ အချိန်ကျသောအခါ သော်သျှန်းဝေသည် သန့်စင်ခန်းခဏသွားဦးမည်ဟု ပြောခဲ့ပြီးလာပို့သောပန်းစည်းကို ကစားကွင်းရှေ့တွင် သွားယူလိုက်သည်။


ထို့နောက်တွင် လက်တပွေ့စာရှိသော ပန်းစည်းကိုကိုင်ရင်း merry go roundနားတွင် သွားရပ်နေလိုက်သည်။ အရုပ်များပေါ်တွင် စီးနေသော ကလေးငယ်များနှင့် ဆယ်ကျော်သက်တို့၏ ရယ်သံစကားပြောသံများသည် ဆူညံနေသည်။ သက်ဝင်လှုပ်ရှားနေသော ပတ်ဝန်းကျင်တွင် သော်သျှန်းဝေသည် ငြိမ်သက်စွာရပ်နေသည်။

ခဏကြာတော့ ထိုနားကို ညီညီထွေးအပါအဝင် လေးယောက်သားရောက်လာကြသည်။ သော်သျှန်းဝေသည် လူအုပ်အနောက်တွင် ပုန်းနေလိုက်သည်။

ညီညီထွေးက သန္တာခိုင်လက်ကိုဆွဲကာ merry go roundရှေ့ကိုဆွဲခေါ်သွားလေသည်။

ညိညီထွေးသည် သန္တာခိုင်၏လက်နှစ်ဖက်ကိုကိုင်ရင်း စကားများဆိုနေသည်။ ညီညီထွေးသည် ရင်ခုန်မှုကြောင့်စိတ်လှုပ်ရှားသော်လည်း မျက်နှာကတော့ပြုံးရွှင်နေ၏။ သန္တာခိုင်သည်လည်း ရှက်နေပေမဲ့ ပြုံးနေလေသည်။ ညီညီထွေးက ဒူးတစ်ဖက်ထောက်လိုက်ချိန်တွင် အနီးနားမှာရှိသောသူတွေကပါ ဝိုးကနဲအော်ဟစ်အားပေးကြလေ၏။

PAST PRESENT FUTURE Tempat cerita menjadi hidup. Temukan sekarang