2!

1.2K 74 14
                                    

Unicode

သူငယ်ချင်းလေးယောက်သား ဆိုးလ်မြို့ကိုပတ်ပြီးသောင်းကျန်းသုံးဖြုံးလို့ဝတော့ ည၈နာရီထိုးနေလေပြီ

Hyunjinကသူ့ကောင်လေးနဲ့ဖုန်းပြောနေပြီး
Jiminနဲ့Yeonjunကတော့ သောက်စားလာသည်မို့မှောက်နေလေပြီ Jiminကတော့တစ်ခွက်ထဲသောက်ကာမှောက်သွားပြီးYeonjunကတော့အတော်ကိုသောက်ထားသည်ဖြစ်သည်
Hyunjinကကားမောင်းရမည်မို့မသောက်သလိုTaehyungကလည်းသောက်တတ်သည့်သူမဟုတ်လို့သူတို့နှစ်ယောက်ကတော့မသောက်ကြ

"ဟမ် Babyတကယ်ပြောနေတာလား
ဟား sh*tပျော်လိုက်တာ ကိုယ်ခနနေရောက်မယ်
စောင့်နေပေး "

"ဘာလို့လဲ Hyunjin''

''ငါ့ဘေဘီ Koreaရောက်နေတယ်
သူမွေးနေ့လေ ငါတောင်ဟိုတစ်‌နေ့ကAustraliaကို‌မွေးနေ့လက်ဆောင် ပို့လိုက်သေးတယ်
တကယ်ဆိုမွေးနေ့ကမနေ့က ပါတီကဒီရောက်မှလုပ်တာထင်တယ် မင်းလိုက်ခဲ့ပါလား ဟိုနှစ်ကောင်ကမှောက်နေပြီ"

Hyunjinမှာစကားအရှည်ကြီးကိုမနားတမ်းရှင်းပြသည်

"အင်းပါသူများအတွဲကြားငါကတစ်ကိုယ်ထဲတောက်ပပေးရမှာပေါ့ လိုက်ခဲ့ပေးပါ့မယ် ဒီနှစ်ယောက်ကိုအရင်ငါ့အိမ်သွားပို့ရအောင်"

"အင်း''

...

တစ်ဖက်မှာလည်းYongbokမှာဟိုမျှော်ရဒီမျှော်ရဖြစ်နေသည်။

"ငါရောက်တာမမြင်နိုင်လောက်အောင်ဘယ်သူ့ကိုမျှော်နေတာလဲFelix"

Jungkook hyungကသူ့ကိုFelixလို့သာခေါ်လေ့ရှိပြီးYongbokဆိုသည့်နာမည်ကိုခေါ်သည်ကခက်ရှားရှားပင်

"ကျွန်တော်ကောင်လေး သူကကိုရီးယားလူမျိုးလေ
ကျောင်းတက်ရင်းတွေ့ကြတာ အခုကျွန်တော်ဒီမှာအပြီးနေတော့မှာ ဒီက‌ဖေဖေ့အလုပ်တွေဦးစီးပြီးလုပ်ဖို့"

"ကောင်လေး?"

"အင်း ကျွန်တော်ကgay"

ဂျောင်ကုတကယ်မထင်ထားခဲ့
သူ့ညီအရင်းလိုချစ်ရတယ့်Felixဟာ
လိင်တူချစ်ကြိုက်နေမည်မှန်း

"မအံ့ဩပါနဲ့"

"မအံ့ဩပါဘူး ရုတ်တရက်မလို့ သိပ်တော့မဆန်းပါဘူး''

𝖬𝗒 𝖥𝗎𝗍𝗎𝗋𝖾 𝖧𝗎𝗌𝖻𝖺𝗇𝖽Where stories live. Discover now