Part 16

366 48 24
                                    

Unicode

တုန်ခါနေသည့်ဖုန်းကြောင့် ဂျောင်ကုစိတ်ရှုပ်ရှုပ်ဖြင့် ရေမခြောက်သေးသည့်ဆံပင်တို့အားတချက်ခါရင်း ကောက်ကိုင်လိုက်သည်။

"ရား ဂျွန်ဂျောင်ကု!"

တစ်ဖက်ကအသံကစူးလွန်းလို့ နားနဲ့ဖုန်းကိုပင်ခွာလိုက်ရသည်။ဂျောင်ကုလည်းကြာရင်Daddyနဲ့ထယ်ယောင်းကြားမှာအရည်ပျော်ကိန်းရှိသည် အရမ်းအနိုင်ကျင့်တာဆိုတာ။

"ဟာ Daddyကျွန်တော်နားကန်းတော့မယ်"

"ချိန်းထားပြီး ဘာလို့မလာတာလဲ ထယ်ယောင်းကိုသွားခေါ်တာမဟုတ်လား ဘယ်နိုင်ငံရဲ့ဘယ်မြို့ကိုသွားခေါ်နေလို့နောက်တစ်နေ့ကူးတဲ့အထိရောက်မလာရတာလဲ"

"အာ...ကျွန်တော်တို့"

"သိပြီ ဂျောင်ကုငါသိသွားပြီ ဒီခွေးသားနဲ့ကတော့"

"ဟော Daddyကိုယ့်သားကိုယ်အဲ့လိုဆဲရလားဗျ ဒီနေ့လည် လာခဲ့မယ်ပြန်ချိန်းလိုက်ပါ"

Daddyကဖုန်းချသွားသည်၊ ဘာထင်သွားလည်းတော့ဂျောင်ကုလည်းမသိ။

"ဂျွန်..."

"အင်း အချစ်လေးနိုးပြီလား"

"ဘယ်နှနာရီရှိပြီလည်း"

ဂျောင်ကုညာဘက်လက်က Rolexနာရီကိုဟန်ပါပါတစ်ချက်ကြည့်လိုက်ရင်း လူယုတ်မာအပြုံးကိုပြုံးသည်။

"‌၁၁နာရီရှိပြီ ကောင်လေးရဲ့ ဆောတီးကွာ ကိုယ်ညကအချစ်ကြမ်းသွားတာ"

ဘုတ်!

မနေ့ညကမှလောလောလတ်လတ် လက်ထပ်ခွင့်တောင်း‌ထားတဲ့ ကြက်သွေးနီရောင် ကတ္တီပါဘူးလေးမှာတော့ ဂျောင်ကုခေါင်းနဲ့မိတ်ဆက်သွားပြီဖြစ်သည်။အာချောင်ခြင်းရဲ့အကျိုးလို့ပြောရမှာပါဘဲ။

"အားယိုယို အချစ်ကလေးကစိတ်ကြီးလိုက်တာဗျာ"

ထယ်ယောင်း ရေချိုးခန်းထဲဝင်ခါနီး ဂျောင်ကုခြေသလုံးကို နှစ်ချက်လိုက်ပိတ်ကန်လိုက်သေးကာ ပြီးမှရေချိုးခန်းထဲဝင်သွားသည်။

"ဟွန်း!မယူရသေးဘူး နှိပ်ဆက်နေပြီ"

"…"

"အသဲလေးရေမြန်မြန်ချိုးလိုက်ပါလား ကိုယ်ကိတ်ဝယ်ထားတယ်"

You've reached the end of published parts.

⏰ Last updated: Sep 28 ⏰

Add this story to your Library to get notified about new parts!

𝖬𝗒 𝖥𝗎𝗍𝗎𝗋𝖾 𝖧𝗎𝗌𝖻𝖺𝗇𝖽Where stories live. Discover now