Chapter (11)

131 24 2
                                    

Present

စောဟန်မင်းမောင်သည် ကျန်ရှိနေသောနေ့ရက်များကို ချစ်ရသူဘေးတွင်နေထိုင်ရင်း ကောင်းမွန်စွာကုန်ဆုံးရန်ဟူသော ရည်ရွယ်ချက်ဖြင့်ရောက်လာခဲ့သည်။

နှစ်ခါပြန်မရနိုင်သော ငယ်ရွယ်မှုများကိုခံစားရင်း သူဟာသူ့ဘဝသူနှုတ်ဆက်ဖို့ကြိုးစားရသည်။ မလွယ်ကူပါချေ။ ညများတွင် စိတ်ဖိဆီးမှုများကြောင့် အိပ်မပျော်နိုင်ဖြစ်ရသဖြင့် အမေ့အခန်းကိုခပ်တည်တည်နှင့်သွားခေါက်ပြီး အမေအလုပ်လုပ်တာကို ညနက်သည်အထိ ဘေးကနေထိုင်စောင့်မိသည်။

ဒေါ်လဝန်းရူပါသည်
မင်းမောင်၏ပြောင်းလဲမှုများကို မကိုင်တွယ်တတ်သဖြင့် လွှတ်ထားဖို့သာတတ်နိုင်သည်။ ဟန်နီ၏အကြံပေးမှုဖြင့် ဆယ်ကျော်သက်အရွယ်များ၏ စိတ်အတက်အကျဖြစ်စဥ်များဟု သဘောထားကာ သားဖြစ်သူနှင့်အလိုက်သင့်ရင်းနှီးရန် ကြိုးစားကြည့်သည်။

သူတို့သားအမိ ဆက်ဆံရေးကအရင်ကထက် ပိုရင်းနှီးလာသည်။ မင်းမောင်သည် အစပိုင်းတွင် အမေနှင့်ပြောစရာစကားမရှိသဖြင့် သူတို့နှစ်ယောက်လုံးရင်းနှီးကျွမ်းဝင်သည့် သရုပ်ဆောင်ပညာအကြောင်းကိုသာ ဆွေးနွေးဖြစ်ကြသည်။

သူ့အမေသည် နှစ်ပေါင်းများစွာကျော်ကြားအောင်မြင်ခဲ့ပြီး ဆုများစွာရရှိထားသော မင်းသမီးဖြစ်တာမို့ ပြောစရာအကြောင်းများစွာ ရှိနေသည်။

မင်းမောင်သည် သူတစ်ခါမှမမေးဖူးသော အမှုမထားခဲ့သော အန်တီဟန်နီနှင့်အမေ၏ တွေ့ဆုံမှုအကြောင်းကို မေးခဲ့သည်။ မင်းမောင်ဖခင် ဆုံးပါးပြီးနောက်ပိုင်း အထီးကျန်နေသောကာလများတွင် အမေသည် အန်တီဟန်နီနှင့်တွေ့ဆုံခဲ့ပြီး အန်တီဟန်နီဆီကနေ နှစ်သိမ့်မှုများနှင့်နွေးထွေးမှုများ ရခဲ့သည်ဟု ဆိုသည်။




မင်းမောင်သည် အားကစားခန်းမထဲ
တွင် ဘက်စကတ်ဘောကို အသာလေးပုတ်နေရင်း ဟိုဟိုဒီဒီအကြောင်းရင်းများစွာ တွေးမိသည်။ သူသည် အသက်ရှင်ဖို့ ကြိုးစားဖို့မလိုတော့သည့်သူမို့ များစွာသောအကြောင်းရာများပို ဆင်ခြင်သုံးသပ်မိသည်။

PAST PRESENT FUTURE Where stories live. Discover now