7

806 66 18
                                    

Unicode

နမ်းနေရင်းနဲ့ပင် အချိန်ကြာလာလေ ပို၍ရူးသွပ်စရာကောင်းလာလေ ဖြင့်သူတို့နှစ်ယောက်၏အနမ်းယဉ်ကြောသည် အတော်နှင့်ပင်မရပ်တန့်တော့ ဂျောင်ကု လက်တို့ဟာ ထယ်ယောင်း၏ခါးသွယ်သွယ်၌ပွေ့ဖတ်ထားပြီး အတော်နှင့်မလွှတ်ပေးသေး

"အွန့်"

ထယ်ယောင်းမှအသက်ရှုကျပ်လာပြီဖြစ်ကာ လက်တို့ကလည်း ဂျောင်ကုရင်ဘတ်ကိုတွန်းထုတ်မိတော့မှ ထယ်ယောင်း၏အောက်နှုတ်ခမ်းအား တစ်ချက်ကိုက်ကာ လွှတ်ပေးသည်

ထိုမှ သူ့မှာအသက်ကိုဝ ဝရှုရတဲ့အဖြစ်

သူ့အရှေ့တွင် ရင်ဘတ်လေးကိုဖိကာ အသက်ကိုအလုအယှက်ရူ‌နေတယ့် ကောင်လေးကိုဂျောင်ကုအောက်နှုတ်ခမ်းကိုဖိကိုက်ရင်း အချစ်ရည်ရွှန်းလဲ့နေတယ့်မျက်လုံးတို့ဖြင့် ငေးမောနေမိသည်

ချစ်ဖို့ကောင်းလိုက်တာ...။

ငါထပ်နမ်းချင်သေးတယ် ဒါပေမယ့်ကောင်လေးမောနေတယ် ဘယ်လိုလုပ်ရမလဲ

ဆွဲနမ်းလိုက်ရမလား?

နှုတ်ခမ်းလေးရော လျှာဖျားလေးရော
Shit ငါတော့ရူးတော့မှာ

ဂျောင်ကု တစ်ယောက် ကိုယ်အတွေးနဲ့ကိုယ် ကမ္ဘာတွေပျက်လို့နေသလို ထယ်ယောင်းမှာလည်း ခေါင်းငုံ့ကာအရှက်သည်းနေသည်မှာ မျက်နှာပင်ဖော်မလာတော့

ရား...ကင်မ်ထယ်ယောင်း ရှက်ကြောပြတ်နေတယ့်မင်းသားနဲ့အနေနီးပြီး မင်းပါအရှက်မရှိတော့တာလား ဘာကိစ္စထပ်နမ်းပေးပါဦး လို့သွားပြောလိုက်တာပါလိမ့်

အား! ငါမျက်နှာ ဘယ်နားသွားထားရပါ့မလည်း

လည်ပင်းမှာလည်းအညိုကွက်တွေက ဟိုတကွက်ဒီတကွက် အိုက်ယား ရှက်လိုက်တာ ရှက်လိုက်တာ

"ကောင်လေး..."

"ဟင်"

ဂျောင်ကုကခေါ်လာတာမို့ယောင်နန ဖြင့်ထူးမိလိုက်သေးသည်

"ကိုယ်တို့တွဲကြမလား"

ထယ်ယောင်းမှာ မျက်ဝန်းတို့ပြူးကျယ်သွားရပြီး မော့ကြည့်လျှင် ဂျောင်ကုကလည်းသူ့အား ရစ်မူးဖွယ်အကြည့်တို့ဖြင့်ကြည့်နေခဲ့သည်

𝖬𝗒 𝖥𝗎𝗍𝗎𝗋𝖾 𝖧𝗎𝗌𝖻𝖺𝗇𝖽Where stories live. Discover now