1

3.1K 133 9
                                    

Unicode

ထယ်ယောင်းတစ်ယောက် မားမားဆီကခွင့်ပြုချက်ရသည်မို့သူငယ်ချင်းတွေနဲ့အပြင်ထွက်ကဲမည်လုပ်ထားပေမယ့်
အဖျက်မိုးကတော့သည်းကြီးမည်းကြီးကိုရွာနေတော့သည်
ထယ်ယောင်းတစ်ယောက်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ပြီး

''အမလေး သွားပါပြီ သွားပါပြီ
ငလူးမိုးသာဿနာဖျက်ပါကွာ ဟျောင့်တွေဘယ်လိုလုပ်မလဲ"

Yeonjunမှငိုတော့မတက်သောင်းကျန်းအော်နေတော့သည်

Yeonjun၊ဟျွန်းဂျင်နဲ့ ဂျီမင်းကလည်း
မနေ့ညကတည်းကထယ်ယောင်းအိမ်တွင်လာအိပ်သည်မို့
သူတို့သုံးယောက်စလုံးကင်မ်ထယ်ယောင်းအိမ်တွင်
သောင်တင်လို့နေတော့သည်

ဟျွန်းဂျင်ကတော့သီချင်းလေးဖွင့်ပြီး သူ့ရည်းစား
ဓာတ်ပုံကိုကြည့်ပြီးအလွမ်းသည်နေပြန်သည်

Yeonjun"ဟျွန်းဂျင်လင်တရူးမနေနဲ့ အမေကကောင်းစေချင်လို့ပညာတော်သင်လွှတ်လိုက်တာ လင်ပူမိပြီးKoreaပြန်လာရတယ်လို့"

"Yongbok‌ကငါ့ဆီလာခဲ့မယ်လို့ သေချာပေါက်ကတိပေးခဲ့တာ သူလာမှာကွ သူ့အဖေကမမိုက်ပါဘူးကွာကလေးကိုစာတွေဘဲဖိလုပ်ခိုင်းနေတာကွာငါ့ကလေးမှာငါနဲ့ဖုန်းပြောချိန်လေးတောင်မရှိရှာဘူး"

"ကလေးတယ့်ဟိုကဖြင့်deep voiceကြီးနဲ့ အသံအားဖြင့်ကြည့်မယ်ဆို ဟျွန်းဂျင်ကမှကလေးကလား"

ဂျီးမင်းကဝင်နောက်ပေမယ့်ဟျွန်းဂျင်ကအပြုံးမပျက်

Taehyung"Yeonjunပြောလည်းပြောချင်စရာဘဲလေ ဟုတ်လည်းဟုတ်တာကို ပြန်ရောက်တာဖြင့်၈လလောက်ရှိနေပြီဟိုကလာသေးတာကြထားပါထားပါ  လာပါဟျွန်းဂျင်ရာကူစဉ်းစားပေးပါအုံး မင်းကဉာဏ်ကောင်းတယ်လာလာ"

Hyunjinမှာမထချင်ထချင်နဲ့ထလာပြီး

"မိုးရွာတော့ဘာဖြစ်လည်း ငါ့ကားရှိနေတာဘဲကို
ငါမောင်းပို့ပါ့မယ် မင်းတို့ကဘယ်သွားချင်လို့လည်း''

Yeonjun"ဟာ မင်းစကားကိုလွယ်လွယ်မပြောနဲ့ မိုးရွာတော့ငါချောနေတာတချို့တွေမမြင်လိုက်မှာဆိုးရတယ်"

Jimin"မိုးကရှယ်ရွာနေတာလေ သရုပ်ပျက်ပါတယ်ကွာ မိုးတိတ်မှလစ်ကြတာပေါ့''

𝖬𝗒 𝖥𝗎𝗍𝗎𝗋𝖾 𝖧𝗎𝗌𝖻𝖺𝗇𝖽Where stories live. Discover now