Chapter (17)

60 12 0
                                    

Present

စောဟန်မင်းမောင်သည် ဆေးရုံကဆင်းသည်နှင့်သော့်ကိုသွားရှာဖို့ အသင့်ပြင်သည်။ သူသည်ဦးထုပ်အမဲတစ်လုံးကိုသေချာဆောင်းပြီး ပြင်ဆင်ထားသည်။ မန်နေဂျာအစ်ကိုဇေသူသည် သူ့ကိုပစ္စည်းများ ကူသိမ်းပေးနေသည်။

"မင်းမောင် မင်းပြန်သတိရလာတဲ့အကြောင်းကို စာတော့တင်ပြီးပြီ fanတွေကအားလုံးဝမ်းသာအားရ ကြိုဆိုနေကြတာ"

အစ်ကိုဇေသူပြောသည့်စကားများကို မင်းမောင်နားမဝင်။ သူသည်အတွေးများက တစ်ခုနှင့်တစ်ခုဆက်စပ်ကြည့်မိနေပြီး ရှင်းလေရှုပ်လေဖြစ်နေရသည်။ သူကမူလအခြေအနေကိုပြန်ရောက်လာတာမှန်ပေမဲ့ ပြောင်းလဲမှုတွေရှိနေသည်။

သော့်ကို သူကိုယ်တိုင်သွားရှာလိုက်လျှင် အရာအားလုံးရှင်းလင်းသွားလိမ့်မည်။

မင်းမောင်သည် ဆေးရုံဆင်းကိစ္စများလုပ်ပြီးစောင့်နေစဥ် TVအစီအစဥ်မှာကြေညာနေသော သတင်းကိုတွေ့လိုက်ရသည်။

"တစ်ခေတ်မှာတစ်ခါ ထွန်းပေါက်လာတဲ့စာရေးသူ စေလွှာ ဟာဒီကနေ့မှာပဲ ဆုံးပါးသွားပြီလို့သတင်းရရှိထားပါတယ်...အက်စီးဒန့်ကြောင့်ကိုမာဝင်နေရာကနေ တစ်လပြည့်တဲ့အချိန်မှာပဲ သေကြောင်းထုတ်ပြန်ခြင်းဖြစ်ပါတယ်။ စာရေးဆရာစေလွှာဟာ နောက်လလယ်မှာ စာပေထူးချွန်ဆုကိုယူရမှာဖြစ်ပါတယ် အခုဖြစ်ရပ်ဟာ စာပေလောကအတွက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ပြီး..."

TVအစီအစဥ်ကို ကြည့်နေကြသူများက လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ဆိုနေကြသည်ကို မင်းမောင်ကြားနေရသည်။

"အဲဒီစာရေးဆရာလည်း ဒီဆေးရုံမှာတက်တာပဲလေ...ဆရာဝန်တွေကအစတည်းက တစ်လပြီးရင်အသက်ရှူစက်ဖြုတ်မယ်လို့ ပြောထားတာ..."

သူနာပြုနှစ်ယောက်ဟာ TV screen ကိုကြည့်ပြီး တီးတိုးစကားဆိုနေကြသည်။

ထိုစကားကြောင့် စောဟန်မင်းမောင်သည် အရာအားလုံးရှင်းလင်းသွားတော့
သည်။ ရက်၃၀ပြီးလျှင် သေချာပေါက်သေရမည့်လူက စောဟန်မင်းမောင်မဟုတ်ဘဲ အဲဒီစာရေးဆရာပဲ။
ဝိညာဉ်ဘဝနှင့်ရှိနေတုန်း သူ့ကိုပြောတာဟု အထင်လွဲသွားပုံရသည်။

PAST PRESENT FUTURE Donde viven las historias. Descúbrelo ahora