3

1.1K 80 12
                                    

Unicode

ထယ်ယောင်းမျက်လုံးပွင့်တာနဲ့တွေ့လိုက်ရသမျှကအစိမ်းသက်သက်တွေကြီး အရင်ဆုံးအဖြူရောင်မျက်နှာကျက်
ပြီးတော့အိပ်ခန်းအကျယ်ကြီး ပြီးတော့ခပ်ပြင်းပြင်းရေမွှေးအနံ့
အဲ့ရေမွှေးအနံ့ကလည်းထယ်ယောင်းဝတ်ထားတယ့်ရှပ်အဖြူကပင်
တဖြေးဖြေးပြန်ပေါ်လာတယ့်ညကအဖြစ်အပျက်တွေ ရှက်ကြောပြတ်နေတယ့်မင်းသားနဲ့အိပ်လိုက်တာဘဲ ဒါပေမယ့်သူကပြန်ပို့ပေးမယ်လို့ပြောတယ်မလား အခုရောက်နေတာထယ်ယောင်းရဲ့အခန်းမှမဟုတ်ပါဘဲ။

"အော နိုးလာပြီဘဲ"

ခုနကရေမွှေးနံ့က ရှပ်ကြောပြတ်နေတယ့်မင်းသားဆီကဘဲ
ထယ့်ကိုအခုသူ့အင်္ကျီဝတ်ပေးထားခြင်း

"ခဗျားပြောတော့အိမ်ပြန်ပို့ပေးမယ်ဆို"

"မင်းငါ့ကိုလိပ်စာပြောလား ကောင်လေး?"

"အိပ်ပျော်သွားရင်လည်း ခဗျားနှိုးမှပေါ့ ဘယ့်နှယ့်သူ့အိမ်ခေါ်လာရတယ်လို့"

"ငါအိမ်မဟုတ်ဘူးကောင်လေး ကွန်ဒိုအခန်းကျဉ်းကျဉ်းလေးကိုမင်းရောက်နေတာ ငါ့အိမ်ကိုသာမင်းကိုခေါ်သွားရင်သေချာပေါက်အဖေငါ့ကိုဆဲမှာ"

"အခန်းကျဉ်းကျဉ်လေး? ဒါကျွန်တော့်အခန်း3ခန်းစာလောက်ရှိတယ်"

"ဗိုက်စာနေရောပေါ့ ရေအရင်ချိုးလိုက်ဗီရိုထဲကကြိုက်တယ့်အင်္ကျီယူဝတ်ပြီး ‌လာခဲ့"

"အိမ်ဘဲပြန်မယ်"

"Felixကနေတဆင့်မင်းသူငယ်ချင်းကိုပြောခိုင်းထားတယ် စိတ်မပူနဲ့ ရေချိုးတော့ စောင့်နေမယ်"

ပြောချင်ရာပြောပြီးထွက်သွားတာ အခန်းဝရောက်ကာမှ ဘာစားမလဲတယ့်လေ ထယ်အမြင်ကပ်ကပ်နဲ့ထိုမင်းအားကိုခေါင်းအုံးနဲ့ပြစ်ပေါက်တော့ ဖမ်းပြီးပြန်လာပေးသည် ပြီးတော့မျက်လုံးချင်းဆုံစေပြီးမေးသည်

"မင်းတကယ်ဆိုးတာပဲ ကောင်လေး
Cookieကြိုက်လား ဒါမှမဟုတ်နွားနို့ပူပူလေး?"

သူကမေးလည်းမေးမျက်နှာနားကပ်လာတာ မျက်နှာချင်းပူးကပ်တော့မတက်ဘဲ ထယ်လည်းအလန့်အကြားဖြင့်

𝖬𝗒 𝖥𝗎𝗍𝗎𝗋𝖾 𝖧𝗎𝗌𝖻𝖺𝗇𝖽Where stories live. Discover now